ဘဏ္ဍာနှစ် ပြောင်းလဲမှုကြောင့် လာမည့်ရွေးကောက်ပွဲ နောက်ကျကျင်းပမည်ကို စိုးရိမ်ဟု NBF ထုတ်ပြန်

NBF ၏ (၂၉) ကြိမ်မြောက် ပုံမှန်အစည်းအဝေးအပြီး အဖွဲ့ဝင်များ မှတ်တမ်းတင်ဓာတ်ပုံရိုက်နေစဉ် (ဓာတ်ပုံ − NBF)

ဘဏ္ဍာရေးနှစ်ကို အောက်တိုဘာတွင် စတင်ရန် ပြောင်းလဲသတ်မှတ်ခြင်းကြောင့် အထွေထွေရွေးကောက်ပွဲကို ပုံမှန်ကျင်းပလေ့ရှိသည့် နိုဝင်ဘာထက် နောက်ကျ၍ ကျင်းပမည်ကို စိုးရိမ် ကြောင်း ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း (NBF)က သဘောထားထုတ်ပြန်သည်။


ညီနောင်တိုင်းရင်းသားပါတီ များ ဖက်ဒရေးရှင်း (NBF)၏ (၂၉)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကို နိုဝင်ဘာ ၉ ရက်က ကျင်းပခဲ့ ပြီးနောက် အဖွဲ့ဝင်နိုင်ငံရေးပါတီ ၂၄ ပါတီက အထက်ပါသဘော ထား ထုတ်ပြန်ခြင်းဖြစ်သည်။

‘‘ကျွန်တော်တို့ စဉ်းစားချက် က ဘတ်ဂျက်နှစ်ကို အောက်တို ဘာမှာ စမယ်ဆိုတော့ နောက် ရွေးကောက်ပွဲကို နည်းနည်း နောက်ကျပြီးတော့မှ လုပ်မယ့် သဘောမျိုးများ ဖြစ်နေမလား ပေါ့။ အာဏာကို လေးငါးလ လောက် ဆက်ပြီးတော့ ချုပ်ကိုင် ထားမယ့် သဘောမျိုးတော့ မဖြစ် စေချင်ဘူး’’ဟု NBF အဖွဲ့ဝင် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ ဒုတိယဥက္ကဋ္ဌ မန်းအောင်ပြည်စိုး က ပြောသည်။

မြန်မာနိုင်ငံတွင် ဧပြီ ၁ ရက်၌စတင်၍ မတ်လ ၃၁ ရက်တွင် အဆုံးသတ်သည့် ဘဏ္ဍာရေးနှစ် သတ်မှတ်မှုပုံစံ ကျင့်သုံးနေသော် လည်း လာမည့် ၂၀၁၈-၁၉ဘဏ္ဍာနှစ်မှစတင်ကာ အောက်တိုဘာ ၁ ရက်တွင် စတင်၍ စက်တင်ဘာ ၃၀ ရက်တွင် အဆုံးသတ်မည့်ဘဏ္ဍာရေးနှစ်ပုံစံ ပြောင်းလဲကျင့် သုံးမည်ဖြစ်သည်။

ထိုသို့ ပြောင်းလဲကျင့်သုံး ခြင်းနှင့်ပတ်သက်၍ ပြည်ထောင် စုလွှတ်တော်၌ ဆွေးနွေးစဉ် NBF အဖွဲ့ဝင် နိုင်ငံရေးပါတီဖြစ်သည့် ရခိုင်အမျိုးသားပါတီမှ ကိုယ်စား လှယ်များက ကန့်ကွက်ဆွေးနွေး ထားသည်။ ဘဏ္ဍာရေးနှစ်ပုံစံကို ပြင်ဆင်သတ်မှတ်ခြင်းကြောင့် အထွေထွေရွေးကောက်ပွဲ ကျင်းပ မည့် ကာလအပေါ် သက်ရောက် မှု ရှိကောင်းရှိနိုင်သော်လည်း ကြီး ကြီးမားမား ပြဿနာဖြစ်နိုင်သည့် အခြေအနေမဟုတ်ကြောင်း ဒီ ချုပ်ပါတီဝင် အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးသန်းစိုး (ခ) သန်းစိုး (ဘောဂဗေဒ)က ပြောသည်။

‘‘တချို့နိုင်ငံရေးပါတီတွေ က စိုးရိမ်တယ်လို့ ပြောတာပေါ့။ ဒါပေမဲ့ နိုင်ငံတကာမှာလည်း တချို့နိုင်ငံတွေမှာ ဘတ်ဂျက်ကို ခွပြီးတော့ သွားတဲ့အစိုးရအ ပြောင်းအလဲတွေရှိပါတယ်။ ဒါက ပြဿနာမရှိနိုင်ပါဘူး’’ဟု ၎င်းက ဆိုသည်။ ယင်းကိစ္စနှင့်ပတ်သက် ၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌထံ ဆက်သွယ် မေးမြန်းသော်လည်း အဆက်အ သွယ်မရရှိခဲ့ပေ။

Top News