မယ်စကြဝဠာ မြန်မာအဖွဲ့အစည်းကို တရားစွဲထားကြောင်း ရွှေအိမ်စည်ပြော

ဓာတ်ပုံ−စိုင်းဇော်

 နိုင်ငံတကာပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရန် ရက်ပိုင်း အလိုတွင် သရဖူအသိမ်းခံရသည့် ရွှေအိမ်စည်က ၎င်း၏ နစ်နာမှု များအတွက် Miss Universe Myanmar အဖွဲ့အစည်းကို တရားစွဲဆိုထားကြောင်း ပြောသည်။

‘‘တရားစွဲထားတာကတော့ Confirm ပါ။ အခုက ရှေ့နေနဲ့ တိုင်ပင်ထားတာ။ ဒီကိစ္စနဲ့ပတ် သက်ပြီး ဘာမှတော့ ပြောလို့မရ သေးပါဘူး။ အချိန်တန်ရင်တော့ သိရမှာပါ။ ဒါက Controversial (အငြင်းပွားစရာ)ဖြစ်နေတော့ ပြောပြလို့မရလို့ပါ’’ဟု ရွှေအိမ် စည်က တရားစွဲဆိုထားသည့်ကိစ္စ နှင့်ပတ်သက်၍ ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ Miss Universe Myanmar အဖွဲ့ အစည်း၏ National Director ဒေါ်စိုးယုဝေထံ နိုဝင်ဘာ ၁၀ ရက် ညနေ ၃ နာရီခွဲခန့်တွင် ဆက် သွယ်မေးမြန်းရာ ယင်းအချိန်ထိ ၎င်းတို့ထံ တစ်စုံတစ်ရာ အ ကြောင်းကြားမှုမရှိကြောင်း ပြော သည်။

Miss Universe Myanmar အဖွဲ့အစည်းအနေဖြင့် Miss Grand International 2017 ပြိုင် ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအ ဖြစ် သွားရောက်ယှဉ်ပြိုင်ရန် အလှမယ် ရွှေအိမ်စည်ကို ၂၀၁၆ က ပြုလုပ်သော ပြိုင်ပွဲ၌ ရွေးချယ်ခဲ့ သည်။

သို့သော် Miss Grand International 2017 ပြိုင်ပွဲသို့ စေလွှတ်ရန် ရက်ပိုင်းအလို အောက်တိုဘာ ၁ ရက်တွင် အလှ မယ် ရွှေအိမ်စည်ကို နိုင်ငံကိုယ် စားပြု အလှမယ်အနေဖြင့် ယင်း ပြိုင်ပွဲသို့ စေလွှတ်ရန် စီစဉ်ထား သည်ကို ရုပ်သိမ်းကြောင်း Miss Universe Myanmar အဖွဲ့အ စည်းက ထုတ်ပြန်ကြေညာခဲ့ သည်။

ရွှေအိမ်စည်သည် ပြိုင်ပွဲအ တွက် လိုအပ်သည့် ပညာရေးအ ထောက်အထား စာရွက်စာတမ်း များ မတင်ပြနိုင်ခြင်း၊ နိုင်ငံ့ကိုယ် စားပြုအလှမယ်တစ်ဦး၏ ဂုဏ် ပုဒ်နှင့် လျော်ညီမှုမရှိသည့် အပြောအဆိုအသုံးအနှုန်းများ ပြောဆို ခြင်း၊ ပြိုင်ပွဲသို့ သွားရောက်ယှဉ် ပြိုင်မည့်ခရီးစဉ်အတွက် လိုအပ် သည်များကို အချိန်မီဆောင်ရွက် နိုင်မှုမရှိခြင်း စသည့်အချက်များ အပါအဝင် အချက်ငါးချက်ပါဝင် သည့် ကြေညာချက်ကို အောက် တိုဘာ ၁ ရက်တွင် Miss UniverseMyanmar အဖွဲ့အစည်းက ထုတ် ပြန်ခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ အလှမယ်ရွှေအိမ်စည်ဘက်က Miss Universe Myanmar အဖွဲ့ အစည်းမှ ရေးသားထားသည့် အချက်များသည် မဟုတ်မှန် ကြောင်း အောက်တိုဘာ ၁ ရက်ည က အချက် ၁၅ ချက်ဖြင့် ပြန်လည်တုံ့ပြန်ခဲ့သည်။

Miss Grand International 2017 ပြိုင်ပွဲသို့ Miss Universe Myanmar အဖွဲ့အစည်းအနေ ဖြင့် နိုင်ငံကိုယ်စားပြုအလှမယ်ကို ပထမဆုံးအကြိမ် စေလွှတ်ယှဉ် ပြိုင်ခြင်းဖြစ်ပြီး ရွှေအိမ်စည်၏ နေရာတွင် မယ်စကြဝဠာမြန်မာ ၂၀၁၃ ၏ 1st Runner Up ဆုရှင် အေးချမ်းမိုးကို အစားထိုးစေလွှတ် ယှဉ်ပြိုင်စေခဲ့သည်။

‘‘တရားစွဲတဲ့အခါမှာတော့ ရာဇဝတ်ကြောင်းအရ တရားခံ သည် ပြစ်မှုထင်ရှားကြောင်း ဆုံး ဖြတ်ပြီး ထိုက်တန်တဲ့ ပြစ်ဒဏ်ကို ထိရောက်ဟန့်တားလောက် အောင် စီရင်ချက်အမိန့်ချမှတ်တဲ့ အထိ စောင့်ဖို့လိုမယ်လို့ ယုံကြည် ပါတယ်။ ဒါကြောင့် တရားစွဲဆိုမှု နှင့်ပတ်သက်တဲ့ ဘယ်လိုမေးခွန်း မျိုးကိုမှ တရားခံအပေါ် ရုံးတော် က စီရင်ချက်မချခင် မှတ်ချက်ပေး ဖြေကြားပေးမှာ မဟုတ်ကြောင်းနားလည်ပေးစေချင်ပါတယ်’’ဟု ရွှေအိမ်စည်က နိုဝင်ဘာ ၁၀ ရက် တွင် ၎င်း၏ ဖေ့စ်ဘွတ်ခ်ပေ့ခ်ျ၌ ရေးသားထားသည်။

Top News