ဆွီဒင်က အီတလီကို အနိုင်ယူပြီး နယူးဇီလန်နှင့် ပီရူး သရေကျ၊ ဆီနီဂေါ ခြေစစ်ပွဲအောင်

(Reuters)

 ဂျာကော့ဘ်ဂျို ဆန်၏ ကိုက် ၂၀ အကွာမှ ကန်ချက်သည် အီတလီကစားသမား ဒီရော့စီနှင့်ထိကာ လမ်းကြောင်းပြောင်းပြီး ဝင်ခဲ့သည့် တစ်လုံးတည်းသောဂိုးဖြင့် ဆွီဒင်သည် ၂၀၁၈ ကမ္ဘာ့ဖလားဝင်ခွင့် ရှုံးထွက်အဆင့် ပထမအကျော့တွင် အီတလီကို အနိုင်ရခဲ့သည်။

၁၉၅၈ နောက်ပိုင်း ကမ္ဘာ့ ဖလား ဝင်ရောက်ယှဉ်ပြိုင်ခွင့်နှင့် ပထမဆုံးအကြိမ် လွဲချော်မှုကို ရှောင်လွှဲလိုပါက ဒုတိယအကျော့ တွင် စွမ်းဆောင်ရည်ကောင်း ပြသရန် လိုအပ်ကြောင်း အီတလီ နည်းပြ ဗန်တူရာကပြောသည်။


‘‘မီလန်မှာ ကစားမယ့် ဒုတိ ယအကျော့မှာ ခေါင်းမော့နိုင် အောင် အရာရာကို ပြောင်းလဲပစ် ရပါမယ်။ ဆန်စီရိုကွင်းဟာ ကျွန် တော်တို့ကို လက်တစ်ဖက်ကမ်း လည်း ကမ်းလင့်ရမှာပါ။ ဒါပေ မဲ့ ကျွန်တော်တို့ရဲ့ ပရိသတ်တွေ အတွက် စွမ်းဆောင်ရည် ကောင်းပြသဖို့ဆိုတာ ကျွန်တော်တို့အပေါ် မှာ မူတည်တဲ့ကိစ္စပါ’’ဟု ဗန်တူ ရာက ပြောသည်။

ဒုတိယအကျော့တွင် အနိုင်ရရှိရန် လိုအပ်ကြောင်း အီတလီနောက်ခံလူ ဘိုနူချီက ဝန်ခံခဲ့ပြီး‘‘ဘောလုံးကို မြန်မြန်ဆန်ဆန် က စားရပါမယ်။ ဒုတိယအကျော့မှာ ကျွန်တော့်တို့ ရေကုန်ရေခန်း ကစားရပါမယ်။ သူတို့က ကာယအားကိုးကစားခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဆင်ခြေတွေ ပေးနေလို့ မရပါဘူး’’ဟု ပြောကြားသည်။

အီတလီသည် ဆွီဒင်ကို တနင်္လာနေ့တွင် ဧည့်ခံကစားမည် ဖြစ်သည်။

ကမ္ဘာ့ဖလားဝင်ခွင့်အတွက် တောင်အမေရိကဇုန်မှ ပီရူးနှင့် သမုဒ္ဒရာပိုင်းဇုန်မှ နယူးဇီလန်တို့ ယှဉ်ပြိုင်သည့် ရှုံးထွက်အဆင့် ပထမအကျော့တွင် ဂိုးမရှိသရေ ကျခဲ့သည်။

ကမ္ဘာ့အဆင့် (၁၀)ရှိသည့် ပီရူးသည် ဘောလုံးပိုင်ဆိုင်မှု အ သာဖြင့် ကစားနိုင်ခဲ့သော်လည်း သေချာပေါက်အခွင့်အရေး နှစ် ကြိမ်သာရရှိခဲ့ပြီး နယူးဇီလန် အသင်းခေါင်းဆောင် ဝင်စတန် ရိဒ် ဦးဆောင်သော နောက်တန်း က ကစားပုံကောင်းမွန်ခဲ့သည်။

ပီရူးနှင့် နယူးဇီလန်သည် ရှုံးထွက်ဒုတိယအကျော့ကို နိုဝင် ဘာ ၁၅ ရက်တွင် ကစားမည်ဖြစ် သည်။

အာဖရိကဇုန် အုပ်စု(D)တွင်ဧည့်သည်ဆီနီဂေါက အိမ်ရှင် တောင်အာဖရိကကို ၂-၀ ဂိုးဖြင့်အနိုင်ရပြီး ၂၀၁၈ ကမ္ဘာ့ဖလားခြေ စစ်ပွဲ အောင်မြင်ခဲ့သည်။

—Ref: BBC/Reuters

Top News