အခမဲ့ဖျော်ဖြေပွဲတွေ ရှိတဲ့နေရာ

- အားလပ်ရက်မှာ အပန်းဖြေ ဥယျာဉ်တွေသွားပြီး အပန်းဖြေလို သူတွေအတွက် အခမဲ့ဖျော်ဖြေ ရေးအစီအစဉ်ရှိတဲ့နေရာတွေကို စုစည်းဖော်ပြလိုက်ပါတယ်။

ပြည်သူ့ဥယျာဉ်မှာတော့ ရာသီဥတုအခြေအနေအပေါ် မူ တည်ပြီး ညနေတိုင်းမှာ ရေပန်းရုပ်ရှင်ကို ပြသပေးမှာ ဖြစ်ပြီး စနေနေ့ မြန်မာ့ရိုးရာအကတင်ဆက်မှုအစီ အစဉ်တွေနဲ့ ဖျော်ဖြေပေးမှာ ဖြစ် ပါတယ်။ ဓမ္မစေတီလမ်းဝင်ပေါက်အနီးမှာရှိတဲ့ ဧရိယာမှာလည်း စနေ၊ တနင်္ဂနွေနှစ်ရက်စလုံးပေါက္ကံညဈေးကို ပြုလုပ်မှာ ဖြစ်ပါတယ်။ ဦးဥတ္တမပန်းခြံ Happy World ကလေးကစားကွင်းမှာတော့ စနေ၊ တနင်္ဂနွေ အားလပ်ရက်တွေမှာ မျက်လှည့်တင်ဆက်မှုတွေ အကအဖွဲ့တွေရဲ့ တင်ဆက်မှုတွေကို မနက် ၁၁ နာရီကစပြီး အခမဲ့ဖျော်ဖြေပေးမှာ ဖြစ်ပါတယ်။

-အပန်းဖြေ ဥယျာဉ်တွေကို မသွားဘဲ ဈေးဝယ်စင်တာတွေကို သွားချင်တဲ့သူတွေအတွက် ပရိုမိုးရှင်းပွဲလေးတွေကို ဖော်ပြပေး လိုက်ပါတယ်။

Junction City ရဲ့ ပရိုမိုးရှင်း ဧရိယာမှာတော့ ဒီတစ်ပတ် စနေ၊ တနင်္ဂနွေ နှစ်ရက်စလုံး Kids' Olympic ပွဲကို ပြုလုပ်မှာဖြစ်ပြီး ပျော်ရွှင်စရာဂိမ်းအစီအစဉ်တွေ အပါအ၀င် ကလေးဖက်ရှင်တွေ ကို အထူးလျှော့ဈေးနဲ့ ရောင်းချ ပေးမှာ ဖြစ်ပါတယ်။

မြန်မာပလာဇာမှာတော့ ဒီ တစ်ပတ် စနေနေ့မှာ Mitsubishi Motors Myanmar ရဲ့ မော်ဒယ် အသစ် New ASX 2018 မိတ် ဆက်ပွဲကို ပြုလုပ်မှာ ဖြစ်ပါတယ်။Gallery 65 မှာတော့ ဒီတစ် ပတ် စနေ၊ တနင်္ဂနွေနှစ်ရက်စလုံး Zero Nine Plus Art First Group Show ကို ပြုလုပ်မှာ ဖြစ်ပါတယ်။

တပ်မတော် ခန်းမမှာတော့ ဒီတစ်ပတ် စနေ၊ တနင်္ဂနွေနှစ်ရက်စလုံး 6th Japan Expo 2017 Yangon ပွဲကို ပြုလုပ်မှာ ဖြစ်ပါ တယ်။ The Gallery Cafe မှာတော့ ဒီတစ်ပတ် စနေ၊ တနင်္ဂနွေနှစ်ရက် စလုံး ပန်းချီ ကိုဝလုံးရဲ့ ပဉ္စမအ ကြိမ်မြောက်ပန်းချီပြပွဲ Dancing With The Naga' ကို ပြုလုပ်မှာ ပါ။သိမ်ဖြူလမ်းမှာတော့ ဒီတစ် ပတ် စနေ၊ တနင်္ဂနွေနှစ်ရက်စလုံး Yangon Book Street စနေ- တနင်္ဂနွေ ရန်ကုန်စာအုပ်လမ်း အစီအစဉ် အနေနဲ့ စာအုပ်အ ရောင်းပွဲတော်ပြုလုပ်မှာပါ။

ကံ့ကော်ဝတ်ရည် စာအုပ် တိုက်မှာတော့ ဒီတစ်ပတ်စနေ၊ တနင်္ဂနွေ နှစ်ရက်စလုံး ကံ့ကော် ၀တ်ရည် စာအုပ်အိမ် နှစ်ပတ် လည်ပွဲအနေနဲ့ စာအုပ်အထူးဈေး ရောင်းပွဲပြုလုပ်မှာ ဖြစ်ပါတယ်။

Top News