တပ်မတော်သားများနှင့် အရပ်သားများလိုက်ပါသော စက်လှေများကို AA ပစ်ခတ်၍ သေဆုံးဒဏ်ရာရမှုရှိဟု ထုတ်ပြန်

ချင်းပြည်နယ် ပလက်ဝ မြို့နယ်တွင် တပ်မတော်သားများ နှင့် အရပ်သားများ လိုက်ပါလာ သော စက်လှေများကို ရခိုင်လက် နက်ကိုင်အဖွဲ့ (AA) က လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် ပစ် ခတ်တိုက်ခိုက်၍ အရပ်သားတစ် ဦးသေဆုံးပြီး အချို့ဒဏ်ရာရ ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံးက နိုဝင်ဘာ ၁၀ ရက်တွင် သတင်းထုတ်ပြန်သည်။


နိုဝင်ဘာ ၈ ရက် နံနက်တွင် ပလက်ဝမြို့နယ် ကုလားတန်မြစ် အတွင်း တပ်မတော်သားများနှင့် အရပ်သားပြည်သူများ စီးနင်း လိုက်ပါလာသော စက်လှေများ ကို နုံးဘူးကြီးကျေးရွာ မြောက် ဘက်မီတာ ၈၀၀ ခန့်အကွာ အရောက်၌ AA က မြစ်ကမ်းပါးမှ လက်နက်ကြီး၊ လက်နက်ငယ်များ ဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိ သည်။ ထုတ်ပြန်ချက်၌ AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့ ဟု ဖော်ပြထားသည်။

အဆိုပါ ဖြစ်စဉ်အတွင်း လှေပေါ်တွင် လိုက်ပါလာသည့် ပလက်ဝမြို့နယ် ရှင်းလက်ဝ အ ထက်ကျေးရွာနေ စက်မှုလက်မှုသိပ္ပံ ဒုတိယနှစ်ကျောင်းသားတစ် ဦး သေဆုံးပြီး အမျိုးသမီးသုံးဦး ဒဏ်ရာရရှိကြောင်း ဖော်ပြထားပြီး တပ်မတော်သားများ ထိခိုက်မှုအခြေအနေကို ဖော်ပြထားခြင်းမရှိပေ။ ဖြစ်ပွားရာနေရာအနီးတစ်ဝိုက်ကို တပ်မတော်စစ်ကြောင်း က နယ်မြေရှင်းလင်းရေးလုပ်ငန်း များ ဆောင်ရွက်နေကြောင်း သ တင်းထုတ်ပြန်သည်။

AA အဖွဲ့၏ တိုက်ခိုက်မှု ကြောင့် အရပ်သားများ ထိခိုက် သေဆုံးမှုအပေါ် ဝမ်းနည်းစရာ ကောင်းပြီး အရပ်သားများ ထိခိုက် မှုဖြစ်စေသည့်လုပ်ရပ်အပေါ် ရှုတ်ချကြောင်း ချင်းပြည်နယ်အစိုးရ အဖွဲ့ တာဝန်ရှိသူက ပြောသည်။

AA အနေဖြင့် နိုဝင်ဘာ ၅ ရက်ကစ၍ အရပ်သားများအနေ ဖြင့် ကုလားတန်မြစ်၊ ကလက် ချောင်းနှင့် ပီချောင်းတွင် ခရီးသွား လာခြင်း ရှောင်ကြဉ်ရန်၊ အကယ် ၍ မလွှဲမရှောင်သာ သွားရမည်ဆို ပါက သတိကြီးစွာထားရှိရန် သတိ ပေးချက်ထုတ်ပြန်ထားကြောင်း AA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက ပြောသည်။

‘‘အခု ထိခိုက်တယ်ဆိုတဲ့ အ ရပ်သားတွေကတော့ တပ်မတော် ရဲ့ ရိက္ခာတင်တဲ့ စက်လှေပေါ်မှာ သူတို့က လှေကြုံစီးပြီး လိုက်လာ တာ။ ထိခိုက်တာရှိတာကို ကျွန် တော်တို့ဘက်က စိတ်မကောင်း ဘူး။ ဒါပေမဲ့ သူတို့က ကျွန်တော် တို့ ဒီလောက် သတိပေးချက်တွေ ထုတ်ပြန်ထားတဲ့ကြားက လှေကြုံ စီးလိုက်လာတယ်ဆိုတော့ ဝမ်း နည်းစရာပေါ့’’ဟု ခိုင်သုခက ပြောကြားသည်။

AA သည် ကေအိုင်အို ထိန်း ချုပ်နယ်မြေလိုင်ဇာတွင် အခြေ စိုက်ပြီး အစိုးရနှင့် အပစ်အခတ် ရပ်စဲထားခြင်းမရှိသည့် အဖွဲ့ဖြစ် သည်။ ထို့အပြင် AA သည် ချင်းနှင့် ရခိုင်ပြည်နယ် ထိစပ်ဒေသအချို့ တွင် ဝင်ရောက်လှုပ်ရှားမှုများ ရှိ သည်။

Top News