NCA လက်မှတ်ထိုးရေး ညှိနှိုင်းပွဲသို့ အပစ်ရပ်ရှစ်ဖွဲ့အား ဖိတ်ကြားထား

အစိုးရနှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒ ရယ်ကောင်စီ (UNFC) တို့၏ တစ် နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(NCA) လက် မှတ်ရေးထိုးရေးညှိနှိုင်းမှု ဆွေးနွေး

ပွဲသို့ NCA လက်မှတ်ရေးထိုးထား သည့် တိုင်းရင်းသား လက်နက် ကိုင်ရှစ်ဖွဲ့ကို လေ့လာသူအဖြစ် ဖိတ်ကြားထားကြောင်း နှစ်ဖက် ကိုယ်စားလှယ်များက ပြောကြားသည်။

အစိုးရ၏ ငြိမ်းချမ်းရေးကော် မရှင်(PC) နှင့် UNFC ၏ နိုင်ငံရေး ဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေးကိုယ် စားလှယ်အဖွဲ့(DPN) တို့သည် NCA လက်မှတ်ရေးထိုးနိုင်ရေး ညှိနှိုင်းနေသည်မှာ တစ်နှစ်ခွဲခန့် ရှိနေပြီဖြစ်ပြီး ယခုနိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်မည့် ရှစ်ကြိမ် မြောက်တရားဝင်ဆွေးနွေးပွဲ၌ အပြီးသတ်  သဘောတူနိုင်မည်ဟုနှစ်ဖက်စလုံးက  မျှော်လင့်ထားသည်။

NCA လက်မှတ်ရေးထိုး ရှစ်ဖွဲ့မှ တစ်ဖွဲ့လျှင် တစ်ဦးစီ၊ NCA  လက်မှတ်ရေးထိုးရှစ်ဖွဲ့ ထိပ်သီး ခေါင်းဆောင်များဖြင့် ဖွဲ့စည်း ထားသည့်ငြိမ်းချမ်းရေးလုပ်ငန်း စဉ် ဦးဆောင်အဖွဲ့ (PPST) မှ ကိုယ်စားလှယ်တစ်ဦး စုစုပေါင်း ကိုးဦးကို ဖိတ်ကြားရန် အစိုးရ နှင့် UNFC တို့အကြား သဘော တူထားကြောင်း UNFC ပြောရေး ဆိုခွင့်ရှိသူဦးထွန်းဇော်က ပြော သည်။

NCA လက်မှတ်ရေးထိုးရှစ် ဖွဲ့မှ ဦးမျိုးဝင်းကလည်း ‘‘လေ့လာ သူအနေနဲ့ တက်မှာ။ ဒါက အရေး ကြီးတဲ့ဖြစ်စဉ်တစ်ခုပဲ။ ဒီဖြစ်စဉ် က တိုင်းပြည်အတွက် အရေးကြီး တဲ့ဖြစ်စဉ်။ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့တွေ အားလုံးအတူ တကွ သွားနိုင်ဖို့အတွက် မျှော် လင့်ချက်တော့ ရှိတာပေါ့’’ ဟု ပြောသည်။

ယခုဆွေးနွေးပွဲသို့ နှလုံးခွဲ စိတ်ကုသမှု ခံယူထား၍ အနားယူ နေသည့် ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌလည်း တက်ရောက်နိုင်ဖွယ် ရှိကြောင်း UNFC ပြောရေးဆိုခွင့် ရှိသူ နိုင်အောင်မငေးက ပြော သည်။

ထို့ပြင် ယခုဆွေးနွေးပွဲသို့ NCA အရ ဖွဲ့စည်းထားသည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေး နွေးမှု ပူးတွဲကော်မတီ(UPDJC) နှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC) တို့မှ ကိုယ်စား လှယ်များ တက်ရောက်ရန် ဖိတ်ကြားထားသည်။