ထိုင်းဖိတ်ခေါ် ယူ-၂၃ ပြိုင်ပွဲတွင် မြန်မာအသင်း ဗီယက်နမ်၊ ဥဇဘက်ကစ္စတန်တို့နှင့်အတူ တစ်အုပ်စုတည်းကျရောက်

 ထိုင်းနိုင်ငံတွင် အိမ်ရှင် အဖြစ် လက်ခံကျင်းပမည့် အ သက်(၂၃)နှစ်အောက် ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ၌ မြန်မာအသင်းက ဗီယက်နမ်၊ ဥဇဘက်ကစ္စတန်အသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်နေသည်။

အဆိုပါပြိုင်ပွဲကို ဒီဇင်ဘာ ၉ ရက်မှ ၁၅ ရက်အထိ ထိုင်းနိုင်ငံ ဘူရီရန်မြို့ နယူးအိုင်မိုဘိုင်းအား ကစားကွင်း၌ ကျင်းပမည်ဖြစ်ပြီး အိမ်ရှင် ထိုင်းအသင်းအပါအ၀င် ဂျပန်၊ မြောက်ကိုရီးယား၊ မြန်မာ၊ဥဇဘက်ကစ္စတန်နှင့် ဗီယက်နမ် အသင်းတို့ အုပ်စုနှစ်ခုခွဲ၍ ယှဉ် ပြိုင်မည် ဖြစ်သည်။


ယင်းပြိုင်ပွဲအုပ်စုမဲခွဲမှုအရ မြန်မာယူ-၂၃ အသင်းက အုပ်စု (ခ)တွင် ဥဇဘက်ကစ္စတန်၊ ဗီ ယက်နမ်အသင်းတို့နှင့် ကျရောက် နေပြီး အုပ်စု(က)တွင် အိမ်ရှင် ထိုင်းအသင်းက မြောက်ကိုရီး ယား၊ ဂျပန်အသင်းတို့နှင့် ယှဉ်ပြိုင်မည် ဖြစ်သည်။ အုပ်စုတွင်း အမှတ်အများဆုံးရရှိသည့် အသင်းနှစ် သင်းက ဗိုလ်လုပွဲအဆင့်သို့ တက် ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အုပ် စု ဒုတိယနှစ်သင်းက တတိယ နေရာလုပွဲယှဉ်ပြိုင်ရမည် ဖြစ် သည်။

မြန်မာယူ-၂၃ အသင်းကို နည်းပြချုပ်အဖြစ် ဂတ်ဖရိုင်းဒရစ်၊ လက်ထောက်နည်းပြအဖြစ် မက် ဆီဒိုးနီးယားနိုင်ငံသား ပိုပေါ့စကီး နှင့် ဦးမြင့်ကို၊ ဂိုးနည်းပြအဖြစ် ဦးအောင်ကျော်ကျော်တို့က တာ ၀န်ယူကိုင်တွယ်မည်ဖြစ်သည်။

ထိုင်းယူ-၂၃ ဖိတ်ခေါ်ပြိုင်ပွဲ အတွက် ရည်ရွယ်၍ ပဏာမကစားသမား ၂၆ ဦး ရွေးချယ်ထားပြီး ၂၀၁၇ မလေးရှားဆီးဂိမ်းပြိုင်ပွဲဝင်အသင်းမှ ကစားသမား ၁၂ ဦးပြန်လည်ပါဝင်လာသည်။ ထို့ပြင် ဒူးဒဏ်ရာကြောင့် ကာလအတန် ကြာ အနားယူနေခဲ့ရသည့် ကွင်း လယ်ကစားသမား ကျော်မင်းဦး ပြန်လည်ပါဝင်လာသည်။

 ထိုင်းဘောလုံးအဖွဲ့ချုပ် သည် အဆိုပါပြိုင်ပွဲကို ၂၀၁၈ အာရှယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲ အတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် ကျင်းပခြင်းဖြစ်သည်။ ပြိုင်ပွဲတွင် ဗိုလ်စွဲသည့်အသင်းကို ဆုကြေး ကန်ဒေါ်လာ နှစ်သောင်း ချီးမြှင့်မည်ဖြစ်ကြောင်း ပြိုင်ပွဲ ကျင်းပရေးက ထုတ်ပြန်ထား သည်။