ချင်းတွင်းမြစ်ကမ်းဘေးဖမ်းမိသော စပါးအုံးမြွေကို အလောင်းတော်ကဿပ ဘေးမဲ့ဥယျာဉ်သို့ ပို့

ကနီမြို့နယ် ချင်းတွင်းမြစ်ကမ်းဘေး၌ ဖမ်းမိသော စပါးအုံးမြွေကြီးကို တွေ့ရစဉ် (ဓာတ်ပုံ − မျိုးမင်းဦး)

ယင်းမာပင်ခရိုင် ကနီမြို့ နယ် အောင်သာယာကျေးရွာအနီး ချင်းတွင်းမြစ်ကမ်းဘေးမှ ဖမ်းမိခဲ့သော စပါးအုံးမြွေကြီးကို အလောင်းတော်ကဿပ ဘေးမဲ့ ဥယျာဉ်သို့ ပို့ဆောင်ပေးခဲ့ကြောင်း ကနီမြို့နယ် ၈၈ မျိုးဆက် (ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အ စည်း)မှ ကိုဝင်းဇော်ခိုင်က ပြော ကြားသည်။

ကနီမြို့နယ် အောင်သာယာ ကျေးရွာတွင် နေထိုင်သော က လေးငယ်တစ်ဦးသည် နိုဝင်ဘာ ၈ ရက် နံနက်တွင် ချင်းတွင်း မြစ်ကမ်းဘေးမှ အရှည် ၈ပေ ၁၁ လက်မ၊ လုံးပတ် ၁၂ လက်မခန့်ရှိ စပါးအုံးမြွေကြီးတစ်ကောင်ကို တွေ့ရှိခဲ့သည်။ အဆိုပါ စပါးအုံးမြွေကြီးကို အလောင်းတော်ကဿပဘေးမဲ့ဥယျာဉ်သို့ ပို့ဆောင်ရန် ကနီမြို့နယ် သစ်တောဦးစီးဌာနသို့ နိုဝင်ဘာ ၉ ရက် မွန်းလွဲပိုင်းတွင် လွှဲပြောင်းခဲ့သည်။