အချိန်ပို မပါဘူး အမတ်မင်း

ကိုယ့်သူငယ်ချင်း

အမတ်မင်းရေ ....

ဟိုလိုဒီလို

ဘာလိုလိုနဲ့

ဖဲကြိုးဖြတ်လိုက်

လမ်းဖွင့်လိုက်နဲ့

ငါးနှစ်သက်တမ်း

ကုန်ခန်းသွားရင်

တတ်သည့်ပညာ

မနေသာဆိုသလို

လူစည်ကားရာ

တစ်နေရာရာမှာ

ဒါမှမဟုတ်

ဈေးကွက်ကောင်းရာ

ပလက်ဖောင်းပေါ်မှာ

ကတ်ကြေးကိုက်သာ

ရောင်းပါလေကွဲ့

ဘာပဲဖြစ်ဖြစ်

အလွမ်းပြေတာပေါ့

သူငယ်ချင်း .......

အင်း ... အခုတစ်လော လွမ်း လွမ်းနေသဗျ။ နိုဝင်ဘာနှင်းကလေးတွေနဲ့အတူ အလွမ်းစိတ် တွေ ဝေနေသဗျ။ အခုလိုမြောက် ပြန်လေလေးတွေ တိုက်လာတော့ပိုလို့တောင် လွမ်းသေး။ လွန်ခဲ့ တဲ့ ၂ နှစ်က နိုဝင်ဘာ ၈ ရက်နေ့ အခုလို အေးမြမြဆောင်းကာလ လေး၊ ရင်တွေကို ခုန်လို့၊ အိပ် မက် တွေ အညွန့်တက်လို့၊ဟန်ရေး တပြပြ မင်စွန်းနေတဲ့ လက်သန်း လေးတွေ ထောင်လို့။ ပျော်စရာ လည်း အကောင်းသား၊ လွမ်းစရာလည်း အကောင်းသား၊ မျက်ဝန်းထဲမှာ ၂၀၁၅ ကို ဘက်ဂီယာထိုးလို့၊ ပလေးဘက်နဲ့ အနှေးပြကွက်တွေ မြင်မြင်လာရ၊ လွမ်းနေရပါပေါ့။ လမ်းဆုံ၊ လမ်းခွ လမ်းမ မကျန်၊ သစ်ပင်ခွကြား ဓာတ်တိုင်

မကျန် ၊ အုတ်နံရံကြား ဆိုက်ကားဂိတ်ပါ မကျန်၊ ကျူရှင်ဆိုင်း ဘုတ်၊ လေပုပ်ထုတ်ဆေး၊ ၀မ်းနုတ်ဆေးတွေကြား၊ သွားကြီး တွေ အဖြဲသားနဲ့၊ ခေါင်းပေါင်းစ တလူလူနဲ့ ဇာတ်မင်းသားလိုလို၊ ဘိသိက် ဆရာလိုလို၊ အမတ်မင်းများ နေရာတိုင်းမှာ သူ့မျက်နှာဖြစ် လို့ ခုများတော့လည်း နေရာအချို့မှာ လွှတ်တော်အမတ်ကိုယ် သင်းနံ့ကလေးများ အခန့်သင့်လို့ ရှူရှိုက်မိရင်ဖြင့် တကယ့်ကို ဒုလ္လဘတရားကြီးဖြစ်လို့ အဖြစ်အ ပျက်များ ပြောပါ တယ်။

သြော် .... လူဆိုတာ ပျော်ရာ မှာ မနေရ တော်ရာမှာနေရတယ် ဆိုတာ လွှတ်တော်ကြီးကိုများ ညွှန်းဖွဲ့ခဲ့လေသလား ထင်မှတ် မှားမိခဲ့ပေါ့။ လွှတ်တော်ကိုယ်စား လှယ်ဆိုတာ ပြည်သူ့ကိစ္စအ၀၀ ကို ပြည်သူ့ကိုယ်စားမြည်ပေးရတဲ့ ဗုံတွေမဟုတ်လား။ ပတ်စာခွာ လိုက်၊ ပြန်ကပ်လိုက်နဲ့ သူတို့ခမျာ လည်း လုံးချာလည်လိုက်နေမှာ ပေါ့။ ခေတ်အဆက်ဆက်က တစ်ပိုင်တစ်နိုင် တစ်အုပ်တစ်မကြီး ဖွခဲ့တဲ့ အမှိုက်ကလည်း မနည်း မဟုတ်လား လမ်းသစ်ပဲဖောက် ရမလား၊ အမှိုက်ပဲ ကောက်ရမ လား။ ရှေ့တိုးမယ့်ဆင် နောက်ဆံ တငင်ငင်ဖြစ်နေမှတော့ ခရီးမ ပေါက်ရတာကို သဘောပေါက်ရ တာပေါ့။

ပြန်မြင်ယောင်မိသေးရဲ့။ လွန်ခဲ့သော ၂ နှစ်က အခုလို ကာလလေးပေါ့။ မဲပေးပြီးပြန်အ လာ လူတွေစုစု စုစုနဲ့ လက်ဖက် ရည်ဆိုင်တွေမှာ၊ လမ်းဆုံလမ်းခွ တွေမှာ၊ လမ်းဘေးပလက်ဖောင်း တွေမှာ၊ ကိုယ်တို့ပေးခဲ့တဲ့ မဲတွေ ရင်ထဲက ဆန္ဒတွေ အဟောသိကံ များ ဖြစ်ကုန်ကြလေမလား စိုး ရိမ်စိတ်တွေ ကိုယ်တွေရင်ထဲ မုန်တိုင်းဆင်လို့။ ညှပ်ကြီးဆို ဖွဘုတ်ခေါ်လူမှုကွန်ရက်ထဲ ရင်ထဲကခံစားချက်တွေကို အန်ချလိုက်တယ်။ ဘာတဲ့။ မဲပေးရတာအလေးခိုး တတ်တဲ့ ဈေးသည်ဆီမှာ ငါးဝယ်

မိသလိုပဲ။ ရင်ထဲတထိတ်ထိတ်လို့ ပို့စ်တင်လိုက်မိပါတယ်။ လာလိုက်တဲ့ like တွေ ပေးလိုက်၊ မျှဝေလိုက်တဲ့ ရှဲလ်တွေ တရှဲရှဲနဲ့ အညှော်မိမှာတောင် စိုးရိမ်မိသေး။တကယ့်တကယ် အဖြေထွက်လာ တော့ ကြုံတောင့် ကြုံခဲ ရွေး ကောက်ပွဲကော်မရှင်ကို အား တောင်နာမိသေး။ အမှန်တရား ကို မျှော်ကိုးပြီး ငါးသည်လို လည်း အလေးမခိုး၊ အမှန်တရားတွေ ပီတိနဲ့ သမာဓိချိန်ခွင်လို မှန်ကန် ပြလိုက်တော့ စိတ်ထဲက အသက် အောင့်ပြီး အာဘွားလို့တောင် လုပ်လိုက်မိသေး။

အဲဒီတုန်းကများ ညှပ်ကြီး တစ်ယောက် မြောက်ကြွ မြောက် ကြွနဲ့ ၀ိတ်မခါစ၊ လက်မောင်း ကြွက်သားရောင်နေတဲ့ လူလို လမ်းလျှောက်ရင်လည်း ကားယား ကားယားနဲ့ အနေအထိုင် မ တတ်လိုက်ပုံများ။ ပြီးတော့ ဖွ ဘုတ်ခေါ်လူမှုကွန်ရက်ထဲမှာ တင်လိုက်သေးတယ်။ ‘‘ကြည့် လိုက်တော့ သေးသွယ်တဲ့လက် သန်းလေးတွေပေါ့။ ဒါပေမဲ့ တိုင်း ပြည်ကို ချောက်ထဲက တောက် ထုတ်နိုင်ခဲ့တယ်။ ဘယ်ပြော ကောင်းမလဲ လိုက်တွေတဝေါ ဝေါနဲ့၊ ရှဲတွေ တရှဲရှဲနဲ့။ ခုတော့ စာအုပ်စိမ်းကြီးမကျေညက်မှန်း သိသာလွန်းလို့ တွေးမိတိုင်း ရှက် မိပါသေး။ ဘယ်သိပါ့မလဲ။ အင်း ... ပြည်သူတွေရွေးချယ်လိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်စစ်စစ်တွေ ပဲ။ အုံနဲ့ကျင်းနဲ့၊ အင်နဲ့အားနဲ့ ပြည် သူ့အတွက်လို့ ဟစ်ကြွေးပြီး ဂိုး တွေတဒိုင်းဒိုင်း သွင်းပြီထင်မိတာ ပေါ့။ လက်ခုပ်တွေလည်း ပြင် ထားတာပေါ့။ ရွာမှာပွဲကြည့်သလို ခရာတွတ်ဖို့၊ လက်ခေါက်မှုတ်ဖို့၊ ၀မ်းစမိုးလို့အော်ဖို့၊ သံပြိုင်ဟစ် ကျွေးဖို့ပေါ့။ ခုအချိန်အထိတော့ တက်ကြွသူတွေခမျာမှာ ဟိုမော် ဒယ်လေးအင်တာဗျူးဖြေသလို အင်း ...အဲ... ဘယ်လိုပြောရ မလဲ၊ ဟိုလေ ဟိုလိုပေါ့။ အခုန ပြောသလိုပေါ့။ ဆိုသလိုမျိုးလုံး ချာလိုက်လို့၊ ဆန္ဒတွေ တံတွေး မျှောချနေရ၊ ရင်တုန်ပန်းတုန်ဖြစ် လာတော့လည်း ပြည်သူ့ဆန္ဒသွေး ဆေးလေး အာသာပြေလျက်လို့ အဖြစ်အပျက်များ ပြောပါတယ်။

ရှေးစာဆို ဂန္ထ၀င်ဆြာညှပ် ပြောခဲ့ဖူးပါတယ်။ အခက်အခဲဆို တာ ဖောက်ထွက်နိုင်သူတွေရဲ့ ခြေစစ်ပွဲဖြစ်တယ်တဲ့။ ခုအချိန်အ ထိတော့ ခြေစစ်ပွဲက အလှကစား သလိုလို၊ ချစ်ကြည်ရေးပွဲလိုလို ပရိသတ်တွေခမျာ အိပ်ငိုက်လာ ကြ၊ ခါးကြောဆန့်ကြ၊ အပျင်း ဆန့်ကြ၊ အားမလိုအားမရ ဖြစ် နေကြပေါ့။ ဒီကြားထဲ ခေတ်အ ဆက်ဆက် ကျားဖမ်းမယ်၊ ဆင် ဖမ်းမယ်ဆိုတဲ့ နိုင်ငံကြီးအချို့က လည်း ကျားတွေ၊ ဆင်တွေဖမ်းဖို့ နေနေသာသာ အပြင်က ကြွက် တောင်အထဲမောင်းသွင်းဖို့ ကြိုး စားလာကြ၊ ကိုယ်ကြိုးဆွဲသလို မှ မကရင် ဇာတ်စင်ပါဖျက်ပစ် မယ်ဆိုတာမျိုးပဲ။ ကမ္ဘာ့အရေးကို ကလေးအတွေးနဲ့ ငါ့အရုပ်ပြန်ပေး လုပ်လားလုပ်ရဲ့။ အင်း .... ကံ ကြမ္မာများ ပြောပါတယ်။

ဘာပဲဖြစ်ဖြစ် လွှတ်တော် ထဲမှာ အချဉ်ပေါင်းစားတာတို့၊ အိပ်ငိုက်တာတို့ မတွေ့ရတော့လို့ တော်ပေသေးရဲ့။ နိုင်ငံ့ဘဏ္ဍာ ပလိုင်းပေါက်တွေလည်း နိုင်သ လောက်တော့ ဖာတာထေးတာ မြင်နေရရဲ့။ ဂျီဒီပီကတော့ တက် မလာတဲ့အပြင် ပိုကျသွားတာ လည်း မြင်နေရရဲ့။ မဟာ့မဟာ ကုန်ဈေးနှုန်းကတော့ ရင်ကော့ ဦးမော့ချီတက်နေတာ မြင်နေမိ ရဲ့။ ဆင်းရဲတွင်းက နက်သထက် နက်လာသမို့ အသံပျောက်လာ တာ သိနေရရဲ့။ တရားဥပဒေက လည်း ပင့်ကူအိမ်လိုအကောင် သေး အားနည်းတဲ့ သတ္တ၀ါလေး  တွေအတွက်သာ ထောင်ချောက် ဖြစ်ပြီး အားကြီးတဲ့ သတ္တ၀ါတွေ အတွက်ရှိမှန်း မသိဖြစ်နေရင် တော့ အနာဂတ်အရေးရင်လေး ဖွယ်ပေါ့။ ဘာပဲဖြစ်ဖြစ် အစိုးရ သစ်သက်တမ်း ၂ နှစ်တာကာလ ပြည့်ဖို့ နီးကပ်လာတော့ သွေးပူ လေ့ကျင့်ခန်းတွေပြီးဆုံးလောက်  ပြီထင်တာပဲ ....။ ဆိုတော့ကာ သူငယ်ချင်းရေ ဖဲကြိုးဖြတ်လိုက်၊ လမ်းဖွင့်လိုက်နဲ့ ပျော်ပိုက်မနေနဲ့ ဒီပွဲစဉ်မှာ အချိန်ပိုမပါဘူးသူငယ် ချင်း ...။    ။

(ဖော်ပြပါ သရော်စာသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)

Top News