ကမ္ဘောဒီးယားကို နိုင်သောကြောင့် အိန္ဒိယနှင့်ပွဲ၌ ရလဒ်ကောင်းမည်ဟု ယုံကြည်ကြောင်း မြန်မာနည်းပြပြော

 အာရှဖလားခြေစစ်ပွဲ အကြိုခြေစမ်းပွဲတွင် မြန်မာအ သင်းအနေဖြင့် ကမ္ဘောဒီးယားအ သင်းကို အနိုင်ရခဲ့သောကြောင့် အိန္ဒိယအသင်းနှင့်ပွဲ၌ ရလဒ် ကောင်းရန် ယုံကြည်မှုပိုရှိလာ ကြောင်း မြန်မာနည်းပြချုပ် ဂတ် ဖရိုင်းဒရစ်က ပြောသည်။

နိုဝင်ဘာ ၉ ရက်က ကမ္ဘော ဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ ယှဉ် ပြိုင်သည့် ယင်းခြေစမ်းပွဲတွင် မြန်မာအသင်းက ကမ္ဘောဒီးယား အသင်းကို ဇော်မင်းထွန်း၊ အောင် သူတို့၏ သွင်းဂိုးများကြောင့် ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။


မြန်မာအသင်းသည် ကမ္ဘော ဒီးယားအသင်းနှင့် ခြေစမ်းပွဲ ကစားပြီးနောက် အိန္ဒိယနိုင်ငံသို့ ဆက်လက်ထွက်ခွာကာ နိုဝင်ဘာ ၁၄ ရက်တွင် အိန္ဒိယအသင်းနှင့် အာရှခြေစစ်ပွဲ အုပ်စု(ဆ) ပွဲစဉ်(၅)အဖြစ် ယှဉ်ပြိုင်မည်ဖြစ် သည်။

‘‘ကမ္ဘောဒီးယားက ဒီနှစ်ထဲ မှာ အရမ်းတိုးတက်လာတဲ့ အ သင်းတစ်သင်းပါ။ ကျွန်တော်တို့ ပြင်ဆင်ရမယ့် အားနည်းချက်တွေ ကိုလည်း ဒီပွဲမှာ မြင်ပြီးပါပြီ။ ဒီပွဲ အနိုင်ရလဒ်ကြောင့် ကစားသမား တွေအနေနဲ့ လာမယ့် အိန္ဒိယနဲ့ ခြေစစ်ပွဲအတွက် ယုံကြည်မှုပိုမို ရရှိလာပါတယ်။ အိန္ဒိယနဲ့ပွဲက တော့ ကျွန်တော်တို့အကောင်းဆုံး ရလဒ်ရရှိမယ်လို့ နည်းပြတစ် ယောက်အနေနဲ့လည်း ယုံကြည် ပါတယ်’’ဟု ဂတ်ဖရိုင်းဒရစ်က ကမ္ဘောဒီးယားအသင်းနှင့် ခြေစမ်း ပွဲအပြီး၌ ပြောသည်။

မတ်လ ၂၈ ရက်က ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်သည့် ပထမအကျော့တွင် မြန်မာအ သင်းက အိန္ဒိယကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

မြန်မာအသင်းသည် ခြေစစ် ပွဲသုံးပွဲကစားအပြီး ရမှတ်လေး မှတ်သာရရှိသဖြင့် အိန္ဒိယအသင်း နှင့် ပွဲစဉ်၌ အမှတ်ရမှသာ ခြေစစ်ပွဲ အောင်မြင်ရန် မျှော်လင့်နိုင် သည်။

၂၀၁၉ အာရှဖလားတတိယ အဆင့် ခြေစစ်ပွဲအုပ်စု(က)တွင် အိန္ဒိယအသင်းက လေးပွဲကစား၊ လေးပွဲနိုင်၊ ရမှတ် ၁၂ မှတ်ဖြင့် လက်ကျန်နှစ်ပွဲ ကျန်သေးသော်  လည်း ခြေစစ်ပွဲအောင်မြင်ထား သည်။

 မြန်မာနှင့် ကာဂျစ္စတန်အ သင်းတို့သည် သုံးပွဲကစား၊ ရမှတ် လေးမှတ်စီ တူညီနေသော်လည်း အဝေးဂိုးစည်းမျဉ်းအရ ကာဂျစ္စ တန်က ဒုတိယ၊ မြန်မာက တတိယ နေရာ၌ ရပ်တည်နေသည်။

Top News