ANA လေကြောင်းလိုင်းအား ပျံသန်းရေးလိုင်စင် မထုတ်ပေးခြင်းနှင့်ပတ်သက်၍ ကုမ္ပဏီဘက်က လိုအပ်ချက်ကြောင့်ဟု မြန်မာအစိုးရ တာဝန်ရှိသူရှင်း

ဂျပန် ANA လေကြောင်း လိုင်း၏ လေကြောင်းပျံသန်းခွင့် လက်မှတ် (AOC)ကို မထုတ်ပေး ခြင်းသည် ကုမ္ပဏီဘက်မှ တင်ပြမှု လိုအပ်ချက်ကြောင့်သာဖြစ် ကြောင်း ပို့ဆောင်ရေးနှင့် ဆက် သွယ်ရေးဝန်ကြီးဌာန လက် ထောက်အတွင်းဝန်က ပြော သည်။

‘‘လေကြောင်းပျံသန်းခွင့် လက်မှတ်အတွက် ပျံသန်းမယ့် လေယာဉ်တွေ၊ ရုံးတွေက ဘယ် လိုလုပ်ရမယ်ဆိုတာ လေကြောင်း ဦးစီးကို တင်ရတယ်။ ပြည့်စုံစွာ တင်ရင် လေကြောင်းဦးစီးက ထုတ်ပေးတယ်။ MIC ပါမစ် တောင်ကျပြီးသားကို လေကြောင်းဦးစီးက မထုတ်ပေးနိုင်ဘူးဆိုတာ မဟုတ်ဘူးနော်။ တစ်ခုခု အမြင် လွဲနေတာ။ အဖြေက မဟုတ်ဘူး။ ရွှေသံလွင်နဲ့ ဂျပန်က ကုမ္ပဏီ ကြားမှာ ကြာတာတွေ ဘာရှိမှန်း မသိဘူး’’ဟု လက်ထောက်အ တွင်းဝန်က ပြောသည်။

ဂျပန်လေကြောင်းလိုင်း ANA နှင့် ရွှေသံလွင် ကုမ္ပဏီအုပ် စုမှ GOLDEN SKY WORLD ကုမ္ပဏီတို့ ပူးပေါင်း၍ Asia Blue ကုမ္ပဏီအဖြစ် ဖက်စပ်တည် ထောင်ရန် ရင်းနှီးမြှုပ်နှံမှုကော် မရှင်က ခွင့်ပြုမိန့်ထုတ်ပေးထား ပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် အဆိုပါ Asia Blue ကုမ္ပဏီအား လေကြောင်း လိုင်းတည်ထောင်ခွင့်ကိုလည်း ၂၀၁၆ ဒီဇင်ဘာတွင် ထုတ်ပေးခဲ့ သည်။ သို့သော် ထိုခွင့်ပြုချက်ကို Asia Blue ကုမ္ပဏီက ပြန်လည် အပ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ လက်ထောက်အတွင်းဝန်က ဆို သည်။ ထိုသို့ ပြန်အပ်ခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ဝန် ကြီးဌာနမှတစ်ဆင့် အောက်တို ဘာ နောက်ဆုံးပတ်တွင် ပြန်လည် သိမ်းယူခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

လေကြောင်းပျံသန်းရေး လိုင်စင် (AOC) လျှောက်ထားမှု ကို မြန်မာအာဏာပိုင်များက ပယ် ချခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် ဖက်စပ်လုပ်ငန်းတစ်ခု ထူထောင် မည့် အစီအစဉ်ကို ရပ်တန့်ခဲ့သည် ဟု ဂျပန်နိုင်ငံမှ ANA လေကြောင်းကုမ္ပဏီက ပြောကြားကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြ ထားသည်။

‘‘ကျွန်တော်တို့ အကြောင်းပြ ချက်ရှာမရပါဘူး’’ဟု လိုင်စင် ထုတ်ပေးရန် မြန်မာအစိုးရ၏ ငြင်းဆန်မှုနှင့်ပတ်သက်၍ ANA မြန်မာကိုယ်စားလှယ် ဆမ်မီအာ ရာမာကီက ရိုက်တာသို့ ပြောကြားထားသည်။

ANA လေကြောင်းလိုင်း၏ မြန်မာနိုင်ငံ လုပ်ငန်းများကို ပုံမှန် အတိုင်း ဆက်လက်လုပ်ဆောင် မည်ဟုလည်း   ၎င်းက   ဆက် လက်ပြောကြားသည်။ မြန်မာအ ရပ်ဘက် လေကြောင်းဌာန ပြော ရေးဆိုခွင့်ရှိသူက ANA ၏ AOC လျှောက်ထားမှုကို     ပယ်ချခဲ့ ကြောင်း ပြောကြားသော်လည်း အသေးစိတ်မပြောကြားဟု ရိုက် တာက ဖော်ပြထားသည်။

Asia Blue သည် မြန်မာ နိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ANA ၏ ဒုတိယမြောက် ကြိုးစားမှုဖြစ် သည်။ ၂၀၁၄ က Asia Wings Airways ၌ ၄၉ ရာခိုင်နှုန်းရယူရန် ကြိုးစားသော်လည်း ပြိုင်ဆိုင်မှု များပြားလာခြင်းက ရင်းနှီးမြှုပ်နှံမှု အတွက် အန္တရာယ်ကြီးသည်ဟု ဆုံးဖြတ်ကာ ယင်းအစီအစဉ်ကို ပယ်ဖျက်ခဲ့သည်။