အတွေးအမြင် အမှတ်(၃၀၄) ၂၀၁၇ နိုဝင်ဘာ

 ဒေါင်းစာပေက ၂၀၁၇ နိုဝင်ဘာလထုတ် အတွေးအမြင်စာစဉ် အမှတ်(၃၀၄) ထုတ်ဝေလာပါ သည်။ စတင်ထုတ်ဝေချိန်မှ နှစ်ပေါင်း ၃၀ ကျော်တည်တံ့ခဲ့သော အတွေးအမြင်သည် ယခုအခါစာနယ်ဇင်းလောက၌ ၀င့်ဝင့်ထည်ထည် ရပ်တည်နိုင်ပြီဖြစ်သည်။ မဂ္ဂဇင်းယဉ်ကျေးမှုမျက်နှာစာ ပြိုကျခဲ့သော်လည်း ထိုအထဲတွင် အတွေးအမြင်မပါ။ အတွေးအမြင်သည် ဣနြေ္ဒရရ၊ ဂုဏ်သိက္ခာရှိရှိ ကလောင်အင်အားတောင့်တင်းစွာဖြင့် ပေါ်ထွက်လာမြဲဖြစ်သည်။ 


ယခုအသစ်ထွက်လာသော အတွေးအမြင်တွင် ရေးနေကျ ပင်တိုင်ဆောင်းပါးရှင်များ၏ စာကောင်း၊ ပေကောင်းများပါဝင်သလို ပြောက်ကျားစာရေးဆရာ အချို့၏ ဆောင်းပါးများလည်း ပါဝင်လာသည်။ ဆရာကြီးဦးသော်ကောင်း၏ အပတ်စဉ်ဆောင်းပါး ရှည်ဖြစ်သော ‘နှစ်ဆယ်ရာစု မြန်မာ့လူမှုဘ၀အပေါ် မြန်မာဝတ္ထုတိုများ၏ထင်ဟပ်ချက် တစေ့တစောင်း-၂’ တွင် လွတ်လပ်ရေးရပြီး စာနယ်ဇင်းများ၌ ဖော်ပြခဲ့သောဝတ္ထုတိုများအနက် မင်းသုဝဏ်၏ ‘သူ့နိဗ္ဗာန်’၊ တက္ကသိုလ်မြစိမ်း၏ ‘မိုးရွာသောညများ’၊ သိန်းဖေမြင့် ၏ ‘တတိယတန်းမှာ တစ်နေရာ’၊ ခင်နှင်းယု၏ ‘ခံပွင့်’၊ ‘မျှော်လင့်လို့ဖြင့် မဆုံးနိုင်တယ်’၊ မြို့မမောင် ၏ ‘သတင်းစာအယ်ဒီတာဘ၀’၊ ‘စစ်မုန်တိုင်းထဲက သတင်းစာဆရာ’၊ မင်းရှင်၏ ‘တောသူ’၊ ‘သားကြီး စစ်ပြန်’၊ သော်တာဆွေ၏ ‘လူလူချင်း ကိုက်စား နေကြသည်’အစရှိသည့် ၀တ္ထုတိုများသည် မြန်မာ့လူမှုဘ၀အပေါ် မည်သို့သက်ရောက်ရိုက်ခတ်နေ ကြောင်း သုတေသနပြုရေးထားသည်။ (ဒေါက်တာ)

တိုးလှ၏ ‘ဗဒုံမင်းနှင့်ပြက္ခဒိန်ပြဿနာ-၃’သည်လည်း အမှတ်စဉ်အလိုက် ဖော်ပြနေသော သုတေသနစာ တမ်းတစ်ခုဖြစ်သည်။ ပြင်သစ်စစ်ဗိုလ်ချုပ်လာဖေး ယက် (၁၇၅၇-၁၈၃၄)၏ ဘ၀အကြောင်းကို ဒေါက် တာ ခင်မောင်ဝင်း(သင်္ချာ)က ‘တော်လှန်ရေးသမား တစ်ဦး၏ ဘ၀မှတ်တိုင်များ’ ဟူ၍ အကျဉ်းချုံးရေး ထားသည်။ တောင်လေသုတ်ဖြူး လဆန်ခူး၊ နယုန် ရေရူး ရေဦးရေလွင်၊ ရေလျှံတဲ့ဝါဆို၊ ရင်းမာထုံသင်း တော်သလင်း၊ ရတုသာတုန်း တန်ဆောင်မုန်း၊ သဇင် ပွင့်ပေါ် လနတ်တော်၊ မြင်းခင်းကျင်းပပြာသိုလ အစ ရှိသည့် ဆယ့်နှစ်ရာသီအကြောင်းကို ဆရာကြီးမင်း သုဝဏ်က မည်သို့မည်ပုံရေးခဲ့ကြောင်း လှမြင့်(ရန် ကုန်တက္ကသိုလ်)က မိတ်ဆက်ရေးထားသည်။ ကို သန်းလွင်၏ ‘အိန္ဒိယမှ နာမည်ပြဿနာ’တွင် အိန္ဒိယ နိုင်ငံရှိ မြို့ကြီးများ နာမည်ပြောင်းလဲပုံအဆင့်ဆင့် ရေးထားသည်။  ယနေ့ခေတ်စာပေဟောပြောပွဲများနှင့် ပတ်သက်၍ သန်းထွန်း(စကု)၏ ‘လွမ်းမောခဲ့ရသည့် စာပေဟောပြောပွဲများ’တွင် ‘ယခင်တုန်းက စာရေး ဆရာကြီးများသည် ဟောရေးပြောရေးလောက်ပဲ အဓိကထားကြသည်။ အခကြေးငွေကိစ္စမှာ မိမိတို့သိက္ခာပွန်းရှစေနိုင်သည်ဟု နှလုံးပိုက်နိုင်သူများဖြစ်ကြသည်။ နယ်ဟောပြောပွဲလိုက်ရခြင်း၏ အကျိုးအမြတ်မှာ ဒေသန္တရဗဟုသုတတိုးပွားခြင်းဟု မှတ်ယူသည်။ ညအိပ်ညဥ့်နေကြသဖြင့်လည်း ဒေသအ ကြောင်းအရာများကို ပိုမိုသိခွင့်ရကြသည်။ နယ်အ တွေ့အကြုံ၊ ဟောပြောပွဲအတွေ့အကြုံများကို စာ ပေဖြင့် မှတ်တမ်းတင်တတ်ကြသည်။

.....ယနေ့တွင်တော့ ဤအစဉ်အလာကောင်းများ ကွယ်ပျောက်ခဲ့လေပြီ။ စာရေးဆရာများကလည်း ပင့်ဆောင်လာသည့် ကားဖြင့်ပင် ညတွင်းချင်း ပြန် လည်ထွက်ခွာကြသဖြင့် Hit and Run သဘောမျိုး ဖြစ်နေပြီး နယ်ခံ(သို့မဟုတ်)ကော်မတီနှင့်ပင် စိမ်းနေ သည့်သဘောမျိုး ဆောင်နေခဲ့ပြီ။ ရေးသူ၊ ဖတ်သူ ဆွေးနွေးပွဲမျိုး မမျှော်လင့်နှင့်တော့။ ခပ်ရိုင်းရိုင်းပြော ရလျှင် ဖြေတတ်သူမရှိသလို မေးတတ်သူလည်း မရှိ တော့ပါ’ ဟု ရေးထားသည်။ ထို့အတူ နော်(ကျောက် တိုင်)၏ ‘ပဲပြုတ်နဲ့ နံပြား ခုချက်ချင်းရပ်’ဆောင်းပါးတွင် စာရေးဆရာတစ်ဦး ဟောပြောပွဲစင်မြင့်ထက်၌တင် ဆက်ပုံအကြောင်းကို ‘မျက်နှာနီနီ၊ မျက်ဝန်းရဲရဲတွေနဲ့ ဟိုအကြောင်း၊ ဒီအကြောင်း နိဒါန်းချီပြီး သီချင်းတွေ တစ်ပုဒ်ပြီးတစ်ပုဒ်ဆိုတာပဲ။ အရက်၊ ဘီယာအရှိန်နဲ့ တော်တော်ဆိုကောင်းပုံရတယ်။ ပွဲက စာပေဟော ပြောပွဲနဲ့ မတူဘူး။ ထရေ(ထန်းရည်)မူးတဲ့သန်းအောင် လယ်ကွင်းထဲ သီချင်းအော်ဆိုပုံမျိုးပေါက်နေတယ်။ သီချင်းလေးဆိုလိုက်၊ အဓိပ္ပာယ်လေးရှင်းလိုက်နဲ့ သူ့ကိုယ်သူ အတော်ဟုတ်နေပုံရတယ်။ နောက်ဆုံး တော့ ပဲပြုတ်နဲ့နံပြားရောက်ပြီး အာရှသူရဲကောင်းသီချင်းဟဲတော့တာပဲ’ ဟု ရေးထားသည်။ စာအုပ်ကို ၂,၀၀၀ ကျပ်ဖြင့် ဖြန့်ချိပါသည်။

Top News