ရန်ကုန်တိုင်းအစိုးရအဖွဲ့ ရုံးရှေ့တွင် ယာဉ် ၁၀ စီးဆင့်တိုက်

ယာဉ်တိုက်မှုကြောင့် ပျက်စီးသွားသော YBS ခရီးသည်တင်ယာဉ်ကို တွေ့ရစဉ် (ဓာတ်ပုံ − ယဉ်မွန်)

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှေ့တွင် YBS ခရီးသည်တင်ယာဉ်တစ်စီး အရှိန်လွန်ကာ ယာဉ် ၁၀ စီးဆင့်တိုက်မှုဖြစ်ပွားခဲ့သည်။

ပြည်လမ်းအတိုင်း မြေနီကုန်းမှ မြို့ထဲသို့ မောင်းနှင်လာသော YBS (၃၅) ဟွန်ဒိုင်းခရီးသည်တင်ယာဉ်သည် နိုဝင်ဘာ ၁၀ ရက် မွန်းလွဲ ၁ နာရီခန့်က အရှိန်လွန်ကာ အရှေ့မှ မောင်းနှင်နေသည့် အငှားယာဉ်နှစ်စီးကို စတင်တိုက်မိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ် (၂)ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံးမှ ယာဉ်ထိန်းရဲအရာရှိတစ်ဦးက ဆိုသည်။

ထို့နောက် ပြည်လမ်းနှင့် အလုံလမ်း လမ်းဆုံမီးပွိုင့်တွင် မီး နီ၍ ရပ်စောင့်နေသည့် ဆလွန်းကိုယ်ပိုင်ယာဉ်၊ ပရိုဘောက်စ်အ ငှားယာဉ်၊ YBS (၂၁) အထူးယာဉ် အပါအဝင် ရှစ်စီးကို ဆင့်တိုက်မိခဲ့ကြောင်း ၎င်းက ဆက်လက်ပြော သည်။

ယာဉ်တိုက်မှုကြောင့် လူထိ ခိုက်ဒဏ်ရာရရှိမှုမရှိသော်လည်း ခရီးတင်ယာဉ်နှစ်စီး အပါအဝင် ယာဉ် ၁၁ စီးပျက်စီးခဲ့ကြောင်း အဆိုပါယာဉ်ထိန်းရဲအရာရှိက ဆိုသည်။ ယာဉ်တိုက်မှုကြောင့် YBS(၃၅) ယာဉ်မောင်းလှစိန်မောင်ကို ဒဂုံမြို့မရဲစခန်းက ယာဉ်မဆင်မခြင်မောင်းနှင်မှုပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားသည်။

Top News