ဦးကိုနီအမှုတွင် CID မှ တင်သွင်းသည့် ဓာတ်ပုံခြောက်ပုံနှင့်ပတ်သက်၍နှစ်ဖက်ရှေ့နေများအငြင်းပွား

ဦးကိုနီသေဆုံးမှုနှင့်ပတ် သက်ပြီး CID မှ ရဲအရာရှိတစ်ဦး က ဓာတ်ပုံခြောက်ပုံကို တရားခွင် အတွင်း သက်သေခံတင်သွင်းမှု အပေါ် နှစ်ဖက်ရှေ့နေများအပြန် အလှန်အငြင်းပွားမှု  ဖြစ်ပွားခဲ့ သည်။ 

နိုဝင်ဘာ ၁၀ ရက်က မြောက်ပိုင်းခရိုင်တရားရုံးတွင် အကြိမ် ၃၀ မြောက်ရုံးချိန်း၌ တရားလိုပြ သက်သေ CID မှ ရဲအုပ်ဗိုလ်ဗိုလ် လှမြင့်က အောင်ဝင်းခိုင်၊ ဇေယျာဖြိုးနှင့် ဦးလင်းဇော်ထွန်းတို့အတူ ရိုက်ကူးထားသည့် ဓာတ်ပုံများ ကို လူမှုကွန်ရက်မှ ကူးယူကာ သက်သေခံအဖြစ် တင်သွင်းခဲ့ သည့်အပေါ် နှစ်ဖက်ရှေ့နေများ အငြင်းအခုံဖြစ်ပွားခဲ့သည်။ 

‘‘ထွက်ပြေးနေတဲ့ အောင် ဝင်းခိုင်ရယ်၊ ကိုဇေယျာဖြိုးရယ်၊ ဦးလင်းဇော်ထွန်းရယ် ဒီသုံး ယောက်သူငယ်ချင်းဖြစ်တယ်။ တွဲနေကြတယ်ဆိုတဲ့အကြောင်း ပေါ် မူတည်ပြီးတော့ သူငယ်ချင်း သုံးယောက် ဓာတ်ပုံတင်လာတဲ့ သဘောပါ။ အဲဒီဟာက အမှုနဲ့ ပတ်သက်ချင်လည်း ပတ်သက် မယ်။ မပတ်သက်ချင်လည်း မပတ်သက်ဘူး။ အဲဒီထဲမှာ ပါလာတဲ့ လူအနေနဲ့ ထွက်ဆိုလာတဲ့အပေါ် 

ကနေ ပေါ်လာမှာပဲလေ’’ဟု တရားလိုရှေ့နေ ဦးခင်မောင်ဌေးက ပြောသည်။ 

တရားခွင်အတွင်း သက်သေ ခံအဖြစ် တင်သွင်းလာသည့် ဓာတ် ပုံခြောက်ပုံကို စွပ်စွဲခံရသူများ၏ ရှေ့နေများက ကန့်ကွက်ခဲ့သော် လည်း အသစ်ရေးဆွဲသည့် သက်သေခံဥပဒေအရ တရားရုံးလက်ခံခဲ့ပြီးနောက် ပြန်လှန်မေးခွန်းများစစ်မေးရာတွင်နှစ်ဖက်ရှေ့နေများ အငြင်းပွားခဲ့ခြင်းဖြစ်သည်။ 

‘‘တင်သွင်းသူက ပြောချင် တာက ဒီမှာ ဗိုလ်မှူးလင်းဇော် ထွန်းပါပါတယ်။ နောက်ပြီး သက် သေထဲမှာလည်း သူပါတယ်။ သူ့ရဲ့ထွက်ဆိုမှုက အမှုအပေါ် တစ်နည်းတစ်ဖုံ သက်ရောက်မှုရှိ နိုင်လို့ တင်သွင်းတယ်လို့ ယူဆ တယ်။ ဒါပေမဲ့ ဒီပုံတွေဟာ အခု ဖြစ်နေတဲ့ အမှုကိစ္စနဲ့ဘယ်လိုပတ် သက်နေလဲဆိုတာကို တင်တဲ့သူ ကိုယ်တိုင်က မပြောနိုင်ဘူး။ နောက်ပြီး ဒီဓာတ်ပုံပေါ်လာတာ ကလည်း အခင်းဖြစ်ပြီး နောက် ပိုင်းမှာ ပေါ်လာတာ။ ဒါဟာ တစ် ဦးတစ်ယောက်ကို မကောင်းကြံ တာ၊ ယိုးစွပ်တာ၊ ထောင်ဖမ်းတာ မဖြစ်နိုင်ဘူးလို့ ခင်ဗျားတို့၊ ကျွန် တော်တို့ ပြောနိုင်လား။ လုပ်သူပဲ သိမှာပဲလေ’’ဟု ကြည်လင်း၏အ ကျိုးဆောင်ရှေ့နေ ဦးကျော်ကျော် ထိုက်က ဆိုသည်။ 

နိုဝင်ဘာ ၁၀ ရက်ရုံးချိန်းတွင်CID မှ ရဲအုပ်ဗိုလ်ဗိုလ်လှမြင့်အ ပါအဝင် မြောက်ဥက္ကလာပဆေး ရုံကြီးမှ မှုခင်းဆရာဝန်ဒေါက်တာ ဇော်ဇော်ဦးနှင့် ပါမောက္ခဒေါက် တာစိုးမင်းနိုင်တို့ကို စစ်ဆေးခဲ့ သည်။ မှုခင်းဆရာဝန်များက သေ ဆုံးသူ ဦးကိုနီနှင့် ဦးနေဝင်းတို့၏ အလောင်းတို့ကို ရင်ခွဲစစ်ဆေး ရာတွင် တွေ့ရှိခဲ့သည့် ဒဏ်ရာအ နေအထားကို အသေးစိတ်ထွက် ဆိုခဲ့သည်။တရားရုံးသို့တင်သွင်းထားသည့် တရားလိုပြသက်သေ ၈၀ ဦးအနက်တရားလိုပြသက်သေ ၅၅ ဦးကို စစ်ဆေးပြီးဖြစ်သည်။