ရန်ကုန်-ပြည်ကားလမ်းဘေး အုတ်ရေတွင်းအတွင်းသို့ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံး

 ရွှေတောင်မြို့နယ် သရက် တောရပ်ကွက်ရှိ ရန်ကုန်-ပြည် ကားလမ်းဘေး အုတ်ရေတွင်းထဲ တွင် ပြုတ်ကျသေဆုံးနေသည့် အမျိုးသားအလောင်းကို နိုဝင်ဘာ ၁၀ ရက် ညနေက တွေ့ရှိခဲ့ကြောင်းရွှေတောင်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ အမျိုးသားသည် ရွှေတောင်မြို့နေ အသက် (၆၆)နှစ်အရွယ် စိတ်ပိုင်းဆိုင်ရာ ချွတ်ယွင်းသူဖြစ်ကြောင်း ရွှေတောင်မြို့မရဲစခန်းမှူး ဒုရဲမှူးတင်မျိုး ၀င်းက ပြောသည်။ 

‘‘ရေတွင်းထဲ ပြုတ်ကျသေ ဆုံးသူဟာ အမြင်အားလည်း သိပ် မကောင်းဘူးလို့ သိရတယ်။ သေ မှုသေခင်းဖွင့်ထားပြီး ဓမ္မတာအ တိုင်း ပြုတ်ကျသေဆုံးတာ ဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးနေပါ တယ်’’ ဟု ၎င်းကပြောသည်။

အလောင်းတွေ့ရှိသည့် ရေ တွင်းသည် အမြင့် ၂ ပေခန့်ရှိ၍ ရေတွင်းအ၀အကျယ် ၆ ပေခန့်ရှိပြီး၊ အနက်ပေ ၂၀ ခန့်ရှိကာ အဆိုပါရေတွင်းကို အသုံးပြုမှု မတွေ့ရကြောင်း ရွှေတောင်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

‘‘သေသွားတဲ့ဦးလေးကြီးက နိုဝင်ဘာ ၉ ရက် ညဥ့်နက်ပိုင်းက တည်းက အိမ်ကနေထွက်သွားခဲ့ တာကိုသိရတယ်။ လိုက်ရှာကြ ရင်းနဲ့ နောက်ရက် ညနေကျမှ ရေ တွင်းထဲမှာ သေဆုံးနေတာ တွေ့ ရတာလို့ သိရတယ်။ လမ်းဘေး ရေတွင်းတွေကို အသုံးပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ ဖုံးအုပ်ထား သင့်တယ်’’ဟု ၎င်းကပြောသည်။