ရုပ်ရှင် အကြိုခံစားခြင်း

AUTUMN SONATA

ဒီနေ့ ရုပ်ရှင်အကြိုခံစားဖို့ကိုတော့ အချစ်ဇာတ်လမ်း အေးအေးလေး တွေသဘောကျတဲ့ ပရိသတ်တွေ အတွက် တောင်ကိုရီးယားဒရာမာ ဇာတ်လမ်းလေးအကြောင်း ဖော် ပြလိုက်ပါတယ်။


ဒီဇာတ်ကားမှာ အဆိုတော် BoA က အဓိကသရုပ်ဆောင် ဆိုရန်နေရာကနေ သရုပ်ဆောင် ထားတာဖြစ်ပြီး Lee Hak- Joo၊ Oh Gwang Rok၊ Lim Hyeon-Shik စတဲ့သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။ 

ဆိုရန်ဟာ (၂၉)နှစ်အရွယ် အပျိုကြီးတစ်ယောက်ဖြစ်ပြီး စာ တိုက်မှာ အလုပ်လုပ်သူပါ။ ဂျွန်း ကတော့ ပစ္စည်းလိုက် ပို့တဲ့ကောင်လေးတစ်ယောက်ဖြစ်ပြီး ဆိုရန်ကိုသဘောကျနေတာပါ။ 

ကောင်လေးက အသက်ငယ်တဲ့အတွက် ဆိုရန်က စိတ်မ၀င်စားခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ အပျိုကြီး ဆိုရန်တစ် ယောက် ဂျွန်းရဲ့အချစ်ကို လက်ခံခဲ့ပါတယ်။

ဒီလိုနဲ့ နှစ်ယောက်သားအ ချစ်နေ့ရက်တွေကို ပျော်ပျော်ရွှင် ရွှင်ဖြတ်သန်းခဲ့ကြသလို ဆိုရန်ကလည်း ဂျွန်းနဲ့ လက်ထပ်ရမယ့် နေ့ရက်ကို ကြိုတွေးရင်းပျော်နေ ခဲ့တာပါ။

ဒါပေမဲ့လည်း ဆိုရန်ရဲ့ စိတ်ကူးလေးပျက်သုဉ်းရမယ့် အခြေ အနေတစ်ခု ဖြစ်လာခဲ့ပါတယ်။ အဲဒါကတော့ ဆိုရန်ဟာ အသက်ရှင်ကျန်တော့မယ့်ရက် သိပ်မရှိ တော့ဘူး ဆိုတာပဲဖြစ်ပါတယ်။

အဲဒါနဲ့ ဘ၀ကိုအေးအေး ချမ်းချမ်းနဲ့ ကုန်ဆုံးနိုင်ဖို့ ဆိုရန်တစ်ယောက် သေချာအစီအစဉ်ဆွဲ ထားပေမယ့်လည်း ဂျွန်းကြောင့်မို့ သူစီစဉ်ထားသလို ဖြစ်မလာတော့မယ့်အနေအထားဖြစ်လာခဲ့ပါ တယ်။

ဆိုရန်နဲ့ ဂျွန်းတို့ အချစ်ခရီး ကို လမ်းဆုံးအထိလျှောက်လှမ်း နိုင်ပါ့မလားဆိုတာကို ဖေးမကူညီ မှု၊ ၀မ်းနည်းပူဆွေးမှု၊ ချစ်မေတ္တာတရားတွေနဲ့အတူ ဘယ်လိုရိုက် ကူးတင်ဆက်ထားသလဲဆိုတာ ဆက်ကြည့်လိုက်ဦးနော်။

Top News