တက္ကသိုလ်တက်တော့မယ့် သားနဲ့ ခွဲရလို့ စိုးရိမ်နေတဲ့ ဒေးဗစ်ဘက်ခမ်း

နာမည်ကြီးဘောလုံး သမားဟောင်း၊ ဖက်ရှင်ဒီဇိုင်နာ ဒေးဗစ်ဘက်ခမ်းက သားဖြစ်သူ ဘရုခ်ကလင်တက္ကသိုလ်တက် ရန် နယူးယောက်မြို့သို့ ပြောင်း ရွှေ့မည့်အရေး စိုးရိမ်မိသည်ဟု ပြောကြားသည်။

ဘက်ခမ်း၏ အကြီးဆုံးသား ဓာတ်ပုံသမား ဘရုခ်ကလင် (၁၈)နှစ်သည် ယခုနှစ်ဆန်းပိုင်း က ပါဆင်ဒီဇိုင်းပညာသင် ကျောင်းတက်ရန် မိသားစုနှင့် ခွဲခွာပြီး ယခုတစ်ဖန်လန်ဒန်မြို့ မိသားစုနေအိမ်မှ ထွက်ခွာမည် ဖြစ်၍ ဘက်ခမ်း စိုးရိမ်နေခြင်းဖြစ် သည်။

ဘက်ခမ်း (၄၂)နှစ်သည် ရိုမီယို (၁၅)နှစ်၊ ခရုဇ် (၁၂)နှစ် နှင့် ဟာပါ (၆)နှစ်စသော နောက် ထပ်သားသမီးများလည်းရှိပြီး ၎င်း ၏ ဇနီးဗစ်တိုးရီးယား (၄၃)နှစ်က သားဖြစ်သူနှင့်ခွဲရ၍ စိတ်ပူခဲ့ရ သည်ဟု ပြောသည်။

ထိုအတောအတွင်း ဘရုခ် ကလင်သည် မင်းသမီး ဂရေ့စ်မို ရတ်ဇ်နှင့် ချစ်ကြိုက်နေကြောင်း သိရပြီး တက္ကသိုလ်၌လည်း မိန်း ကလေးပရိသတ်များ တွေ့ထား သည်ဟု ပြောသည်။

—Ref:Contactmusic

Top News