မြန်မာ့ရင်းနှီးမြှုပ်နှံမှု အခြေအနေကို အိုင်အမ်အက်ဖ်ကိုယ်စားလှယ်များ လာရောက်လေ့လာ

 မြန်မာနိုင်ငံ၏ ၂၀၁၈ စီး ပွားရေးဖွံ့ဖြိုးတိုးတက်မှုအခြေအ နေကို ခန့်မှန်းတွက်ချက်ရန် နိုင်ငံ တကာ ငွေကြေးရန်ပုံငွေ အဖွဲ့ (IMF) ကိုယ်စားလှယ်များက မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အခြေအနေများကို လေ့လာနေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးသန်းအောင်ကျော်က ပြောသည်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ်အ တွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်း နှီးမြှုပ်နှံမှု၊ မြန်မာနိုင်ငံသား ရင်း နှီးမြှုပ်နှံမှုများ ၀င်ရောက်မှုအခြေ အနေများ၊ ပြီးခဲ့သည့် ဘဏ္ဍာနှစ် ရင်းနှီးမြှုပ်နှံမှုအခြေအနေများကို IMF ကိုယ်စားလှယ်များက အဓိ ကထားမေးမြန်းကြောင်း ၎င်းက ပြောသည်။

IMF သည် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုကို နှစ်စဉ်အကဲ ဖြတ်တိုင်းတာနေသည်။ ၂၀၁၈ အတွက် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုကို အကဲဖြတ်တိုင်းတာရန် IMF ကိုယ်စားလှယ်များ မြန်မာနိုင်ငံသို့ လာရောက်ပြီး စီးပွားရေးကဏ္ဍနှင့် သက်ဆိုင်သည့် အစိုးရဌာနများ၊ ပုဂ္ဂလိက အသင်းအဖွဲ့များနှင့် တွေ့ဆုံကာ စီးပွားရေးဖွံ့ဖြိုးမှုကို ခန့်မှန်းတွက်ချက်၍ ထုတ်ပြန်ချက်များ ဖော်ပြမည်ဖြစ်သည်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ်  ခုနစ်လအတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေ ရိကန်ဒေါ်လာ ၄ ဒသမ ၃ ဘီလီယံ ခွင့်ပြုပေးထားပြီး လုပ်ငန်း များစတင်လုပ်ကိုင်ရန် ရင်းနှီးမြှုပ် နှံသည့် ငွေကြေးပမာဏ ကန်ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံရှိသည်။

လုပ်ငန်း  စတင်လုပ်ကိုင် သည့် ပမာဏသည် ပြီးခဲ့သည့် နှစ်နှင့် ယခုနှစ်အတွင်း မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုထားသည့် လုပ်ငန်းအချို့ စတင်လုပ်ကိုင်လာသည်ဟု ဦးသန်းအောင်ကျော်က ပြောကြားသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု အမှန်တကယ်ဝင် ရောက်လာသည့် ပမာဏကို ထုတ်ပြန်ပေးခြင်းဖြင့် နိုင်ငံ့စီးပွားရေး အခြေအနေမှန်ကို ပိုမိုတိကျစွာ မှန်းဆနိုင်မည်ဟု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်ဒုတိယဥက္ကဋ္ဌတစ်ဦးက ပြောသည်။

Top News