တိုကျိုအိုလံပစ်နှင့် ပါရာဂိမ်းပြိုင်ပွဲဝင်ရန် ဂျပန်နည်းပြများဖြင့် လေ့ကျင့်မည်

၂၀၂၀ တိုကျိုအိုလံပစ် နှင့် ပါရာဂိမ်းပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန် ဂျပန်နိုင်ငံမှ နည်းပြ ဆရာများက မြန်မာကစားသမား များအား လာရောက် လေ့ကျင့် ပေးမည်ဟု အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ တာဝန်ရှိသူတစ် ဦးက ပြောသည်။ 

ဂျပန်နိုင်ငံက ကစားနည်း များအလိုက် နည်းပြများက မြန်မာနိုင်ငံတွင် လာရောက်လေ့ကျင့် သင်ကြားပေးမည်ဖြစ်ပြီး ဂျပန်နိုင် ငံဆိုင်းတမခရိုင် စူရှဝရှိမမြို့တွင် လည်း မြန်မာကစားသမားများကို ခေါ်ယူလေ့ကျင့်ပေးရန် အောက်တိုဘာ နောက်ဆုံးအပတ်က ကျန်းမာရေးနှင့်အားကစားဝန် ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့် ဂျပန်နိုင်ငံအားကစားဝန် ကြီးဌာန အကြီးအကဲများ နား  လည်မှုစာချွန်လွှာလက်မှတ်ရေး ထိုးခဲ့သည်။ 

‘‘ကျွန်တော်တို့ဆီကို ဂျပန် နိုင်ငံက နည်းပြတွေက လာရောက်လေ့ကျင့်သင်ကြားပေးမှာဖြစ်သ လို ကျွန်တော်တို့ဆီက ကလေး တွေကိုလည်း ဂျပန်နိုင်ငံမှာ ခေါ် ယူပြီး လေ့ကျင့်ပေးဖို့အတွက် နှစ် နိုင်ငံအကြား နားလည်မှုစာချွန် လွှာလက်မှတ်ရေးထိုးထားပါ တယ်။ ကျွန်တော်တို့အနေနဲ့ လာ မယ့် ၂၀၂၀ ဂျပန်မှာ လုပ်မယ့် အို လံပစ်ပြိုင်ပွဲအတွက် ကြိုတင်ပြင် ဆင်ခြင်းဖြစ်ပါတယ်’’ဟု အားက စားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

မြန်မာ့အားကစားပြန်လည် ဖွံ့ဖြိုးတိုးတက်လာစေရန်ဖွံ့ဖြိုးပြီး နိုင်ငံများ၏အကူအညီကို လက်ခံဆောင်ရွက်ရမည်ဖြစ်ပြီး ဂျပန်အပြင် တရုတ်နိုင်ငံနှင့်လည်း အားကစားနှင့် ပတ်သက်သည့် အကူအညီများရရှိရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားကြောင်း ၎င်းက ဆိုသည်။ 

၂၀၂၀ တိုကျိုအိုလံပစ်အား ကစားပြိုင်ပွဲမတိုင်မီ ဖိလစ်ပိုင် နိုင်ငံ၌ ကျင်းပမည့် အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှအား ကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံက အဆင့်(၃) အတွင်း ဝင်ရောက်နိုင် ရန် အချိန်ယူဆောင်ရွက်ရမည် ဖြစ်ပြီး အားကစားနည်းများအ လိုက် လက်ရွေးစင်ကစားသမား များကို တရုတ်နှင့် ဂျပန်နိုင်ငံတို့ တွင် ကာလရှည်စခန်းသွင်း လေ့ကျင့်ရန် စီစဉ်ထားကြောင်း တာဝန်ရှိသူက ပြောသည်။ 

လက်ရှိတွင် ဂျပန်နိုင်ငံ နည်းပြဆရာများက လအလိုက် အချိန်ဇယားများရေးဆွဲကာ ကစားနည်းများအလိုက် လာရောက် သင်ကြားပေးရန် စီစဉ်ထားပြီး မန္တလေး အားကာသိပ္ပံကျောင်း အတွက် ရေကူးနည်းပြ Mr. Ryuki Homma က အောက်တို ဘာ ၃၁ ရက်မှ စတင်ကာ ၂၀၁၈ ဖေဖော်ဝါရီလကုန်ထိ သင်ကြားပေးနေသည်။

Top News