သံလွင်မြစ်အတွင်း စက်လှေတိမ်းမှောက်၊ လူသုံးဦးပျောက်ဆုံးနေ

လူ ခုနစ်ဦးလိုက်ပါလာ သော စက်လှေတစ်စီး သံလွင်မြစ် အတွင်း တိမ်းမှောက်ကာ သုံးဦး ပျောက်ဆုံးမှု  ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်၌ ဖြစ်ပွားခဲ့သည်။လှိုင်းဘွဲမြို့နယ် ကမ်းနီ ကျေးရွာမှ အမျိုးသား တစ်ဦး၊ အမျိုးသမီး ခြောက်ဦးလိုက်ပါလာ သော စက်လှေတစ်စီးသည် နိုဝင် ဘာလ ၈ ရက် ညနေ ၅ နာရီခန့် က ကမ်းနှင့် ၁၅ ပေအကွာတွင် တိမ်းမှောက်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

စက်လှေတိမ်းမှောက်မှုတွင် လေးဦးအသက်ရှင်လျက် လွတ် မြောက်ခဲ့သော်လည်း အမျိုးသား တစ်ဦး၊ အမျိုးသမီး နှစ်ဦးပျောက် ဆုံးနေ၍ ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေဆဲဖြစ်ကြောင်း ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

စက်လှေမောင်းသူကို လှိုင်း ဘွဲမြို့နယ် ရွှေဂွန်းနယ်မြေရဲစခန်းတွင် ထိန်းသိမ်းထားပြီး ရာဇသတ်ကြီးပုဒ်မ ၂၈၀/၃၃၇ (ရေယာဉ်အား ပေါ့လျော့စွာမောင်းနှင်မှု၊ ပေါ့လျော့မှုကြောင့် သာမန်နာ ကျင်စေမှု)ဖြင့် အမှုဖွင့်စစ်ဆေး နေသည်။

ဘားအံမြို့နယ် ဥသျှစ်ကုန်း ရွာတွင်လည်း မိသားစုဝင် ကိုးဦး လိုက်ပါလာသော စက်လှေတစ် စီးတိမ်းမှောက်ကာ ကလေးငယ် လေးဦးအပါအ၀င် ငါးဦးသေဆုံးခဲ့သည့်ဖြစ်စဉ် အောက်တိုဘာ ၇ ရက်က ဖြစ်ပွားခဲ့သည်။