ခိုက်ရန်ဖြစ်ပွားသည့် ကစားသမားနှစ်ဦးကို လေးပွဲပယ်နှင့် ဒဏ်ငွေကျပ်လေးသိန်းစီ ပြစ်ဒဏ်ချ

၂၀၁၇ မြန်မာလိဂ် နောက်ဆုံးပွဲစဉ်တွင် ဧရာဝတီ အသင်းမှ သီဟဇော်နှင့် ရခိုင်ယူ နိုက်တက်အသင်းမှ သက်ရှိုင်း နောင်တို့ ခိုက်ရန်ဖြစ်ပွားမှု ကြောင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီက တစ်ဦးလျှင် လေးပွဲပယ်နှင့် ဒဏ်ငွေကျပ်လေးသိန်းစီ ပြစ်ဒဏ်ချမှတ်ခဲ့သည်။

အောက်တိုဘာ ၂၉ ရက်က ပုသိမ်မြို့ ကျောက်တိုင် အားကစားကွင်းတွင် ယှဉ်ပြိုင်သည့် ဧရာဝတီနှင့် ရခိုင်အသင်းတို့ပွဲ၌ ပွဲချိန် မိနစ် ၉၀ အပြီး နာကျင်အချိန်ပိုတွင် သီဟဇော်နှင့် သက်ရှိုင်းနောင်တို့ ခိုက်ရန်ဖြစ်ပွားပြီး နှစ်ဦးစလုံး တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခံရသည်။


ယင်းဖြစ်ရပ်ကြောင့် ၎င်းတို့ နှစ်ဦးကို စည်းကမ်းထိန်းသိမ်းရေး မူ အပိုင်း(၄)အရ အနီးစပ်ဆုံး လေးပွဲစီ ဝင်ရောက်ကစားခွင့် မ ပြုရန်နှင့် ဒဏ်ငွေကျပ်လေးသိန်း စီ ပေးဆောင်ရန် ချမှတ်ခဲ့သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီက နိုဝင်ဘာ ၇ ရက် တွင် အစည်းအဝေးပြုလုပ်၍ တာဝန်ကျ ဒိုင်လူကြီးများအား ခေါ် ယူမေးမြန်းခြင်း၊ ပြိုင်ပွဲကြီးကြပ် နှင့် ဒိုင်လူကြီးများ၏ အစီရင်ခံစာများ ဖတ်ရှုလေ့လာကာ ပြစ် ဒဏ်ဆုံးဖြတ်ချမှတ်ကြောင်း မြန် မာလိဂ်က သတင်းထုတ်ပြန် သည်။

အဆိုပါ ပြစ်ဒဏ်များသည် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် ၂၀၁၈ မြန် မာလိဂ် ပြိုင်ပွဲများ၌ သက်ရောက် မှုရှိမည်ဖြစ်သည်။

 ၂၀၁၈ ဘောလုံးရာသီ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်များ ကို လာမည့် ဇန်နဝါရီအတွင်း စတင်ကျင်းပရန် စီစဉ်ထား ကြောင်း မြန်မာလိဂ်တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

Top News