ဒေါ်အောင်ဆန်းစုကြည်အား ပေးအပ်ထားသော ဆုတံဆိပ်များ ပြန်လည်သိမ်းခြင်းသည် ကလေးဆန်သောလုပ်ရပ်ဟုဆို

နိုင်ငံတကာအဖွဲ့အ စည်းအချို့က ဒေါ်အောင်ဆန်းစု ကြည်အား ပေးအပ်ထားသော ဂုဏ်ပြုဆုတံဆိပ်များ ပြန်လည်သိမ်းခြင်းသည် ကလေးဆန်သောလုပ်ရပ်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် မုံရွာအောင်ရှင်က ဝေဖန်ပြောကြားသည်။ 


နိုဝင်ဘာ ၇ ရက်က မကွေး တိုင်းဒေသကြီး အောင်လံမြို့၌ ပြုလုပ်သော နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည် ထောက်ခံပွဲတွင် ၎င်းက အ ထက်ပါအတိုင်း ပြောကြားသည်။ 

‘‘သူမက ယခုအခြေအနေမှာ အမျိုးသားရင်ကြားစေ့ရေးဆိုတဲ့မူကို ကိုင်စွဲပြီးသွားတယ်။ ရေရှည် မှာ အဆင်ပြေမယ့်နည်းလမ်းများ နဲ့ယခုဖြစ်ပေါ်နေတဲ့ ရခိုင်အရေး မှာ ဆောင်ရွက်နေတယ်။ ဒါကို မကျေနပ်လို့ ပေးအပ်ထားတဲ့ဆု တံဆိပ်အချို့ကို ပြန်သိမ်းမယ်ဆို တော့ဒီလုပ်ရပ်ဟာ ကလေးဆန် တဲ့လုပ်ရပ်သာဖြစ်တယ်။ သူမက ဒီဆုတံဆိပ်တွေကို တောင်းယူခဲ့ တာလည်း မဟုတ်ဘူး။ သူတို့ဘာ သာသူတို့ လေးစားလို့၊ ဂုဏ်ယူ လို့ ပေးပါတယ်ဆိုပြီး ပေးကြတာ သာဖြစ်တယ်။ ဒီလို ရှုံ့ချည် နှပ်ချည်လုပ်ရပ်ဟာ သူတို့ရဲ့သဘောထားမပြည့်ဝမှုသာဖြစ်တယ်’’ဟု ၎င်းကပြောသည်။ 

ဒေါ်အောင်ဆန်းစုကြည်အ နေဖြင့် အစိုးရအဖွဲ့ကို ဦးဆောင် ခွင့်ရရှိပြီးနောက်ပိုင်း ကြုံတွေ့နေ ရသော နိုင်ငံရေးအခက်အခဲများ တွင်လည်း မည်သူမည်ဝါကြောင့် ဟု အပြစ်တင်လွှဲချခြင်းမျိုး ပြုလုပ် ခဲ့ခြင်းမရှိဘဲ ခေါင်းဆောင်ကောင်း ပီသစွာ တာဝန်ခံလုပ်ဆောင်နေ ခြင်းသည် သူ၏ ခေါင်းဆောင် ကောင်းစိတ်ဓာတ် ပြည့်ဝမှုကို ဖော်ပြနေကြောင်း မုံရွာအောင်ရှင် က အခမ်းအနားတွင်ပြောသည်။ 

ဒီချုပ်အစိုးရသည် နိုင်ငံရေး အကျပ်အတည်းများနှင့် ရင်ဆိုင် နေရသော်လည်း ယင်းအကျပ် အတည်းများကို ပြည်သူ့အားဖြင့် အောင်မြင်စွာ ကျော်လွှားမည်ဖြစ် ကြောင်း ၎င်းက ဆိုသည်။ 

ရခိုင်ပြည်နယ် အရေးနှင့် ပတ်သက်၍ ဘင်္ဂါလီများကို ဖိနှိပ် သည်ဆိုကာ ဒေါ်အောင်ဆန်း စုကြည်အား ပေးအပ်ထားသည့် ဂုဏ်ပြုဆုတံဆိပ်များကို နိုင်ငံတ ကာအဖွဲ့အစည်းအချို့က ပြန် လည်ရုပ်သိမ်းနေသည်။ 

Top News