ပြည်နယ်နှင့်တိုင်း အမျိုးသားဖူဆယ်ပြိုင်ပွဲ မန္တလေးတိုင်းအသင်း ဗိုလ်စွဲ

ပြည်နယ်နှင့်တိုင်း အမျိုးသားဖူဆယ်ဗိုလ်လုပွဲတွင် မန္တလေးနှင့် ရှမ်းပြည်နယ်အသင်း ယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ − အားကာ)

တိုင်းဒေသကြီးနှင့် ပြည် နယ် အမျိုးသားဖူဆယ်ပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအသင်းက ရှမ်းပြည်နယ်အသင်းကို ၃-၂ ဂိုးဖြင့် အနိုင်ရရှိကာ ဗိုလ်စွဲခဲ့သည်။

 နိုဝင်ဘာ ၁၀ ရက်က နေ ပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဖူဆယ် အားကစားရုံ၌ ကျင်းပသည့် ဗိုလ် လုပွဲတွင် အကြိတ်အနယ်ရှိပြီး မန္တလေးတိုင်းဒေသကြီး အသင်း က နောက်ဆုံးမိနစ်၌ ရရှိသည့် သွင်းဂိုးကြောင့် ရှမ်းပြည်နယ်အ သင်းကို အနိုင်ရရှိခြင်းဖြစ်သည်။


အမျိုးသားပြိုင်ပွဲ တတိယ နေရာလုပွဲတွင် ရန်ကုန်တိုင်းဒေ သကြီးအသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို ၅-၂ ဂိုးဖြင့် အနိုင်ရရှိသည်။

အမျိုးသမီးပြိုင်ပွဲတွင် ပဲခူး တိုင်းဒေသကြီးအသင်းက ဧရာ ဝတီတိုင်းဒေသကြီး အသင်းကို ၄-၃ ဂိုးဖြင့် အနိုင်ရရှိကာ ဗိုလ်စွဲပြီး ရခိုင်ပြည်နယ်အသင်းက တတိယရရှိသည်။

အမျိုးသားဖူဆယ်ပြိုင်ပွဲ အ ကောင်းဆုံးဂိုးသမားဆုကို ရှမ်းပြည်နယ်အသင်းမှ စံဖြိုးနှင့် အ ကောင်းဆုံး ကစားသမားဆုကို ရန်ကုန်တိုင်းဒေသကြီးအသင်းမှ သီဟသူတို့ ရရှိသည်။

မျိုးဆက်သစ် ဖူဆယ်ကစား သမားများ ထွက်ပေါ်လာစေရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အား ကစားပြိုင်ပွဲများ နှစ်စဉ်ကျင်းပ နေကြောင်း ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောသည်။

‘‘ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ် ပြိုင်တဲ့ ကစားသမားတွေက ပြိုင် ပွဲအတွေ့အကြုံ နုနယ်တယ်ဆို ပေမယ့် ရွက်ပုန်းသီးကစားသမား တွေကို မြင်တွေ့ခဲ့ရတယ်။ ပြည် နယ်နှင့် တိုင်းပြိုင်ပွဲတွေကို နှစ်စဉ် ကျင်းပပေးခြင်းအားဖြင့် လက်ရွေးစင်ရွေးချယ်ဖို့ ကစားသမားအသစ်တွေ ပေါ်ထွက်လာဖို့ တစ် ဖက်တစ်လမ်းက အထောက်အ ကူပြုမယ်လို့ ယုံကြည်ပါတယ်’’ ဟု တာဝန်ရှိသူကဆိုသည်။