ပုဂံဘုရားပေါ်တက်၍ ဓာတ်ပုံရိုက်သော အမေရိကန်နိုင်ငံသူတစ်ဦး ပြုတ်ကျ

 ပုဂံရှေးဟောင်းမြို့ရှိ ၀တ္ထနတောဘုရားပေါ်သို့တက်၍ ဓာတ်ပုံရိုက်ကူးသော အမေရိကန် နိုင်ငံသူတစ်ဦး ပြုတ်ကျရာ ဦး ခေါင်းဒဏ်ရာ ပြင်းထန်စွာရရှိ၍ မန္တလေးမြို့ရှိ ဆေးရုံသို့ ပို့ဆောင် ခဲ့ကြောင်း ပုဂံရှေးဟောင်းသုတေ သနဦးစီးဌာ   ညွှန်ကြားရေးမှူး ဦးအောင်ကျော်ကျော်က နိုဝင်ဘာ၇ရက် ည ၇ နာရီခန့်တွင် ပြော သည်။

နိုဝင်ဘာ ၇ ရက် ညနေ ၄ နာရီခန့်တွင် အမေရိကန်နိုင်ငံသူ တစ်ဦးသည် ၀တ္ထနတောဘုရား ပေါ်တက်၍ ဓာတ်ပုံရိုက်ကူးစဉ် ပြုတ်ကျပြီး ယင်းသို့ ပြုတ်ကျမှုကြောင့် ယင်းဘုရားရှိ အရံစေတီငယ်တစ်ဆူ    ပျက်စီးခဲ့ကြောင်း ဦးအောင်ကျော်ကျော်က ပြော သည်။

‘‘ဦးခေါင်းထိတော့ ညောင် ဦးဆေးရုံမှာ အရေးပေါ်ကုရာက နေ ညနေ ၅ နာရီကျော်လောက် မှာပဲ မန္တလေးကိုလွှဲလိုက်ရတယ်’’ ၎င်းကဆက်လက်ပြောသည်။