စေ့စပ်ကြောင်းလမ်းလိုက်တဲ့ သရုပ်ဆောင် စိုးရန်အောင်နဲ့ သက်သခင်

သရုပ်ဆောင်စိုးရန် အောင်နှင့် သက်သခင်တို့၏စေ့ စပ်ကြောင်းလမ်းမင်္ဂလာပွဲကို နို ၀င်ဘာ ၉ ရက်နံနက်က အင်း လျားလိတ်ဟိုတယ်၌ ပြုလုပ်ခဲ့ သည်။

‘‘နှစ်ဖက်မိဘတွေနဲ့ ဆရာ သမားတွေ၊ ညီအစ်ကိုမောင်နှမ တွေနဲ့ချစ်ခင်အားပေးတဲ့ ပရိ သတ်တွေကို တရားဝင်သိစေချင် တာကြောင့် ဒီနေ့စေ့စပ်ပွဲလေးကို လုပ်ဖြစ်တာပါ။ အဓိကကတော့ ပထမက အချစ်ပေါ့။ ကြာလာတဲ့ အချိန်မှာ အချစ်ထက်သံယောဇဉ် က ပိုလာတယ်။ မိဘဆရာသမား တွေအားလုံးကလည်း လက်ခံ သဘောတူတယ်။ ကိုယ်တိုင်က လည်း ရွေးချယ်ပြီးသားဖြစ်တဲ့အ တွက် ဒီနေ့စေ့စပ်ပွဲလေးဖြစ်လာ ခဲ့တာပါ’’ ဟု သရုပ်ဆောင်စိုးရန် အောင်က ပြောသည်။

၎င်းတို့နှစ်ဦးသည် ချစ်သူ သက်တမ်း ရှစ်နှစ်နှင့်ကိုးလရှိပြီ ဖြစ်ပြီး ၂၀၁၈ တွင်မင်္ဂလာဧည့်ခံ ပွဲပြုလုပ်ရန် စီစဉ်ထားသည်။

‘‘အဓိကကတော့ သက်သ ခင်တို့ Relationship တစ်ခုက တော်တော်လေးကြာခဲ့ပြီ။ သူ့အ ပေါ်မှာ သက်သခင်မိသားစုရော၊ သက်သခင်ကိုယ်တိုင်ရော အချိန် တစ်ခုယူပြီး လေ့လာအကဲခတ်တဲ့ အခါမှာ သူကသက်သခင်ရဲ့အ ကောင်းဆုံးလက်တွဲဖော်ဖြစ်မယ် လို့ ယုံကြည်တဲ့အတွက်ရွေးချယ် ခဲ့တာပါ။ နောက်ပြီးသူက သက် သခင်မိဘတွေကိုလည်း ရိုသေ ဂရုစိုက်တယ်။ အဓိကကတော့ သက်သခင်ဆိုးသမျှကို သည်းခံ ခွင့်လွှတ်ပေးတဲ့သူလည်းဖြစ် တယ်။ သက်သခင်ရဲ့အနွံတာကို ရှစ်နှစ်နဲ့ ကိုးလလုံးခံခဲ့တဲ့သူဖြစ်တဲ့ အတွက် သက်သခင်ရွေးချယ်ခဲ့ တာပါ’’ ဟု သရုပ်ဆောင်သက် သခင်က ပြောသည်။

သရုပ်ဆောင်စိုးရန်အောင် က အနုပညာအလုပ် ဆက်လက် လုပ်ကိုင်မည်ဖြစ်သော်လည်း သက်သခင်သည် ၎င်းတို့နှစ်ဦးစပ် တူဖွင့်ထားသည့် My Pizza ဆိုင် အတွက် ဦးဆောင်လုပ်ကိုင်ရန်ရှိ သောကြောင့် အနုပညာအလုပ် လုပ်ကိုင်ဖြစ်တော့မည် မဟုတ် ကြောင်း သက်သခင်က ပြော သည်။

Top News