သရုပ်ဆောင် ရဲတိုက် ယခုလအတွင်း အမှန်တကယ်လွတ်မြောက်တော့မည်

၂၀၁၄ခုနှစ် စက်တင်ဘာလက သရုပ်ဆောင်ရဲတိုက်ကို ရုံးထုတ်လာစဉ် (ဓာတ်ပုံ−ကျော်ဇင်သန်း)

 ပြစ်ဒဏ်မှ လွတ်မြောက်မည်ဟု ကောလာဟလများ မကြာခဏထွက်ပေါ်လေ့ရှိသည့် သရုပ် ဆောင်ရဲတိုက်သည် ယခုလအ တွင်း အမှန်တကယ်လွတ်မြောက် တော့မည်ဟု ဒါရိုက်တာရီဇော်က ပြောသည်။

‘‘၁၄ ရက်နေ့ လွတ်မယ်ဆို တာကတော့ လျှောက်ပြောနေကြ တာပါ။ အဲဒီလိုလည်း မကြားပါ ဘူး။ ဒီလထဲမှာ တတိယပတ် ဒါမှ မဟုတ် နောက်ဆုံးပတ်လောက် လွတ်မယ်။ ရက်တော့ သေချာမသိသေးဘူး’’ဟု ၎င်းက ပြောသည်။

ရဲတိုက်သည် လက်ရှိတွင် တောင်ငူထောင်၌ ပြစ်ဒဏ်ကျခံနေရပြီး ကျန်းမာရေး ကောင်းမွန်ကြောင်း ဒါရိုက်တာရီဇော်က ပြောသည်။

‘‘လွန်ခဲ့တဲ့ တစ်လလောက် တုန်းကတော့ သူစိတ်လှုပ်ရှား တယ်။ လွတ်ခါနီးပြီဆိုတော့။ ဒီဘက်နောက်ပိုင်းကျတော့ အေးအေးဆေးဆေးပြန်ဖြစ်သွား တယ်။ လူက ပြည့်ပြည့်ဖြိုးဖြိုးပဲ။ အသံ လည်း ကြည်နေတာပဲ။ လန်းနေ တယ်။ ထွက်လာရင်လည်း လန်း လန်းဆန်းဆန်းနဲ့ ထွက်လာမယ် ထင်တယ်’’ဟု အောက်တိုဘာလ ကုန်ပိုင်းက ရဲတိုက်ထံ ထောင် ၀င်စာသွားရောက်တွေ့ဆုံသည့် အခြေအနေကို ဒါရိုက်တာ ရီဇော် က ပြောသည်။

ရဲတိုက်သည် ၂၀၁၃ ဇူလိုင် ၂၅ ရက်က ဆေးခြောက်အနည်း ငယ်လက်ဝယ်တွေ့ရှိမှုဖြင့် အ လုပ်ကြမ်းနှင့် ထောင်ဒဏ် ခြောက်နှစ်ချမှတ်ခံရသည်။ ယင်းအမိန့် ကို အယူခံဝင်ရာ တစ်နှစ်လျှော့ ပေးပြီး ထောင်ဒဏ် ငါးနှစ်ချမှတ် ခဲ့သည်။ ထို့အပြင် ဘုရားကျောင်း ၀င်းအတွင်း ၀င်ရောက်၍ ရုန်း ရင်းဆန်ခတ်ဖြစ်ပွားရာ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာ၌ ဗိုလ်တ ထောင်မြို့နယ်တရားရုံးက ဘာ သာသာသနာညှိုးနွမ်းစေမှုဖြင့် ထောင်ဒဏ်  တစ်နှစ်ချမှတ်ခဲ့ သည်။ ထို့ကြောင့် ၎င်းသည် အမှုနှစ်မှုပေါင်းဖြင့် ထောင်ဒဏ် ခြောက်နှစ်ကျခံနေရသည်။

‘‘ကြိုစီစဉ်ထားတာတွေတော့ရှိပါတယ်။ ချက်ချင်းတော့ မရိုက် သေးဘူး။ တစ်လ၊ နှစ်လလောက် နားပြီးမှ အေးအေးဆေးဆေးရိုက် မယ်။ အရမ်းအလောတကြီးနဲ့ မစီ စဉ်ဘူး’’ဟု ဒါရိုက်တာ ရီဇော်က ရဲတိုက်ပြန်လည်လွတ်မြောက် လာပါက ဆက်လက်ဆောင်ရွက် မည့် အနုပညာလုပ်ငန်းများနှင့် ပတ်သက်၍ ပြောသည်။

ရဲတိုက်ပြစ်ဒဏ်ကျခံနေရ သည့် အချိန်အတွင်း လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွတ်မြောက်လာ သည်ဟု ကောလာဟလများထွက် ပေါ်လေ့ရှိသော်လည်း ရဲတိုက်မှာ ပြစ်ဒဏ်ကျခံရသည့်အချိန် ပြည့် မြောက်သောကြောင့်သာ မကြာမီ ပြန်လည်လွတ်မြောက်လာမည် ဖြစ်သည်။