အိမ်ထောင်သက် ၁၃ နှစ်ပြည့် ဖြတ်သန်းမှုများကို မျှဝေတဲ့လူမင်း

 နိုဝင်ဘာ ၇ ရက်က အိမ်ထောင်သက်(၁၃)နှစ်ပြည့်ခဲ့ ပြီး လက်တွဲလာသည့် သက်တမ်း တစ်လျှောက် နားလည်မှုများနှင့် အခက်အခဲပြဿနာများကို လက် တွဲမဖြုတ်ဘဲ ရင်ဆိုင်ကျော်ဖြတ်ခဲ့ ကြောင်း သရုပ်ဆောင်လူမင်းက ပြောသည်။

‘‘၁၃ နှစ်ဆိုတဲ့ အိမ်ထောင် သက်တမ်းတစ်ခုကို ကျော်ဖြတ် လာနိုင်ခဲ့တဲ့အတွက် ပြန်လှည့် ကြည့်မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူတယ်။ ကိုယ့်ရဲ့ပါရမီဖြည့် ဖက်၊ အိမ်ထောင်ဖက်ကိုလည်း ကျေးဇူးတင်ရမှာပါ။ ကိုယ်တို့အနု ပညာရှင်တွေရဲ့ ပါရမီဖြည့်ဖက် ဆိုတာ သာမန်သူတွေထက် ပိုပြီး ရင်းနှီးပေးဆပ်မှုတွေ ပိုကြီးတယ် လို့ ကိုယ့်အနေနဲ့ယူဆတယ်။ အဲဒါကြောင့် အိမ်ထောင်ဖက်ကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြောချင် တာပါ’’ဟု ၎င်းက ပြောသည်။

အနုပညာအလုပ်တစ်ဖက် အားလပ်သည်နှင့် တတ်နိုင်သမျှ ၎င်း၏မိသားစုကို အချိန်ပေးဖြစ် သလို   ၎င်း၏ဇနီးက  ကလေးတာဝန်ကို    ပိုယူရသည်ဟု   ဆို သည်။

‘‘သားသမီးတွေရလာတဲ့အ ခါ အိမ်ထောင်တစ်ခုက ပိုပြီးခိုင်မြဲ သွားတယ်။ လေးနက်သွားတယ်။ ပိုပြီး တန်ဖိုးထားသွားတယ်လို့ ကိုယ်ကတော့ ခံစားရတယ်။ မိ သားစုဆိုတာက လင်ရယ်၊ မယားရယ် နှစ်ယောက်တည်းနဲ့ မပြီး တော့ဘူး။ သားတွေ၊ သမီးတွေ ရော ပေါင်းစပ်မှ မိသားစုလို့ခေါ် တာကိုး။ အဲဒီတန်ဖိုးက ဘာနဲ့မှ မတူဘူး။ ဘာနဲ့မှလည်း လဲလို့မရ ဘူး’’

ကိုယ်တိုင်အတွက် လောဘ မရှိသော်လည်း ကလေးများ၏ အနာဂတ်ရှိသောကြောင့် ၎င်းတို့ အတွက် စိတ်အေးရလောက်သည်အထိ မိဘတာဝန် ကျေပွန်စွာ ဆောင်ရွက်မည်ဟု ဆိုသည်။

‘‘အိမ်ထောင်ပြုစရာရှိတာ ရဲရဲပြုပါလို့။ မကြောက်ပါနဲ့လို့။ ဖြစ်လာသမျှကို ရင်ဆိုင်ရမှာပဲ။ မပြုဘဲလည်း နေနိုင်မှာမဟုတ် ဘူး။ အဲဒီတော့ ပြုစရာရှိတာပြုပါ။ တွေဝေမနေပါနဲ့လို့။ အခက်အခဲ ဆိုတာ ပါးစပ်က ပြောနေတာ ထက် ကိုယ်တွေ့ တွေ့လိုက်ရ တော့မှ သိလာတဲ့၊ ကိုယ်တွေ့ ပြဿနာတစ်ခုကို ရင်ဆိုင်ရတော့ မှ ဘယ်လိုဖြေရှင်းရမလဲဆိုတာ ကိုယ့်ဟာကိုယ် သိလာတဲ့ သူများ တွေ ပြောပြတာတွေနဲ့ လက်တွေ့ နဲ့က မတူပါဘူး။ ကိုယ့်ဟာကိုယ်ရင်ဆိုင်ရမှာ။ ကိုယ့်ဟာကိုယ်ပဲ ဆုံးဖြတ်ရမှာဖြစ်တဲ့အတွက် ကိုယ့် ဟာကိုယ်ပဲ ဆုံးဖြတ်ပြီး ပြုစရာ ရှိတာ ပြုလိုက်ကြပါ’’ဟု အိမ် ထောင်ပြုရန် ကြောက်ရွံနေသည့် လူငယ်များကို သရုပ်ဆောင် လူမင်းက အားပေးစကားပြော ကြားသည်။

Top News