တစ်ပွဲတည်း အဝါ၊ အနီ ငါးကြိမ်ပြခံရသည့် ဟံသာဝတီအသင်းကို ကျပ်သုံးသိန်း ပြစ်ဒဏ်ချ

မြန်မာလိဂ်နောက်ဆုံးပွဲ၌ ရှမ်းနှင့် ဟံသာဝတီအသင်း ယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ−MFF)

 ၂၀၁၇ မြန်မာလိဂ် နောက်ဆုံးပွဲစဉ်ဖြစ်သည့် ရှမ်းအ သင်းနှင့် ဟံသာဝတီအသင်းတို့ပွဲ တွင် တစ်ပွဲတည်း အဝါကတ်၊ အနီကတ် စုစုပေါင်းငါးကြိမ် ပြသခံ ရသည့် ဟံသာဝတီအသင်းကို ဒဏ်ကြေးကျပ်သုံးသိန်း ပြစ်ဒဏ်ချမှတ်ခဲ့သည်။


အောက်တိုဘာ ၂၉ ရက်က တောင်ကြီးမြို့၌ ယှဉ်ပြိုင်သည့် အဆိုပါပွဲတွင် ပထမပိုင်း၌ ဟံသာဝတီအသင်းကို ကွင်းလယ်ဒိုင်လူ ကြီးက အဝါကတ်လေးကတ်နှင့် အနီကတ်တစ်ကတ်ပြသခဲ့သဖြင့် စည်းမျဉ်း အပိုဒ် (၃၃) အပိုဒ်ခွဲ (င)အရ ပြိုင်ပွဲကျင်းပရေးက ယင်းပြစ်ဒဏ်ချမှတ်ခဲ့သည်။

ဟံသာဝတီအသင်း၏ အဝါ ကတ်လေးကတ်ပြစ်ဒဏ်ကို ညီညီအောင် (၁)၊ မောင်မောင်လွင်၊ မားကို့စ်၊ အောင်မိုးထွေးတို့ ပြသခံရပြီး ဖျက်ထုတ်ပုံကြမ်းတမ်း၍ ဟုဆိုကာ တိုက်စစ်မှူးအောင်မျိုး သူရကို တိုက်ရိုက်အနီကတ်ပြသ ခဲ့သည်။

‘‘ကျွန်တော်တို့ ဒီပွဲမှာ ထင် သလောက် ကစားပုံမကြမ်းတမ်း ခဲ့ပေမယ့် ဒိုင်ကတော့ အဝါ၊ အနီ ငါးကတ်ထိ ပြခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ကန့်ကွက်တာမျိုး တွေ၊ အယူခံဝင်တာမျိုးတွေတော့ မလုပ်တော့ပါဘူး။ ဒါပေမဲ့ မြန်မာ လိဂ်မှာ ရှမ်းအသင်း ဖလားရဖို့ လုပ်ပွဲတွေ ကစားကြတယ်လို့ အားလုံးက ထင်နေကြတယ်။ ကျွန်တော်တို့ကတော့ လုပ်ပွဲ မကစားခဲ့ဘူးဆိုတာ ပြသနိုင်ခဲ့ တယ်လို့ပဲ ပြောချင်ပါတယ်’’ဟု ဟံသာဝတီအသင်း မန်နေဂျာ ဦးထွန်းထွန်းလင်းကပြောသည်။

ရှမ်းနှင့် ဟံသာဝတီအသင်း တို့၏ ပွဲစဉ်ပထမပိုင်းတွင် ပြသခံ ရသော ဖြစ်စဉ်သည် မြန်မာနေရှင်နယ်လိဂ် သမိုင်းတစ်လျှောက် ပထမဆုံးဖြစ်သည်။ ယင်းပွဲ၌ ရှမ်းအသင်းက ဟံသာဝတီအသင်းကို ၄-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။

More in Videos Section