လူမျိုးမရွေး၊ ဘာသာမရွေး စားသုံးနိုင်သည်

ညနေကရပ်ကွက်လမ်းထဲမှာ ပုသိမ်ဟာလဝါမုန့်ကို ကားနဲ့ လာရောင်းတာ ကြားလိုက်ရတယ်။ စပီကာထဲက ကြော်ငြာအသံတွေ ကြားနေရတယ်။ သတိပြုမိတဲ့ စကားလုံးတွေက ‘... လူမျိုး ဘာသာမရွေး စားသုံးနိုင်ပါတယ်... ’ တဲ့။ လူသားတွေ စားသုံးနိုင်အောင် ဖန်တီးထားတဲ့ မုန့်လို့နားလည်လိုက်တယ်။ နိုင်ငံခြားကလာတဲ့ မုန့်မဟုတ်ဘူး။ မြန်မာ့ရိုး ရာ မုန့်စစ်စစ်ပါ။ ဘုံတူညီချက်တစ်ခုကို အခြေခံပြီး ပြုလုပ်ထားတဲ့ မြန်မာမုန့်ကို မြန်မာနိုင်ငံမှာ နေထိုင်သူမှန်သမျှကြိုက်ကြတယ်။ စားသုံးကြတယ်။ ဟာလ ဝါမုန့်သာမက တခြားသောမြန်မာ့ရိုးရာမုန့်တွေမှာလည်း စာတန်းတွေ ကပ်ထားကြတယ်။ ‘လူမျိုးမရွေး၊ ဘာသာမရွေး စားသုံးနိုင်သည်’ တဲ့။

အောက်တိုဘာလ ၁၀ ရက် နေ့က ရန်ကုန်မြို့ အောင်ဆန်း ဘောလုံးကွင်းမှာ ဘာသာပေါင်း စုံ ဆုတောင်းပွဲကျင်းပတယ်။ ငြိမ်းချမ်းရေးအတွက် ဆုတောင်းကြ တယ်။ ဘာသာပေါင်းစုံက ပြည်သူ တွေ စည်းစည်းလုံးလုံးရှိကြောင်း၊ ဘာသာအားလုံးတန်းတူရည်တူရှိ ကြောင်း၊ ဘာသာရေး ပဋိပက္ခတွေမရှိကြောင်း ကမ္ဘာကို ပြသတဲ့ပွဲဖြစ်ပါတယ်။ တစ်နည်းအားဖြင့် လူထုခေါင်းဆောင်ရဲ့နောက်မှာ ဘာ သာပေါင်းစုံက ပြည်သူတွေ အခိုင် အမာရှိတယ်ဆိုတာ ပြသလိုက်တဲ့ ပွဲပါပဲ။ နိုင်ငံတစ်ဝန်းမှာ လူထု ခေါင်းဆောင် ထောက်ခံပွဲတွေ လုပ်ကြတယ်။ ဆက်တိုက်ဆို သလိုပါပဲ။ အစိုးရနဲ့ ပြည်သူ တညီတညွတ်တည်းရှိကြောင်း ကမ္ဘာကို ပြသလိုက်ခြင်းပင်ဖြစ်ပါ တယ်။ အစိုးရက ဖြေရှင်းနေရတဲ့ ပြဿနာတွေဟာ ဘာသာရေး ပြဿနာတွေမဟုတ်၊ အကြမ်း ဖက်ပြဿနာသက်သက်သာဖြစ် ကြောင်း ကမ္ဘာကို အသိပေးလိုက် ခြင်းလည်း ဖြစ်ပါတယ်။ မြန်မာ နိုင်ငံသား ပြည်သူအားလုံးဟာ ကိုးကွယ်တဲ့ ဘာသာမတူကြပေ မယ့် ဒီနိုင်ငံမှာမွေး၊ ဒီမြေမှာနေ၊ ဒီရေကိုသောက်၊ ဒီလေကိုရှူနေ ကြတာချင်းတူပါတယ်။ ဒီနိုင်ငံကို ချစ်တာချင်းလည်းတူကြပါတယ်။

ယနေ့ ရခိုင်ပြည်နယ်မြောက် ပိုင်းမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေဟာ ဘာသာရေးနဲ့ လုံးဝမသက်ဆိုင် ပါ။ နယ်မြေသိမ်းပိုက်နိုင်ဖို့ ကျူး ကျော်ရန်စတဲ့ အကြမ်းဖက်မှုသာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသား မဟုတ်တဲ့ ခိုးဝင်ဘင်္ဂါလီတွေရဲ့ လုပ်ရပ်ကို မြန်မာနိုင်ငံသား ပြည် သူတွေအားလုံးက ရှုတ်ချကြပါ တယ်။ ဒီတော့ လူတစ်စုက လုပ် တဲ့ကိစ္စကို ဘယ်ဘာသာဝင်တွေ က လုပ်တယ်လို့ ပြောလိုက်ခြင်း အားဖြင့် ရေရှည်ငြိမ်းချမ်းရေးကို ဦးမတည်နိုင်ပါ။ ဘယ်ဘာသာဝင် တွေ လုပ်တယ်ဆိုတာထက် ဘယ်သူတွေက လုပ်သွားပါတယ်လို့ ပြောတာ အကောင်းဆုံးပါ။

ရခိုင်မှာဖြစ်တဲ့ ပဋိပက္ခကို မြန်မာနိုင်ငံသား မွတ်စလင်အ သိုင်းအဝိုင်းကလည်း ရှုတ်ချကြ တာ တွေ့ရပါတယ်။ ဒါမှန်ကန် တဲ့ လုပ်ရပ်ပါပဲ။ ခေတ်အဆက် ဆက် မြန်မာနိုင်ငံမှာ ဘာသာ ပေါင်းစုံကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုထားတယ်။ ဘာသာရေးအ ဆောက်အအုံတွေလည်း လွတ် လပ်စွာ ဆောက်လုပ်ခွင့်ရှိတယ်။ သက်ဆိုင်ရာဘာသာရေးပွဲလမ်း သဘင်တွေမှာဆိုလည်း သက် ဆိုင်ရာဘာသာဝင်တွေသာမက အားလုံးသောသူတွေ ပါဝင်ကြ တာ တွေ့ရတယ်။ သင်္ကြန်ဆို လည်း ပျော်ကြတယ်။ ခရစ္စမတ် ဆိုလည်း ပျော်ကြတာပဲ။ ဒီပါဝလီ ပွဲတော်ဆိုလည်း ဝင်ပျော်ကြတာ ပါပဲ။ အစ်နေ့ဆိုလည်း ပါဝင် လိုက်ကြတာပဲ။ နိုင်ငံတော်က လည်း ရုံးပိတ်ရက်များအဖြစ် သတ်မှတ်ပေးထားတယ်။ မြန်မာ နိုင်ငံသားတိုင်း အခွင့်အရေးတန်း တူရရှိနေကြတယ်။

ကမ္ဘာပေါ်က လူတွေကို အ မျိုးအစားနှစ်မျိုးသာ ခွဲခြားနိုင် တယ်။ လူကောင်းနဲ့ လူဆိုးပါ။ လူမျိုး၊ ဘာသာကိုကြည့်ပြီး လူ ကောင်းလား၊ လူဆိုးလား သတ် မှတ်လို့မရနိုင်။ လုပ်ရပ်ကိုကြည့် ပြီးမှသာ သိနိုင်ပါလိမ့်မယ်။ ဗုဒ္ဓ ဘာသာထွန်းကားရာ ဒီနိုင်ငံမှာ ဗုဒ္ဓဘုရားရှင်ရဲ့ စကားကို နား ထောင်သင့်တယ်။ ဗုဒ္ဓကိုယ်တိုင် က လူမျိုးရေးမခွဲခြားဘူး။ လူမှန် သမျှ တစ်တန်းတည်း မေတ္တာထားပါတယ်။ ဝေနေယျသတ္တဝါဆိုတဲ့ စကားကိုပဲ အမြဲသုံးတယ်။ လူကို လူလို့ပဲ မြင်သင့်တယ်။ တကယ် တော့ လူဆိုတာ အားလုံးအတူတူ ပါပဲ။

မည်သည့် လူမျိုး၊ မည်သည့် ဘာသာဆိုတာ မွေးဖွားလာတဲ့ ပတ်ဝန်းကျင်အပေါ်မှာ မူတည်ပါ တယ်။ ရွေးချယ်လို့မရနိုင်တဲ့ ဖြစ် တည်မှုတစ်ခုပါ။ ကိစ္စတစ်ခုပေါ် လာတိုင်း ဘယ်ဘာသာဝင်တွေ လုပ်တယ်ဆိုတာထက် ဘယ်သူ တွေက လုပ်သွားပါတယ်လို့ ပြော တာ အကောင်းဆုံးပါ။ ဟုတ်ပါ တယ်။ ဘယ်လိုမိခင်ရဲ့ ဗိုက်ထဲ မှာ လူလာဖြစ်မလဲဆိုတာ ရွေးချယ်ခွင့်မရှိပါ။ ရွေးချယ်ခွင့်မရှိဘဲ ဖြစ်ရတဲ့ဘဝကို အပြစ်တစ်ခုလို့ မသတ်မှတ်သင့်။ ရှင်သန်နေထိုင်သွားတဲ့အခြေအနေကိုကြည့်ပြီးတော့မှ သာ အဆုံးအဖြတ်ပေးနိုင်ပါ တယ်။ သူ့လုပ်ရပ်ကိုသာ ကြည့် သင့်ပါတယ်။

Globalization ဆိုတဲ့ စကား လုံးအရ ကမ္ဘာ့နေရာတိုင်းမှာ ဘယ်သူမဆို နေထိုင်သွားလာနိုင် တယ်။ တစ်ခုတော့ရှိတယ်။ လူပီ ပီသသနဲ့နေဖို့တော့ လိုပါတယ်။ အကြမ်းဖက်စိတ်ရှိနေရင်တော့ နေစရာမြေရှားလိမ့်မယ်။ တစ် ကမ္ဘာလုံးက အကြမ်းဖက်ခြင်းကို လက်မခံတော့ပါ။ ဘယ်ဘာသာ ဝင်ဖြစ်တယ်ဆိုတာ အပြစ်တစ်ခု လို့ ယူဆနေသမျှ ငြိမ်းချမ်းမှုမရ နိုင်။ ရွှေပြည်အေး တရားပြောနေ တယ်လို့တော့ မထင်စေချင်။ ဓမ္မ ဓိဋ္ဌာန်ကျကျ စဉ်းစားနိုင်ဖို့က ပို အရေးကြီးပါတယ်။ ကမ္ဘာ့နိုင်ငံ တိုင်းမှာ ဘာသာပေါင်းစုံ၊ လူမျိုး ပေါင်းစုံ အတူနေထိုင်ကြတယ်။ နိုင်ငံသားဖြစ်ခွင့်ဥပဒေကို တင်း ကျင်ထားတယ်။ အရာရာ ဥပဒေ အတိုင်းပဲ။ နိုင်ငံသားဖြစ်ခွင့်၊ မဖြစ်ခွင့်ကတော့ သီးသန့်ကိစ္စပါ။

မြန်မာနိုင်ငံသူ ဘောလိဝုဒ် မင်းသမီး လိုင်လာခန်းရဲ့ အင်တာ ဗျူးတစ်ခု နားထောင်ဖူးတယ်။ သူ က မြန်မာနိုင်ငံသူစစ်စစ်။ အစၥ လာမ္ဘာသာဝင္တစ္ဦး။ မွေးက တည်းကနေ မြန်မာနိုင်ငံမှာနေ တာ ဘောလိဝုဒ်ကို မရောက်ခင် အထိ။ အိန္ဒိယကို ရောက်သွားပေ မယ့် ကိုယ့်ကိုယ်ကိုယ် မြန်မာဆို တဲ့အသိနဲ့ နေထိုင်ခဲ့တယ်။ အ ခမ်းအနားတွေမှာ မြန်မာနိုင်ငံအ လံတင်ပြီး မြန်မာနိုင်ငံတော် သီချင်းဖွင့်တိုင်း မျက်ရည်ဝဲခဲ့ရ တယ်။ ပြီးတော့ မြန်မာပြည်ကို လည်း လွမ်းခဲ့ရတယ်လို့ ပြော တယ်။ မြန်မာနိုင်ငံသားဆိုတဲ့ အသိစိတ်နဲ့ နေလာခဲ့တယ်။ ဘာ သာမတူလို့ဆိုပြီး တခြားနိုင်ငံ သားလို့ မသတ်မှတ်ပါနဲ့ဆိုတဲ့ အဓိပ္ပာယ်နဲ့ ဆက်ပြောသွား တယ်။

မြန်မာ့လွတ်လပ်ရေး ကြိုး ပမ်းမှုသမိုင်းပဲကြည့်ကြည့်၊ ဒီမို ကရေစီကြိုးပမ်းမှုမှာပဲဖြစ်ဖြစ် ဘာသာဝင်ပေါင်းစုံ၊ လူမျိုးပေါင်း စုံ ပါဝင်နေတာတွေ့ရတယ်။ အာ ဇာနည်ခေါင်းဆောင်၊ အမျိုးသား ကျောင်းအုပ်ဆရာကြီး ဦးရာဇတ်က အစ္စလာမ်ဘာသာဝင်တစ်ဦး ဖြစ်တယ်။ အာဇာနည်ခေါင်း ဆောင် မန်းဘခိုင်က ခရစ်ယာန် ဘာသာဝင်တစ်ဦးဖြစ်တယ်။ နိုင်ငံအတွက် ပေးဆပ်ခဲ့ကြတဲ့ တခြား တခြားသော လူပုဂ္ဂိုလ်များစွာရှိပါ တယ်။

 မန္တလေးက နာမည်ကျော် ဦးပိန်တံတားအလှူရှင် ဦးပိန်က လည်း အစ္စလာမ်ဘာသာဝင်ဖြစ် ပါတယ်။ ဘယ်ဘာသာဝင်ဖြစ် တယ်ဆိုတာ တကယ်တော့ အ ရေးမကြီးပါဘူး။ နိုင်ငံကို ချစ်ပြီး နိုင်ငံအပေါ် သစ္စာရှိဖို့ကသာ အ ရေးအကြီးဆုံးပါ။

ယနေ့ မြန်မာနိုင်ငံရဲ့ မြို့ကြီးတွေမှာ ဘာသာပေါင်းစုံ ဆု တောင်းပွဲတွေ ခပ်စိပ်စိပ်လုပ်နေ ကြတယ်။ ဒါကို တချို့တွေက အဆိုးမြင်စိတ်နဲ့ ဝေဖန်ကြတယ်။ ဆုတောင်းနေတိုင်း ဖြစ်လာမှာ လားတဲ့။ ကောင်းတဲ့အလုပ်လုပ် တာကို ဘာလို့များ မကြိုဆိုနိုင်ကြ ရတာပါလဲ။ မတွေးတတ်အောင် ပါပဲ။ လုပ်ရပ်တစ်ခုကို သာမန် မျက်စိတစ်ခုတည်းနဲ့ ကြည့်တတ်တဲ့စိတ်တွေကို ပြင်သင့်တယ်။ နောက်ခံအဓိပ္ပာယ်တွေကို မြင် အောင်ကြည့်သင့်တယ်။ လူပြိန်းအတွေးတွေကို ဆက်ပြီးဖက်တွယ်မနေသင့်တော့ပါ။ သူတို့ကို မေးချင်ပါတယ်။ မတူတိုင်းမတွဲသင့် တော့ဘူးလား။ လူတိုင်းကော ယုံ လို့ရလို့လား။ လူသာလျှင် ပဓာနခေတ်ကို ရောက်နေပါပြီ။ ယနေ့လို မော်ဒန်ခေတ်ကြီးမှာ အတွေးအခေါ်တွေ နောက်ပြန်မဆွဲသင့် တော့ပါ။ ခေတ်နောက်ပြန်ဆွဲ အတွေးအခေါ်ဟောင်းတွေကို လွှတ်ချသင့်ပါပြီ။ စာသင်ခန်းတွေ မှာဆိုလည်း လူမျိုးပေါင်းစုံရှိ တယ်။ တစ်ခုတည်းသော ရည် ရွယ်ချက်ဖြစ်တဲ့ ပညာသင်ကြားဖို့ ရောက်လာကြတာ။ ဆရာတွေက လည်း အခန်းထဲရှိ မည်သည့် တပည့်ကိုမဆို ဆရာ့ကျင့်ဝတ်အတိုင်း သင်ကြားပေးကြတယ်။ ခွဲခြားဆက်ဆံသင်ကြားတာမျိုးမရှိပါ။

နိုင်ငံသားတိုင်း ဒီမိုကရေစီ ဆန်တဲ့အတွေးတွေကို မွေးမြူ သင့်ပါတယ်။ ဒီမိုကရေစီလမ်း ပေါ်ကို ရောက်နေတဲ့ ဒီနိုင်ငံမှာ လမ်းကြောင်းက သွေဖည်သွားနိုင် တဲ့ အပြုအမူ၊ အပြောအဆို၊ အယူအဆတွေကိုတော့ သတိထားကြ စေလိုပါတယ်။ ဘာသာတိုင်းမှာ ဘာသာရေးအဆုံးအမတွေရှိကြ တယ်။

 လွတ်လပ်စွာ ယုံကြည်ကိုး ကွယ်နိုင်ပါတယ်။ မိမိဘာသာကို မိမိတိုးတက်အောင် ကြံဆောင် နိုင်ပါတယ်။ သူတစ်ပါးရဲ့ ယုံ ကြည်မှုကို လေးစားမှုဆိုတဲ့ ဘောင်ထဲကနေပြီးပေါ့။ ဘာသာ ရေးကို ဘာသာရေးအမြင်နဲ့ပဲ မြင် သင့်ပါတယ်။ နိုင်ငံရေးနဲ့ မရော ထွေးစေချင်ပါ။ ဘာသာရေးကို နိုင်ငံရေးမှာ အသုံးမချသင့်။ သီး ခြားသီးသန့်ဖြစ်သင့်တယ်။ နိုင်ငံ ရေးမှာတော့ အားလုံးရဲ့ ဘုံ သဘောတူညီမှုဖြစ်တဲ့ ဖက်ဒရယ် ဒီမိုကရေစီမူဝါဒဆီသို့ အတူချီ တက်ကြရမှာ ဖြစ်ပါတယ်။ မတူ ကွဲပြားခြားနားတဲ့ အားတွေကို အသုံးချပြီး ဘုံပန်းတိုင်ဆီအ ရောက် ချီတက်ကြရမှာဖြစ်ပါ တယ်။ အားလုံးလက်တွဲပါဝင်ဖို့ အရေးကြီးပါတယ်။

နောက်ဆုံးပြောချင်တာက တော့ ဒါ မြန်မာနိုင်ငံ။ လူမျိုး ပေါင်းစုံ၊ ဘာသာစုံ အတူတကွနေ နိုင်တယ်၊ နေထိုင်ခဲ့ကြတယ်၊ ဆက်လက်နေထိုင်ကြမယ်။ တစ် ခုပဲရှိတယ်။ တိုင်းပြည်အပေါ် သစ္စာရှိဖို့ပါပဲ။

မြန်မာပြည်ကြီးရဲ့ ငြိမ်းချမ်း ရေးအသီးအပွင့်တွေက မကြာမီ ရောက်လာတော့မယ်။ ဒီမိုကရေ စီအရသာတွေ ခံစားကြရတော့ တယ်။

  မြန်မာနိုင်ငံသား မည်သူ မဆို လွတ်လပ်စွာ ခံစားနိုင်တယ်။ လူမျိုးမရွေး၊ ဘာသာမရွေး စား သုံးနိုင်ပါတယ်။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)

Top News