ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် ပြည်ပတက္ကသိုလ် ပူးပေါင်း၍ ရန်ကုန်တွင် ငါး၊ ပုစွန် မွေးမြူရေးသင်တန်း ဖွင့်လှစ်

မွေးမြူရေးကန်အတွင်းရှိ ငါးများကို ဖော်ယူနေစဉ် ဓာတ်ပုံ − ကျော်ဇင်သန်း

ငါး၊ ပုစွန်မွေးမြူရေး ကဏ္ဍတွင် လိုအပ်နေသော လူသားအရင်းအမြစ်များ ဖြည့်ဆည်းနိုင်ရန် အသုံးချ ငါး၊ ပုစွန်မွေးမြူရေး သုံးလသင်တန်းကို ရန်ကုန်မြို့တွင် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က ဦးဆောင်ဖွင့်လှစ်နေသည်။


ရေလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရေး ရည်ရွယ်ပြီး အမေရိကန်အခြေစိုက် အရီဇိုးနားတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်တို့နှင့် ပူးပေါင်း၍ ငါးလုပ်ငန်းအဖွဲ့ချုပ်က ဦးဆောင်ပြီး ယင်းသင်တန်းကို အခမဲ့ဖွင့်လှစ်သည်။

 ‘‘တက္ကသိုလ်က ဘွဲ့ရပြီး တကယ်အလုပ်လုပ်နိုင်သူတွေကို သင်တန်းပြီးရင် အခြေခံလစာ လေးသိန်းနဲ့ ခန့်ပေးမယ့် စက်ရုံတွေလည်း အဆင်သင့်ရှိနေပါတယ်’’ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဌေးမြင့်က ပြောကြားသည်။

ယင်းသင်တန်းသည် အခြား သင်တန်းများကဲ့သို့  မဟုတ်ဘဲ သင်တန်းကာလအတွင်း တတ်မြောက်အောင် သင်ယူနိုင်ပါက များစွာ အကျိုးရှိကြောင်း ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောသည်။

လက်ရှိ သင်တန်းသား ၁၈၀ တွင် ဘွဲ့ရတစ်ဦးလျှင် တစ်လ ကျပ် ခြောက်သောင်း၊ ဘွဲ့မရသူ အားတစ်လကျပ်လေးသောင်းနှုန်း ဖြင့် ထောက်ပံ့ပေးထားသည်။

‘‘ကိုယ့်စရိတ်  ကိုယ်စားပြီး သင်တန်းတက်ရမယ်ဆိုရင် လူ တွေက ကြောက်ကြတယ်။ သင် တန်းကာလမှာ ငွေကုန်ကြေးကျ များပြီး စီးပွားရှာဖို့ မလွယ်လို့ပါ’’ ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

 အဆိုပါသင်တန်းကို နိုဝင် ဘာ ၅ ရက်က ဖွင့်ပွဲပြုလုပ်ခဲ့သော် လည်း သင်တန်းစတင်သည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်ကြောင်း ဦးဌေးမြင့်က ပြောသည်။

‘‘သင်တန်းတက်ဖို့ စလျှောက်တုန်းက လူတွေ့အင်တာဗျူးပဲ ဖြေရတယ်။ စာမေးပွဲစစ်တာမျိုး မရှိဘူး။ သင်တန်းက အဆင်ပြေပါတယ်’’ဟု သင်တန်းတက်ရောက်ခွင့်ရရှိထားသူ တစ်ဦးက ပြောကြားသည်။

More in Business & Pleasure Section

Top News