ဗီဒီယို အကြိုခံစားခြင်း

ကျွန်တော်နှင့် ဆွေတော်မျိုးတော်များ

ဒီနေ့ရဲ့ဗီဒီယိုအညွှန်းကဏ္ဍမှာတော့ အိမ်ထောင်ရေးဟာသကားလေးကို ညွှန်းလိုက်ပါတယ်။


သူရိန်နဲ့ ရွှေရည်တို့က အိမ်ထောင်ကျတာ မကြာသေးပါဘူး။ နောက်ပြီး သူရိန်က ရွှေရည့်ကို အရမ်းချစ်ပါတယ်။တကယ်တော့ ရွှေရည်က နည်းနည်းဆိုးပါတယ်။ သူရိန်က အရမ်းရိုးပြီး သူ့မိန်းမကိုအရမ်းယုံပါတယ်။ ရွှေရည်ကနှစ်လုံးထီလည်း အရမ်းထိုးပါတယ်။ အဲဒါကြောင့် အကြွေးလာတောင်းခံရတာလည်း ခဏခဏပါပဲ။ အဲဒါကို သူရိန်လုံးဝမသိပါဘူး။ သူရိန်ကလည်း သူ့မိန်းမကို အရမ်းယုံတာကြောင့် အဲဒါတွေကို လုံးဝသတိမထားမိတာပါ။

တစ်ရက်မှာတော့ သူယူလာ တဲ့ငွေထဲကနေ မန်နေဂျာကိုပေးတဲ့အချိန်မှာ ပိုက်ဆံလိုနေပါတယ်။ တကယ်တော့ အဲဒီလိုနေတဲ့ငွေတွေက ရွှေရည်က နှစ်လုံးထီကြွေးပေးရတာပါ။ အဲဒါကို သူရိန်ကတော့ လုံးဝမသိပါဘူး။ နောက်ပြီး သူ့ သူငယ်ချင်းက ရွှေရည်ယူသုံးလို့ လျော့တာမဖြစ်နိုင်ဘူးလား လို့မေးတဲ့အချိန်မှာတော့ သူရိန်က လုံးဝမဖြစ်နိုင်ဘူးလို့ ပြောခဲ့ပါတယ်။ သူရိန်က သူ့မိန်းမကိုအဲဒီလိုယုံတာပါ။

နောက်ပြီး ရွှေရည်က သူ့ဘေးက ခြံနဲ့လည်း မတည့်ပါဘူး။ မတည့်တာကလည်း တခြားကြောင့် မဟုတ်ပါဘူး။သူတို့အိမ်က အမှိုက်ထုပ်ကို ဘေးခြံကိုပစ်ရင်းနဲ့ ရန်ဖြစ်ကြတာပါ။သူရိန်ကလည်း သူ့မိန်းမဘက်က အမှန်ဆိုပြီး တစ် ဖက်အိမ်က အမျိုးသမီးနဲ့ တစ်ယောက်တစ်ခွန်း စကားများ ခဲ့ပါတယ်။

အဲဒီလိုနဲ့ နောက်ရက်မှာတော့ ရွှေရည်ရဲ့အဒေါ်က သူရိန်တို့ဆီကို ရောက်လာခဲ့ပါတယ်။ ရွှေရည်ရဲ့အဒေါ်က တကယ် တော့ နှစ်လုံးထီတွေ အရမ်းထိုး တာကြောင့် အကြွေးတွေပိပြီး ရောက်လာခဲ့တာပါ။ ဒါပေမဲ့လည်း သူရိန်ရှေ့မှာတော့ သူဌေး ပုံစံနဲ့ ဟန်ဆောင်နေခဲ့ပါတယ်။ နောက်ပြီး သူရိန်တို့အိမ်မှာလည်း တစ်မျိုးပြီး တစ်မျိုးခေါင်းစားနေပါတယ်။

အစားအသောက်ဆိုရင်လည်း သူတို့စားတာနဲ့တင် မစားနိုင်ဘဲ တခြားဟင်းတွေ ထပ်စားချင်တယ်ဆိုပြီး ပြောလေ့ရှိပါ တယ်။ နောက်ဆုံး သူရိန်တို့အိမ်မှာရှိတဲ့ တီဗီကိုတောင် သူကြည့်တဲ့ကိုရီးယားကားတွေ ကြည့်လို့မကောင်းလို့ဆိုပြီး တီဗီအသစ်လဲ ခိုင်းပါတယ်။

သူရိန်လည်း ရွှေရည်ရဲ့အဒေါ်ကြောင့် အရမ်းစိတ်ညစ်နေ ပါတယ်။ ဒါပေမဲ့လည်း ခဏလာတဲ့ဧည့်သည်ပဲ ဆိုပြီး သည်းခံ နေရပါတယ်။ သူရိန်မသိတာက ရွှေရည်က သူ့အဒေါ်နဲ့ပေါင်းပြီး နှစ်လုံးထီတွေ အရမ်းထိုးနေတာ ကိုပါ။ တစ်ရက်မှာ နှစ်လုံးထီကိစ္စပြောနေရင်း ဘေးအိမ်က အမျိုးသ မီးနဲ့လည်း ရန်ဖြစ်ခဲ့ပါတယ်။ အဲဒါကြောင့် ရပ်ကွက်ရုံးအထိ သူရိန် လိုက်ရှင်းပေးခဲ့ရပါတယ်။

ရိုးရိုးအေးအေးနေတတ်တဲ့ သူရိန် သူ့မိန်းမရွှေရည်ရဲ့လှည့် ကွက်တွေကို ဘယ်အချိန်မှသိမှာ လဲ၊ ရွှေရည်ရဲ့အမျိုးတွေကကော သူရိန်တို့ကို ဘယ်လိုဒုက္ခတွေလာပေးဦးမှာလဲဆိုတာကိုတော့ ပီတိထုတ်လုပ်ရေးက ဖြန့်ချိပေး ထားတဲ့ ကျွန်တော်နှင့်ဆွေတော်မျိုးတော်များ ဆိုတဲ့ဇာတ်ကား လေးမှာ ဆက်လက်ရှုစားပေးပါ။

ဒီဇာတ်ကားမှာ သူရိန်အဖြစ် နေဒွေးနဲ့ ရွှေရည်အဖြစ် ဝင့်ယမုံလှိုင်တို့က ပါဝင်သရုပ်ဆောင် ထားပြီး အလင်္ကာရဲ့ ဇာတ်လမ်းကိုဥက္ကာမင်း ဇာတ်ညွှန်းရေးထား ကာ ဒါရိုက်တာ မျိုးထူးက ရိုက်ကူးပုံဖော်ထားပါတယ်။

Top News