ကမ္ဘောဒီးယားနှင့်ခြေစမ်းပွဲသည် အကျိုးရှိစေမည့်ပွဲဖြစ်လာမည်ဟု မြန်မာအသင်းနည်းပြချုပ် ပြောကြား

မြန်မာနှင့်ကမ္ဘောဒီးယားအသင်းတို့၏ နည်းပြ၊ အသင်းခေါင်းဆောင်တို့ကို ပွဲကြိုသတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ−MFF)

အာရှဖလားခြေစစ်ပွဲ အိန္ဒိယနှင့်ပွဲစဉ်မတိုင်မီ ကမ္ဘောဒီး ယားအသင်းနှင့် ခြေစမ်းပွဲသည် နှစ်သင်းစလုံး အကျိုးရှိမည်ဖြစ် ကြောင်း မြန်မာအသင်းနည်းပြ ချုပ် ဂတ်ဖရိုင်းဒရစ်က ပြောကြား သည်။

နိုဝင်ဘာ ၉ ရက် ညနေ ၆ နာရီတွင် ကမ္ဘာဒီးယားနိုင်ငံ ဖနွမ်း ပင်မြို့၌ ယှဉ်ပြိုင်မည့် အဆိုပါခြေစမ်းပွဲသည် နှစ်သင်းစလုံးအကျိုး ရှိပြီး ကမ္ဘောဒီးယားအသင်းသည် တိုးတက်လာသည့် အသင်းဖြစ် ခြင်းကြောင့် ပွဲကောင်းတစ်ပွဲဖြစ်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။


‘‘အိန္ဒိယအသင်းနဲ့ အာရှဖလားခြေစစ်ပွဲမကစားခင် ဒီခြေ စမ်းပွဲကို လာရောက်ကစားတာ ပါ။ ကမ္ဘောဒီးယားအသင်းရဲ့ ကစားပုံကို သဘောကျပါတယ်။ အရမ်းလည်း တိုးတက်လာတဲ့ အ သင်းပါ။ နှစ်သင်းစလုံးက အာရှဖလားခြေစစ်ပွဲအတွက် ပြင်ဆင်နေကြတာဖြစ်လို့ မနက်ဖြန်ကစား မယ့်ပွဲက နှစ်သင်းစလုံးအတွက် အကျိုးရှိစေမှာပါ’’ဟု ဂတ်ဖရိုင်း ဒရစ်က ပြောသည်။

ကမ္ဘောဒီးယားအသင်းနည်း ပြချုပ် ပက်ဆိုဗန်နားရားက မြန်မာအသင်းနှင့်ပွဲတွင် ရလဒ်အတွက် အဓိကကစားမည်မဟုတ်ဘဲ အာ ရှဖလားခြေစစ်ပွဲအတွက် အား နည်းချက်၊ အားသာချက်များကို  သုံးသပ်နိုင်ရန် ကစားမည်ဟု ဆို သည်။

‘‘ဒီပွဲကို ရလဒ်အတွက် အဓိ ကကစားမှာမဟုတ်ဘဲ ဂျော်ဒန်နဲ့ ကစားရမယ့် အာရှဖလားခြေစစ်ပွဲအတွက် အားသာချက်၊ အားနည်းချက်တွေကို သုံးသပ်နိုင်ဖို့ ကစားသွားမှာပါ။ ဒီပွဲအတွက် အ ကောင်းဆုံး ပြင်ဆင်ထားသလို ကစားသမားတွေကလည်း အဆင်သင့်ဖြစ်နေကြပါပြီ။ အနိုင်၊အရှုံး ရလဒ်ကို မခန့်မှန်းနိုင်ပေမယ့် ကျွန်တော်တို့ အကောင်းဆုံး ကစားသွားမှာပါ’’ဟု ပက်ဆိုဗန် နားရားကပြောသည်။

မြန်မာအသင်းသည် ကမ္ဘော ဒီးယားအသင်းနှင့် ခြေစမ်းပွဲပြီးပါက အိန္ဒိယနိုင်ငံသို့ ဆက်လက် ထွက်ခွာမည်ဖြစ်ပြီး နိုဝင်ဘာ ၁၄ ရက်တွင် အိန္ဒိယအသင်းနှင့် အာရှခြေစစ်ပွဲ အုပ်စု(ဆ) ပွဲစဉ်(၅)အ ဖြစ် ယှဉ်ပြိုင်မည်ဖြစ်သည်။

မတ်လ ၂၈ ရက်က ရန်ကုန် မြို့သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်သည့် မြန်မာနှင့် အိန္ဒိယအသင်းတို့၏ ပထမအကျော့တွင် မြန်မာအ သင်းက ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ သည်။

မြန်မာသည် ခြေစစ်ပွဲသုံးပွဲ ကစားအပြီး ရမှတ်လေးမှတ်သာ ရရှိထားသဖြင့် အိန္ဒိယအသင်းနှင့် ပွဲစဉ်၌ ရမှတ်ရရှိမှသာ ခြေစစ်ပွဲ အောင်မြင်ရန် မျှော်လင့်နိုင်သည်။

၂၀၁၉ အာရှဖလားတတိယ အဆင့် ခြေစစ်ပွဲအုပ်စု(က) တွင် အိန္ဒိယအသင်းက လေးပွဲကစား၊ လေးပွဲနိုင်၊ ရမှတ် ၁၂ မှတ်ဖြင့် လက်ကျန်နှစ်ပွဲ ကျန်ရှိသေးသော် လည်း ခြေစစ်ပွဲအောင်မြင်ပြီးဖြစ် သည်။

မြန်မာနှင့် ကာဂျစ္စတန်အ သင်းတို့သည် သုံးပွဲကစား၊ ရမှတ် လေးမှတ်စီ တူညီနေသော်လည်း အဝေးဂိုးစည်းမျဉ်းအရ ကာဂျစ္စ တန်က ဒုတိယ၊ မြန်မာက တတိယနေရာတွင် ရပ်တည်နေသည်။