ဒေါ်အောင်ဆန်းစုကြည် အေပက်အဖွဲ့ဝင် ခေါင်းဆောင်များ တွေ့ဆုံပွဲနှင့် အာဆီယံ ထိပ်သီးအစည်းအဝေးများ တက်ရောက်ရန် ဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံသို့ ထွက်ခွာ

ဗီယက်နမ်သမ္မတနှင့် တွေ့ဆုံဆွေးနွေး
အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် ဗီယက်နမ်သမ္မတ မစ္စတာထရမ်ဒိုင်ကွမ်တို့ ဒါနန်းမြို့တွင် တွေ့ဆုံစဉ် (ဓာတ်ပုံ − နိုင်ငံတော်အတိုင်ပင်ခံရုံး)

နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်သည် ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့် အာဆီယံနိုင်ငံ ခေါင်း ဆောင်များနှင့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) အဖွဲ့ဝင်နိုင်ငံခေါင်း ဆောင်များ သီးသန့်တွေ့ဆုံပွဲနှင့် ဖိလစ်ပိုင်နိုင်ငံတွင် ပြုလုပ်မည့် အာဆီယံထိပ်သီးအစည်းအဝေး နှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် နိုဝင်ဘာ ၉ ရက် တွင် ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာ သွားသည်။

ဒေါ်အောင်ဆန်းစုကြည် သည် ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့ ၌ ကျင်းပမည့် APEC ခေါင်း ဆောင်များ တွေ့ဆုံပွဲအပြီးတွင် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ကျင်းပမည့် (၁၂)ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအ ဝေး (EAS) နှင့် (၃၁)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး နှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်ရန် နိုဝင်ဘာ ၁၁ ရက်တွင် ဖိလစ်ပိုင်နိုင်ငံသို့ ဆက်လက်သွားရောက်မည်ဖြစ်သည်။ဒေါ်အောင်ဆန်းစုကြည် သည် ပြီးခဲ့သည့် ဇွန်လ ၄ ရက်က ကနေဒါနိုင်ငံနှင့် ဆွီဒင်နိုင်ငံတို့သို့ တရားဝင် ခရီးစဉ်အဖြစ်  သွား ရောက်ခဲ့ပြီးနောက် သြဂုတ် ၂၅ ရက်တွင် မောင်တောဒေသ အကြမ်းဖက်ခံရပြီး နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာအစိုးရ အပေါ် ဖိအားပေး ဝေဖန်ခဲ့ရာ ပြီးခဲ့သည့် စက် တင်ဘာ ၁၉ ရက်က ပြုလုပ်သော ကုလသမဂ္ဂ အထွေထွေ ညီလာ ခံသို့ တက်ရောက်ခဲ့ခြင်းမရှိပေ။ သို့သော် ရခိုင်ပြည်နယ်အရေး နှင့်ပတ်သက်၍ ကိုင်တွယ်ဖြေရှင်း မည့် လုပ်ငန်းစဉ်နှင့် အစိုးရ၏ မူဝါဒသဘောထားတို့ကို ပြည် တွင်းမှနေ၍ မိန့်ခွန်းပြောကြားကာ ကမ္ဘာသို့ အသိပေးခဲ့သည်။

ယခု ဒေါ်အောင်ဆန်းစု ကြည် တက်ရောက်မည့် အေပက် ခေါင်းဆောင်များ တွေ့ဆုံပွဲနှင့် အာဆီယံ ထိပ်သီးအစည်းအဝေး နှင့် အရှေ့အာရှ ထိပ်သီးအစည်း အဝေးများသည် ရခိုင်အရေးဖြစ် ပွားပြီးနောက် ပထမဆုံး နိုင်ငံ တကာ ခေါင်းဆောင်များနှင့် တွေ့ဆုံမည့် အစည်းအဝေးများ ဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံတွင် ပြုလုပ် မည့် အရှေ့အာရှ ထိပ်သီးအစည်း အဝေးသို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် နိုင်ငံခြားရေး ဝန်ကြီး ရက်စ်တီလာဆန်တို့လည်း တက်ရောက်မည် ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်ထား သည်။ သို့သော် ဒေါ်အောင်ဆန်း စုကြည်သည် ယင်းအစည်းအဝေး ၌ အမေရိကန်သမ္မတဒေါ်နယ် ထရန့်နှင့် သီးသန့်တွေ့ဆုံရန် ယနေ့ နိုဝင်ဘာ ၉ ရက်အထိ အစီ အစဉ်မရှိသေးကြောင်း နိုင်ငံခြား ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်း ဝန် ဦးကျော်ဇေယျက ပြောသည်။

‘‘EAS အစည်းအဝေးမှာဆို ရင် ၁၈ နိုင်ငံရှိတာပေါ့။ မြန်မာ လည်းပါတယ်။ ဟိုဘက်က အမေရိကန်လည်း ပါတာပေါ့။ ဒီခေါင်းဆောင်တွေက ၁၈ နိုင်ငံ ခေါင်းဆောင်တွေထိုင်တဲ့ အစည်း အဝေးမှာတော့၊ သက်ဆိုင်ရာ နိုင် ငံက ခေါင်းဆောင်တွေ တက် မယ်ဆိုရင် ဒီမှာတော့ တွေ့ကြမှာ ပဲလေ။ သီးခြားတွေ့ဆုံမှုကတော့ သီးသန့်အဆိုပြုတာတွေ ရှိတာ ပေါ့။ လောလောဆယ်တော့ အဲဒီ လိုအဆိုပြုတာ အမေရိကန်တော့ မပါသေးဘူးပေါ့။ ကျန်တဲ့နိုင်ငံက ခေါင်းဆောင်တွေ နှစ်ယောက်၊ သုံးယောက်လောက်နဲ့တော့ တွေ့ ဖို့ရာ အဆိုပြုထားတာ ရှိတယ်’’ဟု အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေ ယျက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ဦးသောင်းထွန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်တင်နှင့် တာဝန် ရှိသူများ လိုက်ပါသွားသည်။

ယမန်နေ့ နေ့လယ်က ဗီယက်နမ်နိုင်ငံသို့ ရောက်ရှိလာ သော ဒေါ်အောင်ဆန်းစုကြည် သည် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ မစ္စတာထရမ်ဒိုင်ကွမ် နှင့် တွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲတွင် နှစ်နိုင်ငံ အကြား အစဉ်အလာအရ တည်ရှိ ခဲ့သည့် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ပိုမိုတိုးမြှင့်ရန်၊ စီး ပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ များ ပိုမိုပူးပေါင်း ဆောင်ရွက်ရန်၊ ကုန်သွယ်ရေးနှင့် စိုက်ပျိုးရေး ကဏ္ဍ ပိုမိုပူးပေါင်းဆောင်ရွက် ရန်၊ ဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင် ရွက်သွားရန် ဆွေးနွေးကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

EAS အစည်းအဝေးတွင် ရခိုင်ပြည်နယ် အရေးနှင့်ပတ် သက်ပြီး ဆွေးနွေးနိုင်ကြောင်း ပြည်ပမီဒီယာများက သုံးသပ်ရေး သားကြသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန်တို့သည် နိုဝင် ဘာ ၁၅ ရက်တွင် ဖိလစ်ပိုင်နိုင်ငံမှ ပြန်လာပြီး နေပြည်တော်၌ တွေ့ ဆုံဆွေးနွေးရန် စီစဉ်ထားသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန်သည် နိုဝင်ဘာ ၁၅ ရက်တွင် နေပြည်တော်သို့ လာရောက်မည်ဖြစ်ပြီး နိုင်ငံ့ထိပ် ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံ မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂ ရက်၌ သတင်းထုတ်ပြန်ထား သည်။ ဒေါ်အောင်ဆန်းစုကြည် သည်  ၂၀၁၇ ၏ ပထမဆုံး ပြည် ပခရီးစဉ်အဖြစ် ဧပြီ ၂၈ ရက်က ဖိလစ်ပိုင်နိုင်ငံတွင် ပြုလုပ်သည့် အကြိမ် (၃၀) မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက် စပ်ထိပ်သီး အစည်းအဝေးများသို့ တက်ရောက်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် သည် အောက်တိုဘာ ၆ ရက်တွင် ဘရူနိုင်းဘုရင်မင်းမြတ်၏ ဖိတ် ကြားချက်အရ ဘရူနိုင်းနိုင်ငံ၏ နန်းမွေဆက်ခံသည့် နှစ် (၅၀) ပြည့် အခမ်းအနားသို့ နောက်ဆုံး တက်ရောက်ထားသည်။

 

Top News