တောင်ကြီးကွင်းကို အာရှကလပ်ချန်ပီယံလိဂ် ခြေစစ်ပွဲကျင်းပခွင့်ရရန် ရှမ်းအသင်းကြိုးပမ်းနေ

 မြန်မာလိဂ်ကလပ်ရှမ်း ယူနိုက်တက်အသင်းသည် အိမ် ကွင်းဖြစ်သည့် တောင်ကြီးမြို့ရှိ ပြည်နယ် အားကစားကွင်းကို ၂၀၁၈ အာရှကလပ်ချန်ပီယံလိဂ် ခြေစစ်ပွဲကျင်းပခွင့်ရရန် ကြိုးပမ်း နေကြောင်း အသင်းတာဝန်ရှိသူ ဦးရဲမျိုးထွန်းက ပြောသည်။ 

ရှမ်းအသင်းသည် ယခုနှစ် မြန်မာလိဂ်ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သ ဖြင့် ၂၀၁၈ အာရှကလပ် ချန်ပီယံ လိဂ်ခြေစစ်ပွဲအဆင့်သို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိထားသည်။ 

နိုဝင်ဘာ ၈ ရက်က တောင် ကြီးကွင်းကို အာရှဘောလုံးအဖွဲ့ ချုပ်၏ဈေးကွက်ပါတနာကုမ္ပဏီ ဖြစ်သည့် Lagadere Sports မှ တာဝန်ရှိသူ မစ္စတာဆမ်မာနှင့် မြန်မာလိဂ်တာဝန်ရှိသူများက အာရှအဆင့်ပြိုင်ပွဲ ကျင်းပခွင့်ပေးရန် သွားရောက်စစ်ဆေးခဲ့သည်။ 

ယင်း စစ်ဆေးချက်အရ လက်ရှိကွင်းအနေအထားသည် ဆိုးရွားခြင်းမရှိဘဲ လိုအပ်သည့်အ ပိုင်းများ အဆင့်မြှင့်တင်ပါက AFC က ပြိုင်ပွဲကျင်းပခွင့်ပေးနိုင် ဖွယ်ရှိကြောင်း၊ ရှမ်းပြည်နယ် ပရိသတ်များ ကွင်းပြည့်ကွင်းလျှံ ကြည့်ရှုအားပေးပါက ပြိုင်ပွဲပုံရိပ် ပိုကောင်းစေကြောင်း မစ္စတာ ဆမ်မာက ဆိုသည်။ 

‘‘AFC ဘက်က ကျွန်တော် တို့ကွင်းကို လိုတဲ့အပိုင်းတွေပြင် ဖို့ ဒီရက်ပိုင်းအတွင်း အကြောင်း ပြန်ပေးသွားမယ် ပြောပါတယ်။ သူတို့ရဲ့စည်းကမ်းချက်တွေအ တိုင်း ကျွန်တော်တို့ဘက်က သတ်မှတ်ရက်အမီ အဆင့်မြှင့်ပြုပြင် ပေးနိုင်မယ်ဆိုရင် ကျင်းပခွင့်ရမှာ ပါ။ အသင်းပရိသတ်တွေ အာရှ ပြိုင်ပွဲကို အိမ်ကွင်းတောင်ကြီး ကွင်းမှာ အားပေးခွင့်ရဖို့တော့ ကျွန်တော်တို့ရှမ်းအသင်းအနေနဲ့ အကောင်းဆုံး ကြိုးပမ်းသွားမှာ ပါ’’ဟု ဦးရဲမျိုးထွန်းက ပြောသည်။ အာရှကလပ်ချန်ပီယံရှစ် ပြိုင်ပွဲ၏ အခြေခံသတ်မှတ်ချက် အရ ကွင်းအတွင်းရှိ ထိုင်ခုံများကို ခုံနံပါတ်အလိုက် ထားရှိရမည်ဖြစ် ပြီး LED Score Borad, Flood Light များ အပါအဝင် လိုအပ် သည့် အခန်းများ၊ Media Tribune, TV Control Room စသည့် အခြေခံလိုအပ်ချက်များ အဆင့်မီစွာ ပြုပြင်ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်က ကြီးမှူးကျင်းပသည့် ၂၀၁၇မြန်မာလိဂ်ပြိုင်ပွဲတွင် ဗိုလ်စွဲသည့် ရှမ်းအသင်းက ၂၀၁၈ အာရှ ကလပ်ချန်ပီယံလိဂ်ပြိုင်ပွဲ ခြေစစ် ပွဲအဆင့် ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ပြီး ဒုတိယနေရာမှ ရန်ကုန်အသင်းက ၂၀၁၈ အာရှကလပ်ပြိုင်ပွဲခြေစစ် ပွဲအဆင့် ယှဉ်ပြိုင်ရမည် ဖြစ် သည်။ 

Top News