မီနီဘတ်စ်က ဝင်တိုက်၍ ဆိုင်ကယ်နှစ်စီးကို မောင်းနှင်လာသူနှစ်ဦးစလုံး သေဆုံး

 ရန်ကုန်-ပဲခူးမြို့ရှောင် လမ်းအနီးတွင် မီနီဘတ်စ်က ဆိုင်ကယ်နှစ်စီးကို ဝင်တိုက်ရာ ဆိုင်ကယ် မောင်းနှင်လာသူနှစ်ဦး နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ သည်။

ရန်ကုန်-ပဲခူး ပြေးဆွဲနေ သည့် မီနီဘတ်စ် အမှတ် (၆) ယာဉ်သည် ပဲခူးမှ ထောက်ကြန့် ဘက်သို့အသွား မြို့ရှောင်လမ်းမှ ထွက်လာသည့် ဆိုင်ကယ်ကို ဝင် တိုက်မိပြီးနောက် အခြားဆိုင် ကယ်တစ်စီးပါ ထပ်မံတိုက်မိခဲ့ ကြောင်း ပုလဲအရန် မီးသတ်တပ် ဖွဲ့ဝင် ကိုထင်လင်းအောင်က ပြောသည်။

‘‘ကားက ပထမဆိုင်ကယ် ကို တိုက်ပြီး လည်ထွက်သွားတယ် ပြောတယ်။ တစ်ဖက်လမ်းကလာ တဲ့ ဆိုင်ကယ်ကို ထပ်ပြီးတိုက်မိ တယ်လို့မြင်တဲ့သူတွေက ပြော တယ်’’ဟု ၎င်းက ပြောသည်။

နိုဝင်ဘာ ၇ ရက် နံနက် ၇ နာရီကျော်တွင် ထောက်ကြန့်မြို့ နယ်၌ ဖြစ်ပွားသည့် အဆိုပါယာဉ် တိုက်မှုကြောင့် သေဆုံးသူ အမျိုးသား နှစ်ဦး၏နေရပ်လိပ်စာကို စုံစမ်းနေကြောင်း မြောက်ပိုင်းခရိုင်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

‘‘သေသွားတဲ့ နှစ်ယောက် မှာ တစ်ယောက်ကတော့ ဆောက်လုပ်ရေး လုပ်သားကတ်တစ်ခု တော့ ပါတယ်။ ကျန်တစ်ယောက် ကတော့ ဘာမှပါမလာဘူး’’ဟု ၎င်းက ပြောသည်။

ထို့ကြောင့် အသက် (၄၀) ကျော်အရွယ်ရှိ ယာဉ်မောင်းအမျိုးသားကို မင်္ဂလာဒုံရဲစခန်းက ယာဉ် မဆင်မခြင်မောင်းနှင်မှုဖြင့် အမှု ဖွင့်ဖမ်းဆီးထားသည်။