ရုပ်ရှင် အကြိုခံစားခြင်း

I'm not Robot

ဒီနေ့ ရုပ်ရှင်အကြိုကဏ္ဍလေးအတွက် တောင်ကိုရီးယား အချစ်ဒရာမာရုပ်သံဇာတ်လမ်းတွဲလေး အကြိုခံစားဖို့ ဖော်ပြလိုက်ပါတယ်။


MBC ရုပ်သံလိုင်းက ဗုဒ္ဓဟူး၊ ကြာသပတေး ည ၁၀နာရီမှာ ထုတ်လွှင့်ပြသမှာဖြစ်ပြီး အပိုင်း ၁၆ ပိုင်းရှုစားရမှာ ဖြစ်ပါတယ်။

ရှားရှားပါးပါးရောဂါတစ်မျိုးဖြစ်တဲ့ လူတွေနဲ့ဓာတ်မ တည့်တဲ့ ရောဂါရှိတဲ့ လူငယ်သူဌေးလေးတစ်ယောက် စက်ရုပ်မလေးနဲ့မှ ချစ်ခြင်းတရားတွေ ပေါ်ပေါက်လာတဲ့အကြောင်း ဇာတ်အိမ်တည်ထားတဲ့ လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါးဇာတ်ကား လေးပါ။

ကင်မင်ယူဟာ တောင်ကိုရီး ယားမှာ အကြီးဆုံးငွေကြေး ကုမ္ပဏီကြီးရဲ့ အကြီးအကဲဖြစ်ပြီး ရှားရှားပါးပါးရောဂါတစ်မျိုးရှိ နေ သူပါ။ အဲဒါကတော့ လူတွေနဲ့ဓာတ်မတည့်တဲ့ ရောဂါဖြစ် တာမို့ လူအများနဲ့မထိတွေ့စေတဲ့ ပိုးမွှားကင်းစင်အောင် အထူးစီမံထားတဲ့နေရာမှာ နေထိုင်ရင်း အ လုပ်လုပ်နေတာဖြစ်ပါတယ်။ 

ဂျိုဂျီအာက EQ အရမ်းမြင့်တဲ့ မိန်းကလေးဖြစ်ပြီး စွန့်ဦးတီထွင်လုပ်ဆောင်ရတာကို အရမ်းဝါ သနာပါပြီး လူတွေလိုအပ်တဲ့ အရာတွေကို တီထွင်ဖန်တီးနိုင်ဖို့ စိတ်ကူးအိပ်မက်တွေနဲ့ပါ။ တစ်ရက်မှာတော့ သူ့ရဲ့ချစ်သူဟောင်း စက်ရုပ်တီထွင်သူ ဘက်ဂျွန်းရဲ့ အကူအညီတောင်းမှုကြောင့် စက်ရုပ်အဖြစ်အချိန်ပိုင်း လုပ်ဖို့ဖြစ် လာခဲ့ပါတယ်။ စက်ရုပ်တီထွင်သူဟုန်ဘက် ဂျွန်းက ဂျိုဂျီအာရဲ့ချစ်သူဟောင်းဖြစ်ပြီး လူသားအသိဥာဏ်ရှိတဲ့ စက်ရုပ်ကို တိတ်တ ဆိတ်တီထွင်နေသူပါ။

ဒီလိုနဲ့ တစ်ရက်မှာတော့ လူ တွေနဲ့ ဓာတ်မတည့်တဲ့ ကင်မင်ယူဆီကို ဘက်ဂျွန်းက စက်ရုပ်မလေးကို စေလွှတ်ခဲ့ပါတယ်။ ဂျီအာကို စက်ရုပ်အဖြစ်နေပေးဖို့ အချိန်ပိုင်း လုပ်စေခဲ့တာဖြစ်ပြီး တစ်ခါမှ မိန်းကလေးတွေနဲ့ အနီးကပ်မနေဖူး၊ ချစ်သူလည်းမထားဖူးတဲ့ မင်ယူတစ်ယောက် စက်ရုပ်အယောင်ဆောင် ဂျီအာကြောင့် အပြောင်းအလဲကြီး ပြောင်းလဲလာပါတော့ တယ်။ မင်ယူ၊ ဂျီအာနဲ့ ဘက်ဂျွန်း တို့ကြားက ချစ်ခရီးလမ်းက ဘယ် လိုပုံစံနဲ့ အဆုံးသတ်မှာလဲဆိုတာ  ဇာတ်လမ်းတွဲအပိုင်းလိုက် စိတ် ၀င်စားဖို့ကောင်းတဲ့ တင်ဆက်ပုံလေးတွေနဲ့မို့ ပရိသတ်သဘော ကျမှာ သေချာပါတယ်။

ပါဝင်ထားသူတွေကတော့ Yoo Seung-Ho၊ Chae Soo Bin၊ Uhm Ki Joon ၊Kang Ki Young စသူတွေပဲဖြစ်ပါတယ်။

Top News