စတိတ်ကက်ပီတယ်လစ်ဇင်၊ ဘင်္ဂါလီဆိုးမွေပြဿနာ၊ဆန်ရှင်သစ်များ ကိစ္စနှင့် ပစ္စုပ္ပန်တည့်တည့်ကြည့်

စတိတ်ကက်ပီတယ်လစ် ဇင် (State Capi-talism)ကို တိုက်ရိုက် မြန်မာမှုပြုရပါက ‘နိုင်ငံတော်အရင်းရှင်စနစ်၊ ၀ါဒ’ ဖြစ်သည်။ အနက်ဖွင့်ရပါက စီးပွားရေးကို နိုင်ငံတော် (အစိုးရ)က ချုပ်ကိုင်ဦး ဆောင်လုပ်ကိုင်သည်ဟု အကျဉ်း ချုံ့အဓိပ္ပာယ်ထွက်လာပါ၏။ နိုင် ငံတော်ပိုင်လုပ်ငန်းများ (SOEs-State Own Enterprises) တို့နှင့် နိုင်ငံ့စီးပွားရေးကို မောင်းနှင်ခြင်း၊ ပင်မအင်ဂျင်ဒေါက်တိုင်အဖြစ် ထားရှိလည်ပတ်စေခြင်းဟုလည်း ဖွင့်ဆိုလေ့ရှိကြသည်။

ပြီးခဲ့သည့် ဆယ်စုနှစ် နှစ်စု ကျော်ကာလအတွင်း ဖွံ့ဖြိုးဆဲ နိုင်ငံအများအပြားအနေဖြင့် ‘‘လွတ်လပ်သော ဈေးကွက်အရင်းရှင် စနစ်’’ ပုံစံမှ ‘‘မော်ဒန်စတိတ်ကက် ပီတယ်လစ်ဇင်’’ (တစ်နည်း) ‘‘မော်ဒန်နိုင်ငံတော်အရင်းရှင်စနစ်’’ ပုံစံသို့ ကူးပြောင်းလာကြသည်။ ဤ ပုံစံသည် အစဉ်အလာနိုင်ငံတော် စီးပွားရေးစီမံကိန်းနှင့် လွတ်လပ် သော ဈေးကွက်ယှဉ်ပြိုင်မှုပုံစံအ ကြောင်းခြင်းရာများကို ပေါင်းစပ် ရောမွှေထားသည့် ခေတ်သစ်စီး ပွားရေးပုံစံတစ်ရပ် ဖြစ်လာသည် ဟု နိုင်ငံခြားဆက်ဆံရေးကောင်စီ (CFR-Council on Foreign Relations) ၏ လေ့လာချက်များ၊ အခြား Think Tank နှင့် အင်စတီ ကျုဒ်များစွာတို့၏ လေ့လာချက် များက ညွှန်းဆိုဖော်ထုတ်ပြလာ နေခဲ့ကြသည်။ များသောအားဖြင့် ယူအက်စ်အခြေစိုက်ပညာရှင်အ ဖွဲ့အစည်းကြီးများက ပြောကြခြင်းလည်း ဖြစ်၏။ အနောက်ဥရောပ ထိပ်သီး လစ်ဘရယ်ဒီမိုကရေစီ နိုင်ငံကြီးတွေမှလည်း ပြောတော့ ပြောလာကြသည် မှန်သော်ငြား ယူအက်စ်လောက်တော့ မများပါ။ ဂျာမနီ၊ အင်္ဂလန်၊ ပြင်သစ်တို့ အ ပြင် အတည်ငြိမ်ဆုံး လစ်ဘရယ် ဒီမိုကရေစီ နိုင်ငံများဖြစ်သည့် စတင်ဒီနေးဗီးယန်းနိုင်ငံများပါ ‘‘ဆိုရှယ်ဒီမိုကရေစီ’’ အယူအဆ ဘယ်လိုတိမ်းညွတ်လာနေခဲ့ကြ သောကြောင့်ဟု ယူဆပါသည်။ အယူအဆ (Concept) အဆင့်မှာ ပဲတော့ ရှိကြပါသေးသည်။

လွတ်လပ်သော ဈေးကွက် ဖရီးမားကက်အီကော်နော်မီ စီးပွားရေးဆိုသည်က အဒမ်စမစ် ၏ ‘‘တိုင်းနိုင်ငံတို့၏ ဓန’’ (Wealth of Nations) အယူအဆ (၁၈ ရာစု)ကတည်းက ပေါက်ဖွားလာ ခဲ့သော သဘောတရားဖြစ်ပြီး ဒုတိယကမ္ဘာစစ်အပြီးမှာမှ အကြီးအကျယ်မိုးပျံတောင်တက်ခဲ့တာ ဖြစ်၏။ ၂၁ ရာစုထဲဝင်ခါနီးတွင် တော့ ဂျွန်မေးနာ့ဒ်ကိန်း၏ ကိန်း  ၀ါဒစီးပွားရေးအယူအဆ (Keyn-esim) က ပိုအလုပ်ဖြစ်လာသလို လိုရှိလာ၏။ ချုပ်ပြောရလျှင် စီး ပွားရေးမှာ မမြင်ရသောလက် (Invisible Hand) ဈေးကွက်ကို သူ့ချည်းပဲ လွှတ်ထား၍မရ၊ လိုအပ်လျှင် နိုင်ငံတော်က (အစိုးရများက) ၀င်ထိန်းညှိရန်...ဆိုသောသဘောဖြစ်သည်။ အဒမ်စမစ်၏ လက်ဇေပိုင်းယား (Laissez-Faire) စီးပွားရေးမူဝါဒကို John Maynard Keynes ၏ သီအိုရီများ က မေးခွန်းအမြောက်အမြားထုတ် ပြလာခဲ့နေပါ၏။ အလဲထိုးသွား လိုက်ပြီဟုတောင် ပြောဆိုသူများ လာနေသည်။ ဒါတွေက ၂၁ ရာစု နှိုင်းရ နိုင်ငံရေးလည်း ဖြစ်၏။ နိုင်ငံရေးရာ စီးပွားရေးလည်း ဖြစ်၏။ (Comparative Politics and Political Economy of 21st Century) ဟု ဆိုကြပါသည်။

စတိတ်ကက်ပီတယ်လစ်ဇင် မှာ ပုံစံနှစ်မျိုးကျင့်သုံးကြောင်း တွေ့ရှိရ၏။

(၁) တရုတ်နှင့် ရုရှား - ကမ္ဘာ့ အဓိကအော်တိုကရေစီနှစ်နိုင်ငံ။ မေဂျာပါဝါကြီးများ။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အမြဲတမ်း အဖွဲ့ဝင် ငါးနိုင်ငံထဲပါ၏။ ထိုနှစ် နိုင်ငံကို The two big state capitalist authoritarians ဟု လည်း (အထူးသဖြင့် ယူအက်စ် က) တင်စားပြောဆိုသုံးနှုန်းလေ့ ရှိသည်။ CFR မှ အရှေ့တောင်အာ ရှရေးရာပညာရှင် ယောရှုဝါကာ လန်းဇစ် (Joshua Kurlanzick) အဆိုအရ ‘‘....အကျိုးစီးပွားကာ ကွယ်ရှေ့တန်းတင်မှု ပိုများသည်။ ဂလိုဘယ်လုံခြုံရေးနှင့် မျှဝေခံစား ရေးအတွက် ပိုအန္တရာယ်ကြီး သည်။ နိုင်ငံရေးလွတ်လပ်ခွင့်အ တွက် ပို၍ ခြိမ်းခြောက်နေသည်..’’  ဟု သိရပါ၏။ တရုတ်နှင့် ရုရှား တို့သည် ၎င်းတို့နိုင်ငံပိုင်ကုမ္ပဏီ (SOE) များကို အခြားနိုင်ငံများနှင့် ပဋိပက္ခတွေထဲရောက်ပါက လက်နက်သဖွယ်အသုံးချသည်။ သဘာဝအရင်းအမြစ်များကို ထိန်းချုပ် ရန်၊ ထိရှလွယ်နည်းပညာများကို ခိုးယူရန်၊ သဘာ၀၀န်းကျင်နှင့် လုပ်သားစံချိန်စံညွှန်းများဖောက် ဖျက်ရန် ၎င်းတို့၏ SOE များက အခြားနိုင်ငံများတွင်လုပ်ဖို့ ၀န်မ လေးကြ။ ယာဉ်ယန္တရားတွေ သဖွယ်ဖြစ်ကြပြီး ၀င်ရောက်ရင်း နှီးမြှုပ်နှံအမြတ်ထုတ်ကြသည်။ (ရည်ညွှန်း - State Capitalism : How the Return of Statism is Transforming the World by Joshua Kurlantzick. CFR. April 2016)။

(၂) နုပျိုဒီမိုကရေစီနိုင်ငံများ - (Young Democracies ဟု သုံး၏)။ ဤနိုင်ငံတွေအတွက် စတိတ် ကက်ပီတယ်လစ်ဇင်က ခေါင်း ဆောင်အနည်းငယ်လက်ထဲမှာပဲ ပါဝါအများအပြားထားရှိကြပြီး ဒီမိုကရေစီယဉ်ကျေးမှုနှင့် အင်စ တီကျူးရှင်းများ တည်ဆောက် ယူရေး၊ နောက်တစ်ဆင့်ခိုင်မာ အားကောင်းရေးဆောင်ရွက်သွား တတ်ကြ၏။ ဘရာဇီး၊ အိန္ဒိယ၊ အင်ဒိုနီးရှားတို့လို ဒီမိုကရေစီနိုင်ငံ များ ယနေ့အနေအထားရောက် လာအောင် စတိတ်ကက်ပီတယ် လစ်ဇင်ပုံစံဖြင့် ‘လာ’ခဲ့ကြရသည်။ စီးပွားရေးနိုင်ငံတော်စနစ် (Eco-nomic Statism) နှင့် နိုင်ငံရေး လွတ်လပ်မှုကို သေချာကျနထိန်း ညှိထိန်းကျောင်းယူနိုင်ခဲ့ကြ၍ လည်း ဖြစ်သည်။ ထိုင်း၊ တူရကီ၊ မလေးရှားတို့လို ဒီမိုကရေစီနည်း ပါးအားပျော့နိုင်ငံတချို့၌တော့ စတိတ်ကက်ပီတယ်လစ်ဇင် ကြောင့် နိုင်ငံရေးလွတ်လပ်မှုကို မမြှင့်တင်နိုင်ဟု အဆိုပါစာအုပ်၌ ပဲ ဖော်ပြထားပါ၏။ အထူးသဖြင့် ယူအက်စ်နှင့် ဆက်ဆံရေးတည် ငြိမ်စေရန်၊ မဟာဗျူဟာကျကျ ဖြစ်စေရန် မလွယ်ကူဟုလည်း ထပ်မံညွှန်းဆိုထားပါသည်။ ယူ အက်စ်ကိုလည်း နိုင်ငံတော်ထိန်း ချုပ် စီးပွားရေးနိုင်ငံများကို စောင့် ကြည့်ဖို့အားပေးထားပါ၏။ ဒီမိုက  ရက်တစ် စတိတ်ကက်ပီတယ် လစ်နိုင်ငံများကတော့ ခြိမ်းခြောက်ချက်သိပ်မရှိလှဟု ရုရှား၊ တရုတ် တို့နှင့်လည်း နှိုင်းယှဉ်ပြထားသည်။ ပေါ်လစီမိတ်ကာများအနေဖြင့် ဒီမိုကရေစီနှင့် အရပ်ဘက်လူ့အ ဖွဲ့အစည်းကို မြှင့်တင်ရေးဆန္ဒပြု ပိုင်းဖြတ်ထားပါက မဟာဗျူဟာ မြောက် အရေးကြီးနိုင်ငံများဖြစ် လာမည်ဟု ဆိုသည်။ ယနေ့မော် ဒန်ကာလ စတိတ်ကက်ပီတယ် လစ်ဇင်ထံမှ သင်ခန်းစာတစ်ရပ်ရှိ ပြီး ဘယ်လိုအုပ်ချုပ်မည်လဲဆို ခြင်းက အဓိကဖြစ်ကြောင်း အနှစ် ချုပ်ထားသည်။

ယနေ့တော့ ဒေါ်နယ်ထရန့် ၏ အမေရိကပထမ (Trump's America First) မဟာဗျူဟာကြီး က ကမ္ဘာကို ကန့်လန့်ကြီးဖြတ်ဝင် လာ၍ ရှော့ခ်ရိုက်ရုံတင်မက အိုး နင်းခွက်နင်းတွေပင် ဖြစ်ကုန်ကြ တာတွေ တွေ့မြင်လာနေရပြီ ဖြစ် ပြန်၏။ မြန်မာလည်း ‘ခံ’ရသည့် နိုင်ငံတွေထဲ စာရင်းဝင်လာနေပေ ပြီ။

သာမန်မြန်မာပြည်သူလူထုအ များစု၏ ဆန္ဒနှင့် နိုင်ငံ့ရည်မှန်း ချက်

ရှင်းလင်းမြင်သာထင်ရှား လွန်းလှပါ၏။ နှစ် ၅၀ ကျော် ဘွင်းဘွင်းပိတ် အာဏာရှင်စနစ် အစိုးရမျိုးစုံအောက်မှ ရုန်းထွက်လိုကြ၍ ဒီမိုကရေစီဆိုသည်ကို ရေရေရာ ရာသဘောမပေါက်မကျင့်သုံးနိုင် သေးလျှင်တောင် လွန်ခဲ့သော ၂ နှစ် ၂၀၁၅ နိုဝင်ဘာရွေးကောက် ပွဲမှာကတည်းက ပြည်သူ့အစိုးရ (အရပ်သားအစိုးရ၊ အာဏာတစ် ပိုင်း Quasi အစိုးရ)ကို ၂၀၀၈ ဖွဲ့စည်းပုံကြီးအောက်ကနေပဲ တောင်ပြိုကမ်းပြိုရွေးကောက် တင်မြှောက်ခဲ့ကြသည်။ အကြောက်တရားဖြင့် မနေလိုတော့ခြင်းက စေ့ဆော်၏။ လူမှုစီးပွားဖွံ့ဖြိုးတိုး တက်လို၍လည်း အဓိကပါဝင်၏။ ယခု ၂ နှစ်အတွင်းမှာပင် သာမန်ရိုးရိုးပြည်သူလူထုတွေထဲမှာ ဒီမိုကရက်တစ်အမူအကျင့်များ မြင့်တက်လာနေတာလည်း သုံးသပ်တွေ့မြင်ကြရပါ၏။ ပြည်သူ့ အစိုးရအနေဖြင့်ကြည့်လျှင်လည်း နိုင်ငံ့ရည်မှန်းချက်က အမျိုးသား ပြန် လည် သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ လူမှုစီးပွားတိုးတက် ဖွံ့ဖြိုးရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံကို ဒီမိုကရေစီနည်းကျ ပြင်ဆင်ရေး တို့ ဖြစ်သည်။ နှစ် ၇၀ ပြည်တွင်း စစ်၊ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများကို ကြားဝင်၍ ပခုံးထမ်းယူလိုက်သည်။ တကယ်တမ်းသည်ဘက်နှစ် ၅၀ မှာက ပြည်တွင်းစစ်နှင့် လက်နက်ကိုင် ပဋိပက္ခများသည် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAOs) များအကြားများပြဿနာအထွေထွေကြီးငယ်များသာ ဖြစ်သည်။ ၁၉၈၉ နောက်ပိုင်း၌ ကိုယ်ကျိုးစီးပွားကိစ္စရပ်တွေပိုများလာခဲ့သည်။ ပြည်တွင်းစစ် မဟုတ်တော့ပါ။

နိုင်ငံ့အန္တိမပန်းတိုင်ကို တစ် ခွန်းတည်းပြောရပါက ‘‘ဒီမိုကရေ စီဖက်ဒရယ်ပြည်တောင်စု’’ ဖြစ်ပါ သည်။ သီးခြားသီးသန့်နိုင်ငံရေး၊ စီးပွားရေးအခွင့်ထူးများကို ၂၀၀၈ ဖွဲ့စည်းပုံဖြင့် နှစ် ၂၀ ကျော် အနေအထားများ ဖြတ်သန်းတည် ဆောက်မှုများဖြင့် ရယူတည် ဆောက် ပိုင်ဆိုင်ထားနိုင်သော တပ်မတော်ကိုလည်း အမြဲလိုလို၊ ကိစ္စရပ်တိုင်းမှာလိုလို ကာဗာ (Cover) လုပ်ပေးနေခဲ့သည်။ နိုင်ငံတကာအလယ်ဆွဲသွင်းမြှင့်တင် လက်တွဲ ဖေးမလာခဲ့တာလည်း ထင်ရှားသည်။ နဂိုဒီမိုကရက်တစ် မိတ်ဖက်ဟောင်း၊ သစ်များဖြင့်ပင် မျက်နှာအပျက်ခံခဲ့ရတာလည်း အကြိမ်မနည်းလှတော့။ ပြည် တွင်း၊ ပြည်ပနှစ်ဌာနလုံးမှာ ဖြစ် သည်။

ဆန်ရှင်သစ်များအလားအလာ နှင့် လူထုခေါင်းဆောင်

ပုံနှိပ်၊ ဒစ်ဂျစ်တယ်မီဒီယာ များမှာ အကြီးအကျယ်ဝေဖန်သုံး သပ်နေကြပြီဖြစ်၍ ဆန်ရှင်သစ် များကို အသေးစိတ်မရေးတော့ ပါ။ လိုရင်း (ယခုဆောင်းပါး၌ အဓိကထားသုံးသပ်ပြောဆိုလို ရင်း)ကိုသာပြောပါဦးမည်။

(၁) လက်နက်နှင့် စစ်သုံးပစ္စည်း များ ရောင်းဝယ်မှု၊ ကျောက်စိမ်း အဓိက (Jade Law) ရတနာပစ္စည်းများတင်ပို့မှု..ဤ Sanction တွေက နဂိုရုပ်သိမ်းခဲ့သည့် (၂၀၁၆) ထဲ မပါဝင်ပါ။ သက်ဝင် တည်ရှိနေဆဲ ဖြစ်သည်။

(၂) ရခိုင်အရေး၊ ဘင်္ဂါလီပြဿနာ သည် အာဏာရှင်စနစ်၏ ဆိုးမွေ စစ်စစ်၊ အတိတ်၏ အရိပ်မည်း စစ်စစ်သာ ဖြစ်သည်။ ARSA အကြမ်းဖက်အဖွဲ့ကို ရှင်းလင်းရာ ၌ လုံခြုံရေးတပ်ဖွဲ့များ၏ လုပ်ပုံ ကိုင်ပုံဆောင်ရွက်ပုံက ပြင်းထန် လွန်းသည်ဟု ယူဆပြီး နိုင်ငံကိုပါ စီးပွားရေးဆန်ရှင်သစ်တွေ ပြန် ချမှတ်ဖို့ စီစဉ်လာခြင်းက ဒီမိုက ရေစီကူးပြောင်းခါစ နိုင်ငံငယ် လေးအပေါ် ဘယ်လိုဒီမိုကရက် တိုက်ဇေးရှင်းလဲဟုပဲ မေးခွန်း ထုတ်ရပေမည်။ တီးမိခေါက်မိ သော သာမန်ပြည်သူတွေ အများစုထဲက တချို့ဆို အမေရိကန်ကွန် ဂရက်ဘာထကြောင်တာလဲ၊ နှစ် အစိတ်လောက် ဒီမိုကရက်တစ် မဟာမိတ်အဖြစ် လက်တွဲလာခဲ့ ကြသည်ကို လက်နှင့်ရေး၊ ခြေနှင့် တစ်ခါတည်းဖျက်သည်လားဟု တိုက်ရိုက်ကြီး တဲ့တိုးပြောကြဆိုကြသည်။

(၃) တရုတ်နှင့် ပိုနီးစပ်သွား မှာစိုးရိမ်၍ ဆိုလျှင် ဒီမိုကရက် တိုက်ဇေးရှင်းကို ပို၍တောင် မြှင့် တင်အားပေးဖို့ လိုအပ်သည်။ ပြည်သူ့အစိုးရ၊ လူထုခေါင်း ဆောင်အနေဖြင့် လက်ရှိအနေအထားများမှာ ပိုက်လိုင်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊အခြားသော တရုတ်ရင်းနှီးမြှုပ်နှံမှု (မြန်မာမှာလက်ရှိနံပါတ်တစ်) များအပေါ် အမျိုးသားအကျိုးစီးပွားအတွက် အကောင်းဆုံးပြန်လည်ညှိနှိုင်း အပေးအယူလုပ်နေသည်။ OBOR ကိုလည်း သွားလွန်ဆန်၍မရနိုင်၊ ခံသွားရပေမည်။ တကယ်တမ်း တရုတ်ကို ကိုယ်ပေါင်းစိတ်ခွာလုပ်နေခြင်းဟုသာ မြင်နေကြရပါ၏။ ပထ၀ီနှင့် ဒီမိုဂရပ်ဖီအရလည်း ရှောင်၍မရ။ ကမ္ဘာတည်သရွေ့ ဆက်ဆံနေရပေဦးမည်။ ဒါကိုအိန္ဒိယနှင့် ဆက်ဆံရေးမြှင့်တင်၍ အပြန်အလှန် ကောင်တာ (Cou-nter) လုပ်ထားသည်။ ကမ္ဘာက အသိပဲဖြစ်၏။

 (၄) ဒေါ်နယ်ထရန့်ကို မ ကြိုက်၊ လူမရှိ၍သာဟု ပြောဆိုခဲ့ ကြသော ကွန်ဂရက်လူများစု ရီ ပက်ဘလေကန်တွေအနေဖြင့် အမေရိကပထမကိုပဲ ခံယူလိုက် ကြပြီဆိုလျှင်တောင် မြန်မာသည် စစ်ရေးကဲ့သို့ ပါဝါအမာ ပါဝါကြီး ဖြစ်လာနိုင်ခြေလုံးဝမရှိသည့် နိုင်ငံငယ်လေးသာ ဖြစ်သည်။ ဒီမိုကရေစီကို ဦးတည်ထားသည်။ ၂၀၀၈ ဖွဲ့စည်းပုံကြောင့်သာ ပါတီစုံအော်တို ကရေစီအုပ်စုစာရင်းဝင်နေငြား ဖရီးဒမ်းဟောက်စ်မှာ ပထမဆုံးအကြိမ် တစ်စိတ်တစ်ပိုင်းလွတ်လပ်နိုင်ငံ စာရင်းဝင်လာ ခဲ့ပြီး ဖြစ်သည်။ တပ်မတော်ဘက် ကလည်း ပါဝါကြီးနှစ်နိုင်ငံနှင့် လူ ဦးရေပေါက်ကွဲနေသော ဘင်္ဂလား ဒေ့ရှ်တို့ကြောင့် Standard Army ဖြစ်လာရေးသာ ကြေညာထား သည်။ မြောက်ကိုရီးယားနှင့် ဆက်ဆံရေးလုံးဝရပ်စဲပစ်ရန်တော့ လို အပ်ပါ၏။

(၅) အင်္ဂလန်သည်လည်း EU မှ ထွက်ပြီးကတည်းက ၂၀ ရာစုထဲ ပြန်ဝင်သွားပြီထင်မှတ်ရ ၏။ ယူအက်စ်ပြောသမျှ၊ လုပ်သမျှ ခေါင်းညိတ်နာခံတော့မည်လား။ ယူအက်စ်နှင့် အင်္ဂလန် (ဗြိတိန်) နိုင်ငံခြားရေးဝန်ကြီးတွေကတော့ ၎င်းတို့ အစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ဘက်မှာ ရပ် တည်သည်ဟု ကုလသမဂ္ဂလုံခြုံ ရေးကောင်စီအစည်းအဝေးကာ လ (စက်တင်ဘာတတိယပတ် ၀န်းကျင်)တုန်းကတည်းက ထုတ် ပြောထားခဲ့ကြ၏။ ယခုလွှတ် တော် (များ)၏ သဘောထားပါဟု ဖြစ်လာကြပြန်သည်။

(၆) ဆန်ရှင် (Sanction) သစ်တွေ ဘယ်လိုလာမည်လဲ။ အတိအကျမသိရသေးငြား စီးပွား ရေးမှာပဲ များမှာသေချာသည်။ LDC စာရင်းပေါက်ဆဲ၊ ဖွံ့ဖြိုးဆဲ၊ ဒီမိုကရေစီကူးပြောင်းဖော်ဆောင် ရန် စတင်လုံးပန်းဆဲ နိုင်ငံငယ် လေးအတွက် ပြည်တွင်းပြဿနာ တစ်ရပ်ဖြစ်သော ရခိုင်-ဘင်္ဂါလီ အရေးကိစ္စမှာ နည်းပညာနှင့် ပစ္စည်း၊ ငွေကြေးပိုထောက်ကူပြု ပေးခြင်းဖြင့်သာ အဖြေရနိုင်၊ ရှင်း နိုင်ပေမည်။ နိုင်ငံနှင့် ပြည်သူအား လုံးကို ပိတ်ဆို့ဒဏ်ခတ်သည်ဆို ခြင်းက ပိုရှုပ်ထွေးစေမှာ သေချာ ၏။ ပြည်တွင်းမှာ ဒီမိုကရေစီရေး အတွက် အဖျက်သမားပုံစံမျိုးစုံ အုပ်စုကြီးတွေ အလိုက်ရှိနေ သည်။ အကူးအပြောင်းနိုင်ငံတွေ အကြောင်း ၎င်းတို့လောက် သ ဘောတရား၊ လက်တွေ့နားလည် လေ့လာထားသော နိုင်ငံကြီးများ သိပ်များများမရှိလှပေ။

(၇) စတိတ်ကက်ပီတယ် လစ်ဇင်ကို အချိုးညီစနစ်တကျ သုံးရင်း ဒီမိုကရေစီဖြစ်သွားသော နိုင်ငံတွေကို ဥပမာပြပြီး ဖြစ်၏။ မြန်မာသည် တရုတ်ဖြစ်မလာနိုင် ပေ။ ရုရှားဖြစ်မလာနိုင်ပေ။ လုံးဝ ဖြစ်နိုင်ခြေမရှိ။

(၈) တပ်မတော်က ဘင်္ဂါလီ တွေကို Ethnic Cleasing လုပ်ပါ သည်ဟု တစ်ဖက်သတ်ယူဆလျှင် လည်း လူထုခေါင်းဆောင်မိန့်ခွန်း ကို ကြားသိကြရပြီး ဖြစ်ပါမည်။ ကြားပြီးကြောင်းလည်း သေချာပါ သည်။ လူ့အခွင့်အရေးအောက် မှာ လုပ်နိုင်ကိုင်နိုင်သည့် အခြားနည်းလမ်းများစွာရှိ၏။ ပြစ်ဒဏ်ထက် ယဉ်ပါးအောင် Tame လုပ်ခြင်း၊ ဖေးမကူညီမြှင့်တင်ခြင်းတွေက ပိုထိရောက်ပါ၏။ အနောက်ကမ္ဘာ ဒီမိုကရေစီနိုင်ငံကြီးများ နှစ်ပေါင်း ဆယ်စုများစွာကျင့်သုံး ကိုင်စွဲခဲ့သော နည်းဗျူဟာများပင်။ပါကစ္စတန်ကို ယနေ့ထိ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးအတွက် နှစ်စဉ်ဒေါ်လာ ဘီလီယံပေါင်းများစွာ ထောက်ပံ့နေဆဲဖြစ်၏။ ARSA သာ IS ၊ တာလီဘန်၊ အယ်လ်ကိုင်ဒါတို့နှင့် ချိတ်ဆက်မိသွားပါကအရှေ့တောင်အာရှမီးဟုန်းဟုန်းတောက်သွားဖို့ရှိသည်။ ယခုARSA ခေါင်းဆောင်ပိုင်းနှင့် ချိတ်ဆက်ထားသည်ကလည်း IS ၏ လက်ဝေခံအဖွဲ့ခွဲလေးတစ်ခု ဖြစ်နေသေးသည်။ ဘာမှအတပ်မပြောနိုင်။ အကြမ်းဖက်ဝါဒကို အကြီးမားဆုံးခံနေရ ယူအက်စ်ကိုယ်တိုင်ဖြစ်ပြီး အင်္ဂလန်၊ ပြင်သစ်တို့က ဒုတိယလိုက်သည်။ ဥရောပတစ်တိုက်လုံးပါသည်။ ယူအက်စ် ‘အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ’ကို ဘင်္ဂါလီပြဿနာကြောင့်ချောင်ထိုးလိုက်လျှင် မြန်မာသာမကဒေသတွင်းလည်း အထိနာပေမည်။ ကစဥ့်ကလျားဆူညံပွက်လောရိုက်ကမ္ဘာ (Turbu-lent World)သည်  ပိုဆိုးရာဆီဦးသွားပေဦးမည်။ ARSA အဖွဲ့ဝင် နှစ်ထောင်နီးပါးစာရင်းကိုလည်း ထုတ်ပြန်ပေးထားပြီးဖြစ်၏။ သွယ်ဝိုက်ဆက်စပ်နေသူက သောင်းဂဏန်းချီ ရှိနိုင်သည်။ ဟိန္ဒူများ၊ ရိုးရိုးနိုင်ငံသားဘင်္ဂါလီများအစုလိုက်၊ အပြုံလိုက်အသတ်ခံရခြင်းကိုတော့ မစဉ်းစားဘူးလား မေးခွန်းပြန်ထုတ်ရဖို့ အထင်အရှားရှိနေသည်။

(၉) မြန်မာအစိုးရအနေဖြင့် လုပ်ပိုင်ခွင့်ကန့်သတ်ချက်များကြားထဲမှ ရခိုင်အရေးကိုနိုင်ငံ့အရေးအဖြစ် မစ်ရှင်အဖြစ်ထားဆောင်ရွက်နေ၏။ တိမ်းရှောင်ဒုက္ခသည်ပြန် လက်ခံရေးနည်းလမ်းကို မပြည့်စုံဟု မည်သူပြောမည်လဲ၊ ဘောင်ထဲကလုပ်နိုင်သမျှအကောင်းဆုံးလုပ်နေရခြင်းသာဖြစ်သည်။ တာဝန်ခံမှု၊ဖော်ဆောင်မှုအပိုင်းကိုတော့ စောင့်ကြည့်လေ့လာကြဖို့ လိုအပ်ပါသည်။

(၁၀)မြန်မာ့စီးပွားရေးအတွက် စတိတ်ကက်ပီတယ်လစ်ဇင်နှင့်ပဲ သွားကြရဖို့ရှိပါသည်။ ကာလတစ်ရပ်အထိကြာနိုင်၏။ ဘယ်သူမှတပ်အပ်မပြောနိုင်။ အသော်ရစ်တေးရီးယန်းစနစ်နှင့် ပျော်မွေ့သူများက ကန့်လန့်ခံပေလိမ့်မည်။

 လွှမ်းခြုံတင်ပြပြောဆိုခြင်း မျှသာရှိပါသေး၏။ ဖြစ်ရပ်နှင့် ဖြစ်စဉ်များအရ အံဝင်ခွင်ကျ အ ချိန်ကိုက် ဆက်လက်ဆွေးနွေး စောင့်ကြည့် သုံးသပ်ကြရဦးပါ မည်။

လတ်တလောလုပ်နိုင်ခြေတချို့

နိုဝင်ဘာ ၁၃ မှ ၁၄ ထိ အ ရှေ့အာရှထိပ်သီးအစည်းအဝေး (EAs) နှင့် အာဆီယံထိပ်သီးအ စည်းအဝေးကို ဖိလစ်ပိုင်၌ ကျင်း ပပြုလုပ်မည်ဖြစ်သည်။ ဒေါ် အောင်ဆန်းစုကြည်တက်ရောက် မည်။ စုစုပေါင်း ၁၈ နိုင်ငံတက် ရောက်ကြမည့်အထဲတွင် ယူ အက်စ်လည်းပါဝင်နေရာ သမ္မတ ဒေါ်နယ်ထရန့်၊ နိုင်ငံခြားရေးဝန် ကြီးရက်စ်တီလာဆန်တို့လည်း တက်ကြမည်ဖြစ်သည်။ သီးခြား၊ အလွတ်သဘော နှစ်နိုင်ငံထိပ် သီးချင်းတွေ့ဆုံနိုင်မလားမသိရ ပါ။ ထရန့်ကလည်း ၎င်း၏အာရှ ခရီးစဉ်ထဲပါဝင်နေ၍ ရက်ပြည့် နေချင်မှနေလိမ့်မည်။ နိုဝင်ဘာ ၁၅ ရက်နေ့မှာတော့ ဒေါ်အောင် ဆန်းစုကြည်ပြန်လာမည်နှင့် အ ချိန်ကိုက်၍ ရက်စ်တီလာဆန်ပါ မြန်မာနိုင်ငံသို့ လိုက်ပါလာလိမ့် မည်ဖြစ်ပြီး မြန်မာ့အရပ်ဘက်- စစ်ဘက်ထိပ်ပိုင်းခေါင်းဆောင် များနှင့်တွေ့ဆုံမည်ဟု သိရှိထား ရသည်။ ဆန်ရှင်သစ်ကိစ္စလာရှင်း ပြမှာပါဟု လူပြောများနေ၏။

နိုဝင်ဘာ ၁၇ မှ ၂၁ ရက်နေ့ အထိ (၁၃)ကြိမ်မြောက်အေဆမ် (အာရှ-ဥရောပ)နိုင်ငံခြားရေးဝန် ကြီးများအစည်းအဝေးကိုတော့ မြန်မာနိုင်ငံမှာ ကျင်းပပြုလုပ်မည် ဖြစ်သည်။

ဤအစည်းအဝေးနှစ်ရပ် သည် အရေးပါ၏။ အခွင့်အလမ်း တွေရှိ၏။ ဤနှစ်ရပ်ထက်ပိုအရေး ပါပြီး ပိုစောသည်မှာ နိုဝင်ဘာ ၁၁၊ ၁၂ တွင် ဗီယက်နမ်၌ကျင်းပ မည့်အာရှ-ပစိဖိတ်စီးပွားရေးပူး ပေါင်းဆောင်ရွက်မှု (APEC- အေပက်)အဖွဲ့ဝင်နိုင်ငံခေါင်း ဆောင်များသီးသန့်တွေ့ဆုံပွဲဖြစ် ၏။ အိုဘားမားလက်ထက်က TPP(Trans Pacific Partner-ship) ဖြစ်ပေါ်ရေးအစီအစဉ်၊ အာရှဗဟိုချက် (Asia Pivot)အစီ အစဉ်များ ဒေါ်နယ်ထရန့်က ရုပ်သိမ်းလိုက်ခဲ့ပြီဖြစ်၏။ အာရှကို ဂျပန် လက်ထဲလွှဲလိုက်ပြီလားဟု မေးခွန်းထုတ်မှုတွေရှိသည်။ သို့ငြား အိန္ဒိယနှင့်တရုတ်ကိုတော့ စီးပွားရေးသမားပီပီလိုသလို ဒီပလိုမေစီသုံးနေပြန်၏။ အာရှဖွံ့ဖြိုး ရေးဘဏ် (ADB)က မြန်မာအ တွက် အမှီသဟဲတစ်ရပ်ဖြစ်၏။

ထိုအစည်းအဝေးသုံးရပ် (အေပက်၊ EAS နှင့် ASEAN အေဆမ်) တွင် မြန်မာ့လက်ရှိအ နေအထားများကို သီးခြားပုံ သဏ္ဌာန်ဖြင့် ရှင်းပြနိုင်ခြေရှိ သည်။ အာဖရိကမှလွဲ၍ ကျန် ကမ္ဘာ့တိုက်ကြီးအားလုံးမှ နိုင်ငံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံနိုင် မည်ဖြစ်၏။ တပ်မတော်မှလည်း ကျကျနနပြောဆိုနိုင်ခြေရှိသည်။ ရက်စ်တီလာဆန်နှင့် ကာချုပ် တွေ့ပါလိမ့်မည်။

ဘယ်လိုပဲဖြစ်ဖြစ် မြန်မာ့ ရည်မှန်းချက်၊ နိုင်ငံ့အန္တိမပန်းတိုင် နှင့် သာမန်တိုင်းရင်းသားပြည်သူ လူထုအများစုဆန္ဒကတော့ ရှေ့ ပိုင်းနားမှာ ခေါင်းစဉ်ခွဲဖြင့် တင်ပြ ရေးသားထားသည့်အတိုင်းပင် ဖြစ်၏။ သည့်အတွက်ပဲ ရှေ့ဆက် နေကြရဦးမည်။ လတ်တလောမှာ တော့ အကောင်းဆုံးကိုမျှော်လင့် လုပ်ကိုင်ကြရင်း အဆိုးဆုံးဆီအ ထိထည့်တွေးစဉ်းစားနည်းလမ်း ရှာထားကြရပါမည်။ ရှိလည်းရှိပါ သည်။။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)

Top News