ယခုနှစ်အတွက် ကျေးလက်ဂီတဆုပေးပွဲမှာ အကောင်းဆုံးသီချင်းဆုရရှိခဲ့တဲ့ တေလာဆွစ်ဖ်

အမေရိကန်အဆို တော်တေလာဆွစ်ဖ်သည် CMA Awards (2017)ကျေးလက်ဂီတ ဆုပေးပွဲတွင် ယခုနှစ်အတွက် အ ကောင်းဆုံးသီချင်းဆုကို ရရှိခဲ့ သည်။ကျေးလက်ဂီတအဖွဲ့က နှစ် စဉ်ကျင်းပသော (၅၁)ကြိမ် မြောက် CMA Awards ဆုပေးပွဲ ကို နိုဝင်ဘာ ၈ ရက်ကတက္ကဆက် ပြည်နယ်တွင် ကျင်းပခဲ့သည်။

Little Big Town အဖွဲ့အ တွက် တေလာဆွစ်ဖ် ရေးစပ်ပေးခဲ့သည့် ‘Better Man’ သီချင်းက အဆိုပါဂီတဆုပေးပွဲတွင် ယခုနှစ် အတွက် Song of the Year ဆု ချီးမြှင့်ခံခဲ့ရသည်။

ဆုပေးပွဲ မတက်ရောက်နိုင် ခဲ့သော တေလာဆွစ်ဖ်သည် နေအိမ်မှ ကြည့်ရှုအားပေး နေစဉ် သူရေးစပ်ခဲ့သော ‘Better Man’ သီချင်းက အကောင်းဆုံးဆုရရှိ ကြောင်း ကြေညာသောအခါ အံ့ အားသင့်သွားသည့် ဗီဒီယိုဖိုင် ကိုလည်း သူ၏တွစ်တာစာမျက် နှာတွင် ဖော်ပြခဲ့သည်။

တေလာဆွစ်ဖ်သည် Song of the Year ဆုကို ကိတ်စ်အာ ဘန်၏ ‘Blue Ain’t Your Color’၊ ဆမ်ဟန့်၏ ‘Body Like a Back Road’၊ မီရန်ဒါလမ်းဘတ်၏ ‘Tin Man’ စသည့်သီချင်းများကို ကျော်ဖြတ်၍ ရရှိခဲ့သည်။       eonline

Top News