မစ်ဆူဘီရှီ ASX ကားသစ်ကို ငါးနှစ်ကာလ အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်

မစ်ဆူဘီရှီ ASX ကား မြန်မာနိုင်ငံတွင် စတင်မိတ်ဆက် (ဓာတ်ပုံ − အောင်ကျော်ဇင်)

 New MITSUBISHI ASX ကားသည် မြန်မာနိုင်ငံ၏ လမ်းစနစ်၊ အသုံးပြုသည့် ဆီ အမျိုးအစားအပေါ် မူတည်တွက် ချက်ပြီး ထုတ်လုပ်ထားကြောင်း Mitsubishi Motors မှ ကြော်ငြာ မန်နေဂျာ ဦးစိုးထွတ်အောင်က ပြောသည်။

အဆိုပါကားတစ်စီးလုံးကို ဂျပန်နိုင်ငံတွင် တပ်ဆင်ထုတ် လုပ်ထားပြီး မြန်မာနိုင်ငံ၏ လမ်း စနစ်နှင့်ကိုက်ညီသည့် အကြမ်း ခံ ဘယ်မောင်းကား ဖြစ်ကြောင်း၊ မတော်တဆ ယာဉ်အန္တရာယ် ဖြစ် ပွားပါက ယာဉ်မောင်းနှင့် ခရီး သည်များ ထိခိုက်မှုမရှိအောင် ကားဘန်ပါများကို အဆင့်မြင့် နည်းပညာ အသုံးပြုတပ်ဆင်ထား  ပြီး ၂၀၁၈ မော်ဒယ်ဒီဇိုင်းသစ် ဖြစ်ကြောင်း ၎င်းကပြော သည်။

New MITSUBISHI ASX ကားကို ဝယ်ယူသူများအနေဖြင့် တစ်လုံးတည်း ငွေပေးချေပြီး ဝယ် ယူနိုင်သလို အရစ်ကျစနစ်ဖြင့် လည်း ဝယ်ယူနိုင်ကြောင်း နိုဝင် ဘာ ၁၀ ရက်က မြန်မာပလာဇာ၌ ကျင်းပသည့် အဆိုပါကား မိတ်ဆက်ပွဲတွင် Mitsubishi Motors မှ အရောင်းကြီးကြပ် တာဝန်ခံ ဒေါ်ခင်စန္ဒီဦးက ပြောသည်။

‘‘အရစ်ကျအနေနဲ့ ပထမဆုံး ကားတန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်း (သိန်း ၂၀၀ ဝန်းကျင်)ကို စပေးပြီး တစ်နှစ်ကနေ ငါးနှစ်အထိ တစ်လချင်း ပေးသွင်းနိုင်ပါတယ်။ ငါးနှစ်ယူမယ်ဆိုရင် အကြမ်းဖျင်း တစ်လကို ခြောက်သိန်းဝန်းကျင် လောက်ပဲ ပေးရမှာပါ’’ဟု ၎င်းက ပြောသည်။

New MITSUBISHI ASX ကားတန်ဖိုးသည် လက်ရှိ ဒေါ်လာ ပေါက်ဈေးအရ မြန်မာငွေကျပ် သိန်း ၇၂၀ ခန့်ရှိကြောင်း၊ နယ် လိုင်စင်နှင့် ရန်ကုန်လိုင်စင်အပေါ် မူတည်ပြီး ဈေးကွာခြားနိုင်ကြောင်း၊ ပရိုမိုးရှင်းကာလ ဝယ်ယူပါက ဒေါ်လာတစ်ထောင်ခန့် လျှော့ ဈေးပေးမည့် အစီအစဉ်ရှိကြောင်း ဒေါ်ခင်စန္ဒီဦးက ပြောသည်။

လက်ရှိ ပြည်တွင်းကားဈေး ကွက်တွင် ကားတင်သွင်းခွင့်မူဝါဒ အသစ် ထွက်ရှိပြီးနောက်ပိုင်း တစ်ပတ်ရစ်ကားများ ဈေးမြင့် တက်ကာ အရောင်းအဝယ် အေး နေပြီး Brand New ကားများ အရောင်းသွက်နေကြောင်း ကား အရောင်းပြခန်းများမှ သိရသည်။

Mitsubishi ASX ကားကို အရစ်ကျစနစ်ဖြင့် ဝယ်ယူလိုပါက CB ဘဏ်၊ YOMA ဘဏ်၊ AYA ဘဏ်တို့နှင့် ချိတ်ဆက် ဝယ်ယူ နိုင်ပြီး အရစ်ကျဝယ်ယူလိုသူများ အနေဖြင့် လုပ်ငန်းရှင်ဖြစ်ပါက လုပ်ငန်းလိုင်စင်၊ ဝင်ငွေခွန် ကြေ ညာချက်၊ အမြတ်ခွန် ပြေစာ လိုအပ်ကြောင်း၊ ဝန်ထမ်းဖြစ်ပါ က ဝန်ထမ်းဖြစ်ကြောင်း ထောက် ခံချက်၊ လစာစလစ်၊ ငွေစုစာ ရင်းတို့ လိုအပ်ကြောင်း AYA ဘဏ်က အချက်အလက် ထုတ် ပြန်ထားသည်။

ထို့အပြင် ဝယ်ယူမည့်သူ၏ ခြောက်လအတွင်း ရိုက်ကူးထား သော လိုင်စင်ဓာတ်ပုံ နှစ်ပုံ၊ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာ ရင်းမိတ္တူ၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာမူရင်းများ လို အပ်ကြောင်း AYA ဘဏ်က ထုတ်ပြန်ထားသည်။

Top News