ရုပ်ရှင်အကြိုခံစားခြင်း

အမည်ပေါက်နှင့် ကျူး

-ဒီနေ့ ရုပ်ရှင်အညွှန်းကဏ္ဍမှာ ကျူးကျော်တွေနဲ့ပတ်သက်ပြီး ရိုက်ကူးထားတဲ့ ဘဝ သရုပ် ဖော်ဇာတ်ကားတစ်ကားကို ညွှန်း လိုက်ပါတယ်။

ချမ်းသာက ကျူးကျော်ရပ် ကွက်မှာ နေထိုင်တာပါ။ အလုပ်ကလည်း ဆိုက်ကားနင်းပါ တယ်။။ ပတ္တမြားကလည်း ချမ်းသာတို့ ရပ်ကွက်ကပါပဲ။ သူကတော့ သူ့အဒေါ်နဲ့ အတူနေ တာပါ။ သူတို့ ကျူးကျော်ရပ်ကွက်မှာ နေတဲ့သူတွေက ကြုံရာကျပန်းအလုပ်လုပ်ကြရပါတယ်။ သူတို့အားလုံးမှာ ကောင်းတဲ့အ ချက်တစ်ခုကတော့ အားလုံးက စည်းစည်းလုံးလုံး နေတတ်ကြပြီး အလွန်ကူညီတတ်ကြပါတယ်။

ချမ်းသာနဲ့ ပတ္တမြားတို့ နှစ်ဦးက သူငယ်ချင်းတွေရဲ့ ဝန်းရံမှု ကြောင့် ချစ်သူတွေဖြစ်လာပြီး ပတ္တမြားအဒေါ်ရဲ့ ခွင့်ပြုချက်နဲ့ အကြင်လင်မယားဘဝကို ရောက်ခဲ့ပါတယ်။ မပြည့်စုံမှုတွေရှိပေ မယ့် သူတို့နှစ်ယောက်ကတော့ တစ်ယောက်နဲ့ တစ်ယောက် အလွန်ချစ်တာကြောင့် ဘဝလေး က သာယာပြည့်စုံပါတယ်။ တစ် ရက်မှာ သူတို့ရပ်ကွက်ကို မင်းသမီးဆိုတဲ့ အမျိုးသမီးတစ်ယောက် ရောက်လာပါတယ်။

အဲဒီကောင်မလေးက စိတ် မူမမှန်ပါဘူး။ မင်းသမီးက ချမ်းသာတို့ အိမ်ကိုဆိုက်ဆိုက်မြိုက် မြိုက်ကို ရောက်လာခဲ့တာပါ။ နောက်ပြီး သူ့မှာ ကိုယ်ဝန်လွယ်ထားရပါတယ်။ အဲဒါကြောင့် ချမ်းသာတို့ လင်မယားကပဲ မင်းသမီးကို စောင့်ရှောက်ခဲ့ပါတယ်။

မင်းသမီးက ချမ်းသာတို့ ရပ်ကွက်မှာပဲ သူ့ရင်သွေးလေးကို မွေးဖွားပြီး သေဆုံးသွားပါတယ်။ အဲဒါကြောင့် ချမ်းသာနဲ့ ပတ္တမြား တို့ လင်မယားက ကလေးတစ် ယောက် အဖတ်တင်သွားပါ တယ်။ နောက်ပြီး ရပ်ကွက်ထဲက လူတွေ အကုန်လုံးက အဲဒီကလေး လေးကို ချမ်းသာတို့တင်မဟုတ် ဘဲ သူတို့လည်း ဝိုင်းပြီး စောင့် ရှောက်ကြမယ်လို့ ပြောခဲ့ပါ တယ်။ ကလေးလေးကို လပြည့်ညမှာ မွေးဖွားတာကြောင့် လပြည့် လို့ အမည်ပေးခဲ့ပါတယ်။

အဲဒီလိုနဲ့ လပြည့်ကျောင်း တက်တဲ့အရွယ်ကို ရောက်လာပါ တယ်။ ချမ်းသာတို့ကလည်း ကလေး ထပ်မယူတာကြောင့် လပြည့်ကို သဲသဲလှုပ်ပါပဲ။ နောက်ပြီး သူတို့ရပ်ကွက်သူ ရပ်ကွက် သားတွေအားလုံး စုပေါင်းပြီး လပြည့်ကို ရှင်ပြုပေးကြပါတယ်။ အဲဒီနေ့မှာ တိုက်တိုက်ဆိုင်ဆိုင် သူတို့ရဲ့ ကျူးကျော်ရပ်ကွက်နေ ရာက ပိုင်ရှင်ဆိုတဲ့ လူပေါ်လာပြီး သူတို့ကိုနေရာဖယ်ပေးဖို့ ပြောခဲ့ ပါတယ်။

ချမ်းသာတို့ ကျူးကျော်ရပ် ကွက်နေရာရဲ့ ပိုင်ရှင်က ဦးဘဟိန်းပါ။ ဦးဘဟိန်းက ခရိုနီလုပ်ငန်းရှင်တစ်ဦးပါ။ အထက်က လူ ကြီးတွေကို ပိုင်အောင်ပေါင်းပြီး လုပ်စားနေတဲ့သူပါ။

ကျူးကျော်ရပ်ကွက်မှာ နေထိုင်ပေမယ့် ညီညွတ်ကြတဲ့ ချမ်းသာတို့နဲ့ ဦးဘဟိန်း ဘယ်လိုထိပ်တိုက်တွေ့ မလဲ ဆိုတာကိုတော့ နိုဝင်ဘာ ၁၀ ရက်နေ့ကစပြီး ရန်ကုန်၊ မန္တလေး အပါအဝင် ရုပ်ရှင်ရုံတွေမှာ တစ်ပြိုင်တည်း ရုံတင်ပြသမယ့် ‘အမည်ပေါက်နှင့်ကျူး’ ရုပ်ရှင်ဇာတ်ကားမှာ ဆက်လက်ရှုစားပေးပါ။

ဒီဇာတ်ကားမှာ ချမ်းသာအဖြစ်မြင့်မြတ်၊ ဦးဘဟိန်းအဖြစ် ဇင်ဝိုင်း၊ ပတ္တမြားအဖြစ် အိချောပိုတို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇေယျာနဲ့ ကိုငယ်လေးတို့ ရဲ့ ဇာတ်လမ်းကို မြမြင့်မိုရ်နဲ့ နေစိုးသော်တို့က ဇာတ်ညွှန်းရေးပေးထားပြီး ဒါရိုက်တာဇော်မျိုးက ရိုက်ကူးပုံဖော်ထားပါတယ်။

Top News