Petronas ကုမ္ပဏီ မြန်မာနိုင်ငံမှ ထွက်ခွာပေးရန် မလေးရှား လွှတ်တော်အမတ်များ တောင်းဆို

Petronas ကုမ္ပဏီက လုပ်ကိုင်နေသော ကမ်းလွန်စီမံကိန်းတစ်ခုကို တွေ့ရစဉ် (offshoreenergytoday.com)

ကွာလာလမ်ပူ− ဘင်္ဂါလီ မွတ် စလင်လူနည်းစုအပေါ် အကြမ်း ဖက်သည်ဟု မလေးရှား လွှတ် တော် အမတ်များက စွပ်စွဲကာ နိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီ Petro-liam Nasional Bhd (သို့မဟုတ်) Petronas ကို မြန်မာနိုင်ငံမှ ထွက် ခွာရန်နှင့် ရင်းနှီးမြှုပ်နှံမှုမပြုလုပ် ရန် နိုဝင်ဘာ ၈ ရက်က တောင်း ဆိုခဲ့သည်။

Fortune မဂ္ဂဇင်း၏ ထိပ် တန်း ကုမ္ပဏီ ၅၀၀ စာရင်းဝင် Petronas သည် မလေးရှားနိုင်ငံ တွင် အလုပ်အကိုင် အများဆုံးခန့်ထားသော ကုမ္ပဏီများအနက် တစ်ခုဖြစ်ပြီး ထိုင်းနိုင်ငံသို့ သဘာ ဝဓာတ်ငွေ့ပေးပို့သော နယ်စပ် ဂတ်စ်ပိုက်လိုင်း တစ်ခုနှင့်အတူ မြန်မာနိုင်ငံရှိ သဘာဝဓာတ်ငွေ့ လုပ်ကွက်များ ပိုင်ဆိုင်ထားသည်။

လူနည်းစု ဘင်္ဂါလီများသည် မြန်မာနိုင်ငံ၏ တရားဝင်နိုင်ငံသား များဖြစ်သည်ဟု မြန်မာအစိုးရက အသိအမှတ်မပြုပါက Petronas ကုမ္ပဏီအနေဖြင့် လာမည့်နှစ်က စ၍ မြန်မာနိုင်ငံရှိ လုပ်ငန်းများ တွင် ပါဝင်မှုအားလုံးကို ရပ်တန့် ရေး တောင်းဆိုသော စာတစ် စောင်ကို မလေးရှားလွှတ်တော် အမတ် ၄၀ ကျော်က နိုဝင်ဘာ ၈ ရက်စွဲဖြင့် လက်မှတ်ရေးထိုး၍ တောင်းဆိုခဲ့သည်။


khalilsafety.com

ထို့အပြင် ယင်းမလေးရှား လွှတ်တော်အမတ်များက ဘင်္ဂါ လီများအပေါ် ခွဲခြားဆက်ဆံမှု၊ ၎င်းတို့အပေါ် ကျူးလွန်သော ရာဇဝတ်မှုအားလုံး ချက်ချင်းရပ် တန့်ရန် တောင်းဆိုထားသည်။

Petronas ကုမ္ပဏီကို မြန်မာနိုင်ငံမှ ထွက်သွားရန် အမြတ်မယူ သော အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ဘင်္ဂါ လီများအတွက် နိုင်ငံတကာလှုပ် ရှားမှုအဖွဲ့ကလည်း အင်္ဂါနေ့က တောင်းဆိုခဲ့သည်။

 မလေးရှားသည် ဘင်္ဂါလီ ပြဿနာနှင့် ပတ်သက်၍ ဒေသ တွင်း အပြင်းထန်ဆုံး ဝေဖန်သော နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ပြီးစက်တင်ဘာက ယင်းပြဿနာနှင့်ပတ်သက်ကာ မြန်မာသံအမတ်ကို ဆင့်ခေါ်၍ မကျေနပ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ ထွက်ခွာရန် တောင်းဆိုမှုများနှင့်ပတ်သက်၍ Petronas ကုမ္ပဏီက တုံ့ပြန်မှတ် ချက်ပြုခြင်းမရှိသေးပေ။

  အောက်တိုဘာအတွင်း ဩစတြေးလျနိုင်ငံမှ Woodside Petroleum ကုမ္ပဏီနှင့် လုပ်ဖော် ကိုင်ဖက်များသည် တူးဖော်မှု ရလဒ်မကောင်းသောကြောင့် မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့ရှာဖွေရေး  အစီအစဉ်များကို ၂၀၁၈ အထိ နောက်ဆုတ်ခဲ့သည်။ ယင်းမှာ မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြဿနာနှင့် သက်ဆိုင်နိုင်သည် ဟု လေ့လာသူများက ပြောသည်။

—Ref: Reuters

Top News