NCA လက်မှတ်ရေးထိုးနိုင်ရေး မွန်ပြည်နယ်အစိုးရနှင့် မွန်ပြည်သစ်ပါတီ တွေ့ဆုံ

ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန်နှင့် တပ်နေရာချထားမှုနှစ်ချက် ကို NMSP တောင်းဆို
မွန်ပြည်နယ်အစိုးရနှင့် မွန်ပြည်သစ်ပါတီတို့ ယမန်နေ့က တွေ့ဆုံစဉ် (ဓာတ်ပုံ − သန္တာလှိုင်)

မွန်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးနှင့် အပစ်ရပ်စာချုပ် (NCA) တွင် လက်မှတ်ထိုးနိုင်ရန် မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် မွန် ပြည်သစ်ပါတီ(NMSP)တို့ နိုဝင် ဘာ ၈ ရက်ကတွေ့ဆုံခဲ့ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက် တာအေးဇံက ပြောသည်။


‘‘မွန်ပြည်နယ်အစိုးရအဖွဲ့နဲ့ မွန်ပြည်သစ်ပါတီဒီတစ်ခေါက် တွေ့ဆုံမှုမှာ ပူးပေါင်းဆောင်ရွက် မှုတိုးတက်လာတယ်လို့ ပြောရ မယ်။ အဓိကကတော့ မွန်ပြည် နယ်ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ဆွေးနွေးတယ်။ နောက်တစ်ခုက NCA လက်မှတ်ထိုးမယ့်ကိစ္စ။ သူ တို့ဘက်က အခက်အခဲကို တင်ပြ တယ်။ ပြည်နယ်အတွက် ဖြေရှင်း ရမယ့်ကိစ္စကို ကျွန်တော်တို့ဖြေ ရှင်းပေးနိုင်မယ်ထင်တယ်။ ပြည် ထောင်စုက ဖြေရှင်းရမယ့်ကိစ္စ ကို ကျွန်တော်တို့ပြည်ထောင်စုကို တင်ပြသွားမယ်။ ဘာအခက်အခဲ လဲဆိုတာ ကျွန်တော်မပြောသေး ဘူး’’ ဟု ဒေါက်တာအေးဇံကပြော ကြားသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် မွန်ပြည်သစ်ပါတီကိုယ်စားလှယ် အဖွဲ့သည် တစ်လတစ်ကြိမ်တွေ့ ဆုံမည်ဖြစ်ကာ နိုဝင်ဘာ ၂၃၊ ၂၄ ရက်တွင် ပြုလုပ်မည့် မွန်ပြည်သစ် ပါတီဗဟိုအစည်းအဝေး၌ NCA လက်မှတ်ထိုးရန် ဆွေးနွေးမည် ဖြစ်ကြောင်း ဒေါက်တာအေးဇံက ဆိုသည်။

မွန်ပြည်သစ်ပါတီသည် ၁၉၉၆ က စစ်အစိုးရနှင့်တွေ့ဆုံ ဆွေးနွေးခဲ့ပြီး အပစ်အခတ်ရပ်စဲ ရေးသဘောတူညီမှုစာချုပ်ချုပ်ဆို နိုင်ကာ ၂၀၁၀ တွင် အပစ်ခတ်ရပ် စဲရေးသဘောတူညီမှု ပျက်ပြယ် ခဲ့သည်။

ဒုတိယအကြိမ် သဘောတူ ညီမှုကို ၂၀၁၂ ဖေဖော်ဝါရီတွင် မွန်ပြည်သစ်ပါတီငြိမ်းချမ်းရေး ကိုယ်စားလှယ်ခေါင်းဆောင်များ နှင့် အစိုးရငြိမ်းချမ်းရေးကိုယ်စား လှယ်အဖွဲ့တို့နှင့်တွေ့ဆုံပြီး အ ပစ်ခတ်ရပ်စဲရေး သဘောတူညီခဲ့ သည်။

‘‘ကျွန်တော်တို့ ငြိမ်းချမ်း ရေးကို အမှန်တကယ်လည်း လို လားတယ်။ နောက် NCA လမ်း ကြောင်းအတိုင်းလိုက်ပါပြီးတော့ ငြိမ်းချမ်းရေးတည်ဆောက်မယ်။ အဲဒါကိုလည်း အတိအလင်းပြော ထားပြီးသား။ ကျွန်တော်တို့ပြည် နယ်အစိုးရကို တင်ပြထားတာ နှစ်ချက်ရှိပါတယ်။ ပထမအချက် ကတော့ ကျွန်တော်တို့တပ်ဖွဲ့ဝင် တွေကို အစိုးရကနေ ဥပဒေ ကြောင်းအရ အရေးယူဖမ်းဆီး ထားတာရှိတယ်။ ကျွန်တော်တို့ ဟာ ပြည်သူလူထုအပေါ်မှာ ဆူ ပူရမ်းကား၊ ခိုးဆိုးလုယက်တာ လည်းမဟုတ်ဘူး။ အစိုးရကို လက်နက်ကိုင်ပြီးတော့ ရန်ပြု တိုက်ခိုက်တာလည်း မဟုတ်ဘူး။ သာမန်လှုပ်ရှားစဉ်ဖြစ်သွားတဲ့အ ခါမှာ ရှေ့ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ရှိလာဖို့မျှော်ကိုး ပြီးတော့ ပြန်လွှတ်ပေးဖို့တောင်း ဆိုထားတာရှိတယ်။ နောက်တစ် ချက်က ၂၀၁၂ ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်း ရေးအပစ်ခတ်ရပ်စဲရေးစာချုပ် ချုပ်တဲ့အချိန်မှာ ကျွန်တော်တို့ပါ တီနဲ့ တပ်မတော်ဘက်က အစိုးရ ဘက်ကနေ သဘောတူထားတာရှိ တယ်။ တပ်တည်နေရာပေါ့။ ပြီး ခဲ့တဲ့ မွန်အမျိုးသားနေ့ကျင်းပတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ တပ် တွေက နေရာဝင်ယူထားတာရှိ တယ်။ အဲဒါကိုလည်း ကျွန်တော် တို့တပ်ပြန်ပြီးတော့ အခြေစိုက် နိုင်ဖို့ တပ်ဘက်ကို မကြာမကြာ ပြောဖူးပါတယ်။ ဒီကနေ့ထိ ဘာမှ လည်း အကောင်အထည်မပေါ် လာတော့ အစိုးရနဲ့တွေ့ဆုံခိုက် မှာပြောတာပါ’’ ဟု မွန်ပြည်သစ် ပါတီ ပြည်တွင်းရေးတာဝန်ခံ နိုင်ဝင်းလှက ပြောသည်။

Top News