တပ်မတော်နှင့် AA တိုက်ပွဲကြောင့် လူ ၃၀၀ ကျော် နေရပ်စွန့်ခွာရဟု ချင်းပြည်နယ် အစိုးရ ထုတ်ပြန်

ပလက်ဝမြို့နယ် ကုန် ပြင်ကျေးရွာအနီး၌ မြန်မာ့တပ်မ တော်နှင့် ရခိုင်လက်နက်ကိုင်အ ဖွဲ့ကြား ဖြစ်ပွားနေသော တိုက်ပွဲ များကြောင့် လူ ၃၀၀ ကျော်ထွက် ပြေး တိမ်းရှောင်ခဲ့ရကြောင်း ချင်း ပြည်နယ်အစိုးရက နိုဝင်ဘာ ၉ ရက်တွင် သတင်းထုတ်ပြန်သည်။


ပလက်ဝမြို့နယ် ကုလား တန်မြစ်အထက်ပိုင်းရှိ ကုန်ပြင် ကျေးရွာအနီးတွင် တပ်မတော် ခြေမြန်တပ်ရင်း (၃၇၈)နှင့် AA အဖွဲ့များ နိုဝင်ဘာ ၂ ရက်ကစ၍ တိုက်ပွဲဖြစ်ခဲ့ပြီး ကုန်ပြင်နှင့်အနီး တစ်ဝိုက်ကျေးရွာများရှိ ပြည်သူ အနည်းဆုံး ၃၀၉ ဦး (ကျား-၁၆၃ဦး၊ မ-၁၄၆ဦး)သည် နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်းနှင့် နိုဝင်ဘာ ၈ ရက်တွင် တပ်မတော်သား များ လိုက်ပါလာသည့် စက်လှေ တစ်စီးနှင့် အရပ်သားပြည်သူများ လိုက်ပါလာသည့် စက်လှေတစ် စီးကို AA လက်နက်ကိုင်အဖွဲ့က ပစ်ခတ်သဖြင့် အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာရရှိပြီး ကျောက် ဖြူစက်မှုလက်မှု သိပ္ပံကျောင်း သားတစ်ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

လတ်တလောတွင် စစ် ရှောင်လူဦးရေစာရင်းအတိအကျ ကောက်ယူရန် အခက်အခဲရှိပြီး တောင်ယာစပါးရိတ်သိမ်းခါနီး တိမ်းရှောင်ကြရခြင်းကြောင့် စား ၀တ်နေရေး အခက်အခဲကြုံ တွေ့နေရကာ ကူညီထောက်ပံ့လို သူများ ပလက်ဝမြို့နယ်လူမှုရေး အသင်း၊ဖုန်းနံပါတ် ၀၉-၇၉၆၈၇ ၇၁၂၉ သို့ ဆက်သွယ်နိုင်ကြောင်း သတင်းထုတ်ပြန်သည်။