သပိတ်ကျင်းတွင် မူးပြီးရမ်းကားနေသူကို တားဆီးသည့် ရဲတပ်သားအချို့ ဓာတ်ဆီဖြင့် အပက်ခံရ

 မူးယစ်ရမ်းကားနေသူ ကို သွားရောက်တားဆီးသော ရဲတပ်သားအချို့ ဓာတ်ဆီဖြင့်အ ပက်ခံရသည့်ဖြစ်စဉ် မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ဇရပ် ကွင်းကျေးရွာတွင် ဖြစ်ပွားခဲ့သည်။ဇရပ်ကွင်းကျေးရွာတွင် နိုဝင်ဘာ ၈ ရက် ည ၁၀ နာရီဝန်းကျင် က (၂၁) နှစ်အရွယ်အမျိုးသားတစ်ဦးသည် အရက်သေစာသောက်စားပြီး ဓာတ်ဆီပုံးကိုင်ကာ ဆဲဆိုနေသောကြောင့် ရာအိမ်မှူးနှင့် ရဲတပ်သားများက သွားရောက်တားဆီးရာ၌ ဓာတ်ဆီဖြင့် ပက်ကာ အန္တရာယ်ပြုခံရသည်ဟု ဇရပ်ကွင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးညီထွန်းက ပြောသည်။

‘‘ဒီကလေးက ဒါနဲ့ဆို ဒုတိယ အကြိမ်ပဲ။ ပထမတစ်ကြိမ်တုန်း ကလည်း ဓားနှစ်ချောင်းနဲ့ လမ်းမ ပေါ်တက်ပြီး လာတဲ့ကားတွေ ရန် ရှာတာတွေ လုပ်တယ်။ ရပ်မိရပ်ဖဆိုတော့ မိဘတွေမျက်နှာနဲ့ ခွင့် လွှတ်ပေးထားတယ်။ အဲဒီနေ့ည က သောင်းကျန်းနေလို့ သူ့အဖေ ကိုယ်တိုင်အကြောင်းကြားလို့ ရဲ က၀င်လာတယ်။ မြင်မြင်ရာကို ရမ်းကားနေတော့ ရဲက၀င်ဖမ်း တာ။ ၀င်ဖမ်းတော့ ဓာတ်ဆီနဲ့ပက်တာ။ ဘေးပတ်ဝန်းကျင်မှာလည်း ဓာတ်ဆီတွေက ဖျန်းထားသေး တယ်။ လုံးလားထွေးလားဖြစ်ကုန် တာပေါ့’’ဟု ဦးညီထွန်းက ပြော သည်။ 

မူးယစ်ရမ်းကားနေသူကို ရာအိမ်မှူးနှင့်အတူ ရဲတပ်ဖွဲ့ဝင် လေးဦးက သွားရောက်တားဆီးစဉ် ဓာတ်ဆီဖြင့် ပက်ကာ ရန်ပြုမှုကြောင့် ရဲတပ်ဖွဲ့ဝင်များက လုံးထွေးဖမ်းဆီးရာ ရဲတပ်ကြပ်တစ်ဦး၏ လက်ကောက်ဝတ်တွင် ပွန်းပဲ့ဒဏ်ရာရခဲ့ကြောင်း ၎င်းက ပြောသည်။

ထို့ကြောင့် အဆိုပါအမျိုး သားကို ဆဲဆိုမှု၊ တာဝန်ထမ်း ဆောင်နေသော ပြည်သူ့ဝန်ထမ်း အား နာကျင်စေမှု၊ မီးရှို့ရန် ကြံ စည်မှုအပါအ၀င် ပုဒ်မလေးခုဖြင့် သပိတ်ကျင်းမြို့မ  ရဲစခန်းတွင် အမှုဖွင့်စစ်ဆေးနေသည်။