စက်သုံးဆီဈေး ယခုနှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိ

 ပြည်တွင်းစက်သုံးဆီ ဈေးနှုန်း ထပ်မံမြင့်တက်လာပြီး ယခင်နှစ် နိုဝင်ဘာနှုန်းနှင့်နှိုင်းယှဉ်ပါက တစ်ဂါလန်လျှင် ကျပ်တစ်ထောင်ခန့်မြင့်တက်လာသည်။

ပြည်တွင်း စက်သုံးဆီဈေး နှုန်းသည် ယခုနှစ်ဇွန်လကစတင်၍ တစ်ကျော့ပြန်မြင့်တက်လာပြီး လက်ရှိနိုဝင်ဘာ ၁၀ ရက်အထိ ဖြစ်ပေါ်နေသော ဈေးနှုန်းသည် လေးနှစ်အတွင်း အမြင့်ဆုံးဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၃ အတွင်း စက်သုံးဆီ  တစ်လီတာလျှင် ကျပ်တစ်ထောင်ကျော်အထိ မြင့် တက်ခဲ့သည်။ စက်သုံးဆီဈေးနှုန်းသည် ၂၀၁၆ တွင် တစ်လီတာကျပ် ၅၀၀ ကျော်သာရှိခဲ့ရာမှ ယခုကဲ့သို့ တောက်လျှောက် မြင့်တက်လာသည်။

‘‘အမေရိကန်က ရေနံထုတ် ရောင်းမှုတွေ လျှော့လိုက်လို့ ကမ္ဘာ့ရေနံစိမ်းဈေးတွေမြင့်တက်လာ တာကြောင့်ဆိုပြီးတော့လည်း သုံးသပ်နေကြတယ်။ စက်သုံးဆီက ကမ္ဘာ့ဈေးကို မှီနေရတာဖြစ်တဲ့အတွက် ကမ္ဘာ့ဈေးအပြောင်းအလဲဖြစ်ရင် စက်သုံးဆီဈေးက တက်လေ့ရှိပါတယ်’’ဟု မက်စ်စက်သုံးဆီ အရောင်းဆိုင်ခွဲ မန်နေဂျာတစ်ဦးက ပြောသည်။

 ကမ္ဘာ့ရေနံစိမ်းဈေးသည် ယခင်နှစ်နိုဝင်ဘာက တစ်စည် လျှင် ဒေါ်လာ ၅၀ ခန့်သာရှိသော် လည်း ယခုနှစ် နိုဝင်ဘာတွင် ၅၇ ဒေါ်လာအထိရှိနေသည်။

နိုဝင်ဘာ ၁၀ ရက် ဈေး နှုန်းများအရ အောက်တိန်း 92 တစ်လီတာလျှင် ကျပ် ၇၇၀ ဖြစ်ပြီး အောက်တိန်း 95 တစ်လီတာလျှင်၈၁၅ ကျပ်အထိ မြင့်တက်လာ သည်။

ပြည်တွင်း စက်သုံးဆီဈေး တောက်လျှောက် မြင့်တက်နေခြင်းကြောင့် အငှားယာဉ်များ ဈေးနှုန်းတိုးမြှင့်တောင်းနေရကြောင်း ယာဉ်မောင်းအချို့က ဆိုသည်။

‘‘ဈေးကပုံမှန်ထက်ကို ငါးရာ၊တစ်ထောင်တင်တောင်းနေရတာ ပေါ့။ ရာသီဥတုပူလာတာကြောင့် အဲကွန်းဖွင့်ရတယ်။ အဲဒီအတွက် ဆီက ပိုကုန်တယ်။ ခရီးသည်ကို နားလည်အောင် တော်တော်တော့ ပြောယူရတယ်’’ဟု မြောက်ဥက္က လာပ  မြို့နယ်မှ အငှားယာဉ် မောင်း ကိုသူရဌေးက ပြောသည်။