ရုပ်ရှင်ရုံတင်စနစ်များပြောင်းလဲမည်

တန်းစီစနစ်ဖျက်သိမ်း၍ ရုံရှင်၊ ကားရှင်ညှိနှိုင်း ရုံတင်မည့်စနစ်ဖြစ်
ဓာတ်ပုံ−နစ်ကီ

 မယားကြောက်ရွာဇာတ် ကားသည် တန်းစီစနစ်ဖြင့် ရုံတင် သည့် နောက်ဆုံးကားဖြစ်ပြီး ထပ် မံပြသမည့် ရုပ်ရှင်ဇာတ်ကားများ ကို ရုံတင်စနစ်သစ်ဖြင့် စတင် ပြသတော့မည်ဖြစ်ကြောင်း ရုပ် ရှင်အစည်းအရုံးဒုဥက္ကဋ္ဌ ဦးအေး ကြူလေးက ပြောသည်။

‘‘ရုံတင်စနစ်က မယား ကြောက်ရွာပြီးရင် ပြောင်းပြီ။ ရုံရှင်ကားရှင်အကြိုက်၊ A, B, C ရုံတွဲ နဲ့သွားတော့မယ်’’ဟု ၎င်းက ဆို သည်။  

ရုပ်ရှင်ဇာတ်ကားရုံတင်ခြင်း ကို   ယခင်က   ဇာတ်ကားများ တန်းစီစနစ်ဖြင့် ပြသနေပြီး ရုံရှင် နှင့်ကားရှင်ညှိနှိုင်း၍ ပြသနိုင်မည့် စနစ်ကို ပြောင်းလဲရန် ပြီးခဲ့သည့် သြဂုတ် ၁၂ ရက်က ပြုလုပ်ခဲ့သော ဇာတ်ကားပိုင်ရှင်များနှင့် ရုပ်ရှင် ရုံပိုင်ရှင်တို့၏ ပြသညှိနှိုင်း အစည်း အဝေးတွင် ဆုံးဖြတ်ခဲ့သည်။

ယခင်က တန်းစီစနစ်ဖြင့် ရုံ တင်သည့် စနစ်တစ်ခုသာရှိခဲ့ရာ ၂၀၁၆ နှစ်ဆန်းကစ၍ တန်းစီ စနစ်ဖြင့် ပြသခြင်းအပြင် ရုံရှင်နှင့် ညှိနှိုင်း၍ ကားရှင်စိတ်ကြိုက်ရက် တွင် ပြသသည့်စနစ်ကို တွဲဖက်၍ A ရုံတွဲနှင့် B ရုံတွဲခွဲကာ ပြသခဲ့ သည်။ သို့သော် ယင်းစနစ်နှစ်မျိုး စလုံးဖြင့် ပြသသော်လည်း ရုပ်ရှင် ဇာတ်ကားရိုက်ကူးသည့်အရေအ တွက်နှင့် ရုံတင်ပြသည့်ဇာတ်ကား ရာခိုင်နှုန်းမမျှသောကြောင့် ဆွေး နွေးမှုများ ထပ်မံပြုလုပ်ခဲ့သည်။

လက်ရှိ သမ္မတရုံတွဲတွင် ‘မယားကြောက်ရွာ’ ဇာတ်ကား ရုံတင်ပြီးပါက ‘တာတေကြီး’ဇာတ်ကား ဆက်လက်ရုံတင်မည်ဖြစ် ကာ ရှေ့ဆောင်ရုံတွဲတွင် ‘အမည် ပေါက်နှင့်ကျူး’ ဇာတ်ကားကို ယခု တစ်ပတ် သောကြာကစတင်၍ ရုံ တင်ပြသမည်ဖြစ်ကြောင်း မင်္ဂလာ ရုပ်ရှင်ရုံအုပ်စုမှ ဦးစောလွင်က ပြောသည်။

ပြောင်းလဲခဲ့သော    ရုံတင် စနစ်အားသာချက်သည်   ဇာတ် ကားများရုံတင်ပြသရန် တန်းစီ စောင့်ဆိုင်းရန် မလိုဘဲ သက်ဆိုင်ရာ ရုပ်ရှင်ရုံပိုင်ရှင်နှင့်ညှိနှိုင်း၍ ရုံတင်နိုင်မည်ဖြစ်ပြီး တစ်ဖက်တွင် လည်း ရုံရှင်ရွေးချယ်မှုမရှိပါက ဇာတ်ကားရုံတင်ပြသရန် အခက်တွေ့နိုင်သည့် စိန်ခေါ်မှုလည်း ရှိမည်ဖြစ်သည်။

ထို့ပြင် နိုဝင်ဘာ ၁၇ ရက်တွင်နေတိုး၊ ရွှေထူးနှင့် မိုးစက်ဝိုင် တို့ပါဝင်သည့်  ‘ပက်ပက်စက်စက် ညှို့’ဇာတ်ကားနှင့်   လူမင်း၊ ကျော်ကျော်ဗို၊ ရွှေမှုံရတီ၊ တက္က သိုလ်ဂွမ်းပုံတို့ ပါဝင်သည့် ‘ဖေ့စ် ဘွတ်ခ်ဘုရင်မ’  ဇာတ်ကားများ တစ်ပြိုင်တည်း ပြသမည် ဖြစ် ကြောင်း ၎င်းတို့၏ဖေ့စ်ဘွတ်ခ်စာ မျက်နှာတွင် ကြေညာထားသည်။

      ‘‘ရုံရှင်၊ကားရှင်စနစ်ဆိုတော့ ကိုယ်တို့ဇာတ်ကားကို ရွေးချယ် ပြီး ပြမယ့်ရုံတွေကိုပဲ ပြမှာပါ။ ညှိ နှိုင်းလို့ရတဲ့ ရုံတွေကိုတော့ မကြာ ခင်ထုတ်ပြန်မှာပါ။ တစ်နိုင်ငံလုံး က ရုံတွေမှာ ပြသမှာပါ။ ၁၇ ရက် နေ့ ပြဖို့က သေချာပါတယ်’’ဟု ပက်ပက်စက်စက်ညှို့ဇာတ်ကား ထုတ်လုပ်သူ ကိုဝေမင်းမောင် က ပြောသည်။  လက်ရှိတွင် ဆင်ဆာခွင့်ပြုချက်ရရှိထားပြီး ရုံတင်ပြသရန် စောင့်ဆိုင်းနေရကြောင်း ဦးအေးကြူလေးက ပြောသည်။

Top News