အာရှဖလားခြေစစ်ပွဲအကြို ခြေစမ်းပွဲတွင် မြန်မာအသင်း ကမ္ဘောဒီးယားကို အနိုင်ရ

အာရှဖလားခြေစစ်ပွဲအကြို မြန်မာနှင့် ကမ္ဘောဒီးယားအသင်းတို့ ခြေစမ်းပွဲ ယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ − MFF)

အာရှဖလားခြေစစ်ပွဲ အကြို ခြေစမ်းပွဲတွင် မြန်မာအ သင်းက ကမ္ဘောဒီးယားအသင်းကို အကြိတ်အနယ် ယှဉ်ပြိုင်ပြီး ၂-၁ ဂိုးဖြင့် အနိုင်ရရှိသည်။

နိုဝင်ဘာ ၉ ရက်က ကမ္ဘော ဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ ယှဉ်

ပြိုင်သည့် ယင်းပွဲတွင် မြန်မာကကမ္ဘောဒီးယားကို ပထမပိုင်း၌ ခြေစွမ်းအသာဖြင့် ဖိကစားခဲ့သည်။ ပွဲချိန် ၁၅ မိနစ်တွင် မြန်မာနောက် ခံလူ ဇော်မင်းထွန်းက ပြစ်ဒဏ် ဘောမှတစ်ဆင့် ခေါင်းတိုက်ပြီး ဦးဆောင်ဂိုးသွင်းယူခဲ့သည်။

ဒုတိယပိုင်းတွင် ကမ္ဘောဒီး ယားအသင်းက ချေပဂိုးရရန် တိုက်စစ်မြှင့်ခဲ့ပြီး ပွဲချိန် ၄၉ မိနစ်၌ မြန်မာအသင်းနောက်ခံလူများ အားနည်းချက်ကြောင့် ကမ္ဘောဒီးယားအသင်းက ချေပဂိုးပြန်လည်သွင်းယူသည်။ မိနစ် ၇၀ တွင် မြန်မာတိုက်စစ်မှူးအောင်သူက ဂိုးဧရိယာအတွင်း အပိုင်ကန်သွင်းကာ ဒုတိယအနိုင်ဂိုးသွင်းယူခဲ့သည်။

နောက်ပိုင်း မိနစ်များတွင် နှစ်သင်းစလုံး ဂိုးထပ်မံသွင်းယူနိုင် ခြင်းမရှိသဖြင့် မြန်မာက ကမ္ဘောဒီးယားကို ၂-၁ ဂိုးဖြင့် အနိုင်ရ သည်။ မြန်မာအသင်းသည် ကမ္ဘောဒီးယားအသင်းနှင့် ခြေစစ် ပွဲကစားပြီးနောက် အိန္ဒိယနိုင်ငံသို့ ဆက်လက်ထွက်ခွာမည်ဖြစ်ပြီး နိုဝင်ဘာ ၁၄ ရက်တွင် အိန္ဒိယအ သင်းနှင့် အာရှခြေစစ်ပွဲ အုပ်စု(ဆ)ပွဲစဉ် (၅)အဖြစ် ယှဉ်ပြိုင်မည်ဖြစ် သည်။ မတ်လ ၂၈ ရက်က ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်သည့် မြန်မာနှင့် အိန္ဒိယတို့၏ ပထမ အကျော့တွင် မြန်မာက ၁-၀ ဂိုး ဖြင့် ရှုံးနိမ့်ခဲ့သည်။

မြန်မာသည် ခြေစစ်ပွဲသုံးပွဲ ကစားအပြီး ရမှတ်လေးမှတ်သာ ရရှိသဖြင့် အိန္ဒိယအသင်းနှင့် ပွဲစဉ်၌ ရမှတ်ရရှိမှသာ ခြေစစ်ပွဲအောင်မြင်ရန် မျှော်လင့်နိုင်သည်။

၂၀၁၉ အာရှဖလားတတိယ အဆင့် ခြေစစ်ပွဲအုပ်စု (က)တွင် အိန္ဒိယအသင်းက လေးပွဲကစား၊ လေးပွဲနိုင်၊ ရမှတ် ၁၂ မှတ်ဖြင့် လက်ကျန်နှစ်ပွဲ ကျန်ရှိသေးသော် လည်း ခြေစစ်ပွဲအောင်မြင်ပြီးဖြစ် သည်။ မြန်မာနှင့် ကာဂျစ္စတန် အသင်းတို့သည် သုံးပွဲကစား၊ ရ မှတ် လေးမှတ်စီ တူညီနေသော် လည်း အဝေးဂိုးစည်းမျဉ်းအရ ကာဂျစ္စတန်က ဒုတိယ၊ မြန်မာက တတိယနေရာ၌  ရပ်တည်နေ သည်။

Top News