တစ်ခုခုဆို ပေးဆပ်ရတယ်

လူရယ်လို့ ဖြစ်လာရင် ဘဝမှာ လိုချင်တာ၊ ဖြစ်ချင်တာတွေ ရှိမှာပေါ့။ ပညာရေးပဲဖြစ်ဖြစ်၊ အလုပ်အကိုင်ပဲဖြစ်ဖြစ်၊ ထင်ပေါ်ကျော်ကြားမှုပဲဖြစ်ဖြစ် ကောင်းမွန်တဲ့ အခြေအနေတစ်ရပ်ကို ပိုင်ဆိုင်ချင်ကြတယ်။ လှုပ်ရှားရုန်းကန်ကြတယ်။ အားထုတ်ကြိုးပမ်းကြ တယ်။ ဘဝမှာ အကောင်းဆုံးနေ ထိုင်ဖြတ်သန်းချင်တယ်ပေါ့။ ဘာ ပဲလုပ်လုပ်ပါ။ တစ်ခုခုလိုချင်ရင် ပေးဆပ်ရတယ်။ အလွယ်မရဘူး။ အလကားမရဘူး။ ကြိုးစားအား ထုတ်ရတယ်။ ကြိုတင်ပြင်ဆင်ရ တယ်။ ဘာလို့ အဲဒီလိုရေးလဲသိ လား။ မြန်မာတွေအတော်များများ က ကြိုတင်ပြင်ဆင်မှုအားနည်း တယ်။ ကြိုးစားအားထုတ်မှုအား နည်းတယ်။ ပေးဆပ်မှုအားနည်း တယ်။ လိုချင်၊ ရချင်တာမျိုးတော့ ရှိတယ်။ အားကျတယ်ပေါ့။ ခင်ဗျားကော မလိုချင်၊ မရချင်ဘူး လားဆိုရင် လိုချင်၊ ရချင်တာပေါ့ ဗျာ။ သို့သော် ကျွန်တော်က ပြင်ဆင်တယ်ဗျ။ ကြိုးစားအားထုတ် တယ်ဗျ။ တွေးခေါ်ကြံဆတယ်ဗျ။ ပေးဆပ်တယ်ပေါ့ဗျာ။

ဘယ်လို ပြင်ဆင်လဲဗျ။ ဘယ်လိုပြင်ဆင်လဲဆိုတော့ ငယ်ငယ်က အင်္ဂလိပ်စာကောင်း အောင် လုပ်တာပေါ့ဗျာ။ နိုင်ငံခြားပညာသင်ဆု လျှောက်ချင်တာ ကိုး။ အထွေထွေဗဟုသုတတွေ လေ့လာတာပေါ့ဗျာ။ အက်ဆေး တွေ၊ အင်တာဗျူးတွေမှာ ဖောက် ထွက်ဆန်းသစ်ရေးသားချင်တာ ကိုး။ ကိုယ့်ထက်သာတဲ့သူတွေနဲ့ တွေ့၊ အတွေ့အကြုံဗဟုသုတ တွေ မေးတာပေါ့ဗျာ။ ဒီလိုနဲ့ နိုင်ငံ ခြားပညာသင်ဆုတွေ ရလို့ နိုင်ငံ ခြားကျောင်းတွေ တက်ခဲ့တာပေါ့ ဗျာ။ အလုပ်အကိုင်လည်း ဒီလိုပဲ ဗျ။ စောစောစီးစီး အလုပ်ဝင်တယ်ဗျာ။ စောစောအလုပ်ဝင်တော့ လုပ်သက်များတာပေါ့ဗျာ။ အ တွေ့အကြုံ များတာပေါ့ဗျာ။ နောက်လက်ရှိအလုပ်ကနေ အဲဒီ ထက် မြင့်မားတဲ့အလုပ်ကို လိုချင် တော့၊ မြင့်မားတဲ့အလုပ်ဆိုတာ အစိုးရအရာရှိပေါ့။ အစိုးရအရာရှိ ဖြစ်ဖို့ P.S.C(အဲဒီတုန်းက အခေါ်)ဆိုတာ ဖြေရတယ်။ P.S.C ဖြေ တယ်ဆိုတာ ဘွဲ့ရမှ ဖြေရတယ်။  ဘွဲ့မရခင် ဒုတိယနှစ်ကတည်းက P.S.C ဖြေဖို့ ကျူရှင်တွေ တက် နေပြီ။ ကျောင်းပြီးတော့ အရာရှိ စာမေးပွဲဝင်ဖြေ၊ ပြန်တမ်းဝင်အ ရာရှိ စောစောစီးစီးဖြစ်လာတယ်။ အဲဒါတွေအားလုံးက ကြိုးစားအား ထုတ်လို့ပေါ့ဗျာ။ ပြင်ဆင်လို့ပေါ့ ဗျာ။ ပေးဆပ်လို့ပေါ့ဗျာ။

စာရေးတော့လည်း ဒီလိုပဲ။ စာရေးဖို့ အခွင့်အလမ်းတွေ ပွင့် လာပြီဆိုတဲ့ စစ်အစိုးရလက်ထက် ကတည်းက ရေးခဲ့တယ်။ အဲဒီ တုန်းက အင်တာနက်တို့၊ အီး မေးလ်တို့ဆိုတာ သိပ်မသုံးသေး ဘူး။ ၂၀၀၇ ဝန်းကျင်ပေါ့။ ဒီလိုပဲ နေပူ၊ မိုးရွာမရှောင် စာမူတွေကို ဂျာနယ်တိုက်တွေဆီသွားပြီး အ ကြိမ်ကြိမ်၊ အလီလီပို့ခဲ့ရတယ်။ နောက်တစ်ပုဒ်စ၊ နှစ်ပုဒ်စပါလာ တယ်။ အခုတော့ ထုတ်ဝေခဲ့တဲ့ ဆောင်းပါးများစုစည်းမှုစာအုပ်ပဲ ငါးအုပ်ရှိခဲ့ပြီ။ ဆောင်းပါးတစ်ပုဒ် ရေးတယ်ဆိုတာ မလွယ်လှဘူး။ အချက်အလက်တွေ ပါဝင်တဲ့ ဆောင်းပါးဆို သုတေသနစာတမ်း ငယ်သဘောပဲ။ အကိုးအကား တွေ ရှာရတယ်။ တိုက်ဆိုင်စိစစ်ရ တယ်။ ဆက်စပ်စဉ်းစားရတယ်။ ဆောင်းပါးတစ်ပုဒ်အပြီးအစီးရေး ဖို့ အချိန် သုံးနာရီလောက်ယူရ တယ်။ အခုအချိန်ထိ ဆောင်း ပါးပေါင်း ၄၀၀ နီးပါးရေးခဲ့ပြီဆို တော့ တွက်ကြည့်တယ်။ တစ်ပုဒ် ကို ၃ နာရီ၊ အပုဒ်ရေ ၄၀၀ ဆိုရင်  နာရီပေါင်း ၁,၂၀၀ ဆိုကြပါစို့ဗျာ။ အဲဒီနာရီပေါင်း ၁,၀၀၀ ကျော်ရေး သားအားထုတ်မှုကနေ စာအုပ်ငါး အုပ်ဖြစ်လာတယ်။

ဒီလိုပဲ။ စာရေးသူက အခုဆို အသက်(၄၀)ကျော်နေပြီ။ ကိုယ် ခန္ဓာက သိပ်အပြောင်းအလဲမဖြစ် ဘူးပေါ့။ ထိန်းနိုင်တယ်ပေါ့။ Gymတွေဆီတော့ အခုအချိန်ထိ မသွားဖြစ်သေးဘူး။ ဒါပေမဲ့ အိမ်မှာ လေ့ ကျင့်ခန်း တစ်နေ့နှစ်ကြိမ် ပုံမှန် လုပ်ဖြစ်တယ်။ အသီးအရွက် များများစားတယ်။ အသီးအနှံစား တယ်။ ရေများများသောက်တယ်။ အနံ့ပြင်းမယ့် အရာဆို ရှောင် တယ်။ ကျန်းမာရေးနဲ့ပတ်သက် ရင် သဘာဝအတိုင်း အမြဲလေ့ကျင့်တယ်။ ဆေးစားရတာ မနှစ်သက် ဘူး။ မဖြစ်မနေမှသာ စားတယ်။ သန့်ရှင်းရေးဂရုစိုက်တယ်။ အ သက်ရှည်ချင်လို့ မဟုတ်ဘူး။ ကျန်းမာချင်လွန်းလှလို့ မဟုတ် ဘူး။ ရှင်သန်ချိန်မှာ အရည်အ သွေးရှိရှိ နေချင်လို့ဖြစ်တယ်။ သက်တူသူငယ်ချင်းတွေဆို ဗိုက် ထွက်တဲ့သူက ထွက်၊ ဝတဲ့သူက ဝ၊ သူတို့ဆို ကိုယ့်ကို ဘယ်လိုနေ ထိုင်သလဲဆိုတာ ခဏခဏမေး တယ်။ အသက်အရွယ်ဆိုတာ ညာလို့မရပါဘူး။ ကိုယ့်ကို မထင် ရဘူးပြောလည်း ဝမ်းမသာဘူး။ ဘဝင်မမြောက်ဘူး။ အသက်(၅၀) ဆိုလည်း ဒီလိုပဲ နေမှာပဲ။ အသက် (၆၀)လည်း ဒီလိုပဲနေမှာပဲ။ ဆံဖြူ လည်း မတုန်လှုပ်ဘူး။ သွားကျိုး လည်း မတုန်လှုပ်ဘူး။ ချည့်နဲ့သွား လည်း မတုန်လှုပ်ဘူး။ ဖြစ်ပြီးရင် ပျက်မှာပဲ။ လူဆိုတာ နေတတ်ဖို့ ပဲ အရေးကြီးတယ်။ ကိုယ့်ကိုယ် ကိုယ် ကျေနပ်ဖို့ အရေးကြီးတယ်။

ဒါနဲ့ စကားမစပ်ဗျာ။ တစ် လောက ရုံးမှာ အလုပ်လုပ်နေရင်း အင်တာနက်မှာ မော်ဒယ်လ်လုလု အောင် သဲသောင်ပြင်မှာ ရိုက်ထား တဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအ လှဓာတ်ပုံတွေ တွေ့တယ်။ တစ် နေ့လုံး နိုင်ငံရေးသတင်းတွေ ရှာ ဖွေ၊ ဘာသာပြန်ရင်း ခေါင်းနောက် နေတာ မျက်စိတွေ ကျယ်သွားတာ ပေါ့။ မိုက်တယ်ဗျာ။ ကျွန်တော် ဂျပန်မှာ၊ ကိုရီးယားမှာ ကျောင်း တက်တုန်းက ဂျပန်မော်ဒယ်၊ ကိုရီးယားမော်ဒယ်ခန္ဓာကိုယ်အ လှဓာတ်ပုံတွေ အများကြီးကြည့် ခဲ့ဖူးတယ်။ လုလုအလှက စံချိန်မီ တယ်။ မိန်းမယူချင်စိတ်တောင် ပေါက်သွားတယ်ဗျာ။ မိန်းကလေးဆိုတာ ဒါမျိုးဖြစ်ရတယ်။ ဖောင်း သင့်တဲ့နေရာဖောင်း၊ ချိုင့်သင့်တဲ့ နေရာ ချိုင့်ရမှာပေါ့။ ဘာပြော တယ်။ မြန်မာမျက်စိနဲ့ဆို မသင့် တော်ဘူး ဟုတ်လား။ အဲဒါတော့ မသိဘူးဗျာ။ ကျွန်တော်စိတ်ဝင် စားတာ နိုင်ငံရေးနဲ့ မိန်းမပဲ ရှိ တယ်။ ဒါမျိုး ရိုက်ကြဟေ့လို့ ပြောနေတာမဟုတ်ဘူး။ ပြတဲ့သူကပြ တော့ ကြည့်တဲ့သူက ကြည့်တာ ပေါ့ဗျာ။ အရည်အသွေးကောင်း တော့ ချီးမွမ်းတယ်ပေါ့ဗျာ။ ဒီ လောက်ပါပဲ။ အဲဒီထက် ကျော် မတွေးပါနဲ့။ ကျွန်တော်က နှာသ ဘောနဲ့ပြောတာ မဟုတ်ဘူး။ ကိုယ်ကိုယ်တိုင်က ဘာလုပ်လုပ် အချိန်ယူ ပြင်ဆင်ကြိုးစားအား ထုတ်ကျင့်ရှိလို့ တစ်ယောက် ယောက် ထူးချွန်ထင်ပေါ်တယ်ဆို ရင်လည်း သူ ဘယ်လောက်အား ထုတ်ကြိုးပမ်း လေ့ကျင့်တည် ဆောက်ရတယ်ဆိုတာ သိတယ် ဗျာ။ အားပေးတယ်ဗျာ။ အသိအ မှတ်ပြုတယ်ဗျာ။

တချို့က အားသာ အားကျ တယ်။ မကြိုးစားဘူးဗျ။ တစ် ယောက်ယောက်အောင်မြင်ရင်၊ အဆင်ပြေရင် ဘယ်လိုအားထုတ် ရသလဲ မမေးဘူး။ ဖြစ်ချင်တာပဲ သိတယ်။ ခဏခဏကြုံဖူးတယ်။ ပညာသင်ဆုရပြီဆိုရင် မေးကြ တယ်။ ဘယ်လိုလျှောက်ရမလဲ။ ဘယ်ကို လျှောက်ရမလဲ။ ဘွဲ့ရ ထားတယ်။ လျှောက်လို့ရလား။ အင်္ဂလိပ်စာတော့ မကောင်းဘူး။ ဟိုရောက်မှ လုပ်လို့ရလား။ အ လွယ်ပဲဗျာ။ နိုင်ငံတကာပညာ သင်ဆုရတယ်ဆိုတာ အခုမှ အား ထုတ်ကြိုးစားမှုရဲ့ ရလဒ်မဟုတ် ဘူး။ နှစ်နဲ့ချီပြီး ပြင်ဆင်ကြိုးစား အားထုတ်မှုရဲ့ရလဒ်ဖြစ်တယ်။ ဘယ်လိုအားထုတ်လုပ်ဆောင်ရ မလဲ၊ ဘာတွေ ပြင်ဆင်သင့်သလဲ၊ အခုထိ ဒါတွေ လုပ်ထားပြီးပြီ။ ဖြစ်နိုင်သလား၊ ရနိုင်သလား ဒါမျိုးမေးပါ။ လုပ်ထားတဲ့ ရလဒ်ကို ထုတ်ပြပါ။ မေးလည်း မေးပေါ့။ ကျွန်တော်ဆို ငယ်ငယ်က အမေး အမြန်းအရမ်းထူတယ်။ ဆရာတွေ ဆို ခဏခဏမေးလို့ စိတ်ညစ်ကြ တယ်။ သို့သော် ကိုယ်က မေးရင် အဖြေရတယ်။ သူများက မရဘူး။  ဘာလို့လဲဆိုတော့ ကိုယ်ကမေး တယ်။ သို့သော် ကိုယ်ဘာတွေ လုပ်ထားတယ်။ ဘယ်လိုကြိုးစား အားထုတ်ထားတယ်ဆိုတာ အ ရင်ပြတယ်။ ပြီးမှ မေးတယ်။ ဒီ တော့ ဖြေမယ့်သူက သိပ်မရှောင် တော့ဘူး။ ကိုယ့်လုပ်ဆောင်မှု တွေအပေါ် အသိအမှတ်ပြုပြီး အဖြေတစ်ခုခုတော့ ပေးတယ်။

နိုင်ငံခြားနဲ့ဆက်သွယ်တော့ လည်း ဒီလိုပဲ။ ကိုယ်က မေးရင် စာထဲမှာ (အီးမေးလ်ထဲမှာ)ကိုယ် ဘက်က ဘာတွေ လုပ်ထားတယ်၊ ဘာတွေ ပြင်ဆင်ထားတယ်ဆို တာ အမြဲထည့်ပြောတယ်။ မေးရုံ တင်မဟုတ်ဘူး။ မေးတယ်ဆိုတာ ကိုယ့်အတွက်မေးတာဖြစ်တယ်။ လူဆိုတာ သူက ကိုယ့်အကြောင်း လည်း စိတ်ဝင်စားတယ်ဆိုတာမျိုး ဖြစ်စေချင်တယ်။ ဒါကြောင့် အ လုပ်အကိုင်ပဲဖြစ်ဖြစ်၊ ပညာသင် ဆုပဲဖြစ်ဖြစ်၊ ကိုယ်က သူတို့အ ကြောင်းလေ့လာဖတ်ရှုပြီးမှ သူ တို့အကြောင်းနဲ့ ကိုယ်သိချင်တာ၊ ကိုယ်လိုချင်တာကို ရောထွေးမေး တာပေါ့။ အဲဒီလိုဆို ဟိုဘက်က ကိုယ့်ဆီ ပြန်အကြောင်းပြန်ဖို့ အ ခွင့်အလမ်းများတာပေါ့။ တချို့ဆိုကိုယ့်ဖေ့စ်ဘွတ်ခ်ကို လာ Add တယ်။ လာမိတ်ဆက်တယ်။ Hi တွေ ဘာတွေ လာလုပ်တယ်။ Hi လောက်နဲ့တော့ မတုံ့ပြန်ဘူးဗျာ။ မိတ်ဆွေဖြစ်ချင်ရင် ကိုယ့် Post ကို ဖတ်လေဗျာ။ စာနည်းနည်းရေး ပြီး မိတ်ဆက်ပေါ့။ ပြီးရင် လုပ်သေးတယ်။ ဘယ်သူလဲမသိဘူးနော်ဆို တာမျိုးပေါ့။ ထားပါလေ။ ဖေ့စ် ဘွတ်ခ်ဆိုတာ လူပေါင်းစုံပဲ။ ပြောချင်တာ ဆက်သွယ်တတ်ဖို့ပါ။ ဆက်သွယ်ရေးမှာကို အဆက်အသွယ်ရချင်ရင် ကြိုးစားအားထုတ်ဖို့ လိုတယ်။ ဆက်သွယ်ရေးဆိုတာ ပညာရေး၊ အလုပ်ကိုင်၊ ကြီးပွားရေးတွေမှာ အင်မတန်အရေးကြီးတယ်။

အခုဆို ခေတ်ကြီးက အလျင် အမြန်ပြောင်းလဲနေတယ်။ ပညာ ရေးအခွင့်အလမ်းတွေ၊ အလုပ်အ ကိုင်အခွင့်အလမ်းတွေက အမျိုး မျိုးရှိနေတယ်။ သင်တန်းတွေက လည်း အမျိုးမျိုးဖွင့်နေတယ်။ ဘာလုပ်လုပ် ကြိုတင်ပြင်ဆင်ဖို့ လို တယ်။ ကြိုးစားအားထုတ်ဖို့ လို တယ်။ ချင့်ချိန်တွေးခေါ်ဖို့ လို တယ်။ ဖေ့စ်ဘွတ်ခ်သုံးတာ မ ကောင်းဘူးဆိုပေမယ့် ဖေ့စ် ဘွတ်ခ်က သုံးတတ်ရင် သင်တန်း တစ်မျိုးပဲ။ တစ်ခါတလေ သင် တန်းတွေထက် စာအုပ်တစ်အုပ် က ပိုပြီး အကျိုးရှိနေတတ်တယ်။ လူအပေါ်မှာပဲ မူတည်တယ်။ ကြီး မှ၊ ငယ်မှ မဟုတ်ဘူး။ ရင့်ကျက် တဲ့သူက ရင့်ကျက်တာပဲ။ စိတ် ကူး၊ အိပ်မက်ကြီးမားသူတွေ အနေနဲ့ ဘာလုပ်လုပ် တစ်ခုခုဆို ပေးဆပ်ရတယ်ဆိုတာ ပြောလို ရင်းပါ။ ။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)

Top News