■ အားကစား သတင်းတိုများ

♦ လန်ဒန်မြို့ ဝင်ဘလေကွင်းတွင် ကစားသော အင်္ဂလန်နှင့် ဂျာမနီ တို့၏ ခြေစမ်းပွဲသည် ဂိုးမရှိသရေဖြင့် ပြီးဆုံးခဲ့ပြီး အင်္ဂလန်အသင်း၌ ပထမဆုံးပါဝင်ကစားသော ဂိုးသမား ဂျော်ဒန်ပစ်ဖို့ဒ်နှင့် ချယ်လ်ဆီး ကွင်းလယ်လူ လော့ဖ်တပ်ချိက်တို့ ခြေစွမ်းပြခဲ့သည်။


♦ မိမိအနေဖြင့် ပီအက်စ်ဂျီ၌ မည်သည့်ပြဿနာမျှ ကြုံတွေ့နေရ ခြင်းမရှိကြောင်းနှင့် မိမိကို စိတ်အနှောင့်အယှက်ပေးနေသည်မှာ မီဒီ ယာများ၏ ဖိအားပေးခြင်းဖြစ်သည်ဟု ဘရာဇီးက ဂျပန်ကို ၃-၁ ဂိုးဖြင့်အနိုင်ရရှိသော ခြေစမ်းပွဲအပြီးတွင် ဘရာဇီးတိုက်စစ်မှူးနေမာကပြောသည်။

♦ ဟီဂူအင်၏ နိုင်ငံတကာကစားသမားဘဝ မပြီးဆုံးသေးဟု အာဂျင်တီးနားလက်ရွေးစင်အသင်းနည်းပြ ဆမ်ပါအိုလီက ပြောကြားပြီး အ သင်းခေါင်းဆောင် မက်ဆီကို အားဖြည့်ပေးရေး မှန်ကန်သော ကစား သမားရွေးချယ်ရသည်မှာ မလွယ်ကူဟု ၎င်းကပြောသည်။

♦ ရီးရဲလ်တိုက်စစ်မှူး ဂါရတ်ဘေးလ်သည် လေ့ကျင့်ခန်းဆင်းပြီး နောက် ခြေထောက်ကြွက်သားနာကျင်ဒဏ်ရာရရှိခဲ့ပြီး အသင်းဆရာ ဝန်များ၏ စစ်ဆေးမှု ခံယူခဲ့ရသည်ဟု ရီးရဲလ်မက်ဒရစ်အသင်းကထုတ်ပြန်ပြောကြားသည်။

♦ ပေါ်တူဂီမှ ဗစ်တိုရီးယားဂူမာရက်စ်အသင်းနှင့် ကစားမည့် ယူရို ပါလိဂ်ပွဲမတိုင်မီ ပြိုင်ဘက်အသင်း ပရိသတ်တစ်ဦးကို ခြေထောက် ဖြင့် ကန်ခဲ့သော မာဆေးနောက်တန်းလူ ပက်ထရစ်အီဗရာကို ဥရောပဘောလုံးအဖွဲ့ချုပ်က ရာသီကုန်(ဇွန်လ ၃၀ ရက်)အထိ ကစားခွင့်ပိတ် ပင်သည်။

♦ ကမ္ဘာ့ဖလားခြေစစ်ပွဲ၊ နိုင်ငံတကာရှုံးထွက်ပွဲစဉ်တွင် အီကွေဒေါနှင့် သြစတြေးလျတို့ ဂိုးမရှိသရေကျခဲ့ပြီး ဒုတိယအကျော့ကို အိမ်ကွင်း တွင် ကစားရမည့် သြစတြေးလျအတွက် အခြေအနေကောင်း ပိုင် ဆိုင်ထားသည်။