အိမ်ထောင်ရေးဖောက်ပြန်သည်ဟု ဇနီးကိုသွားပြောသဖြင့် ခြံရှင်က ခြံလုပ်သားကို ဓားဖြင့်ထိုး

အိမ်ထောင်ရေးဖောက် ပြန်နေသည်ဟု ဆိုကာ ဇနီးသည်ကို သွားပြောသည့် ခြံလုပ်သားကို ဓားဖြင့်ထိုးသည့် ရော်ဘာခြံပိုင်ရှင်ကို နိုဝင်ဘာ ၉ ရက်က အမှုဖွင့် အရေးယူခဲ့သည်။

ရေးမြို့နယ် သီရိခေမာရပ် ကွက်ရှိ ရော်ဘာခြံတွင် အလုပ်လုပ်ကိုင်နေသူနှင့် ခြံရှင်သည် နိုဝင်ဘာပထမပတ်က အဆိုပါကိစ္စနှင့် ပတ်သက်၍ စကားများခဲ့ကြောင်း ရေးမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

ထိုသို့စကားများရာမှ ခြံပိုင် ရှင်က ခြံလုပ်သား၏ နောက်ကျော ကို ဓားဖြင့်ထိုးသောကြောင့် ရေးမြို့ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသသော်လည်း အသက်အန္တရာယ် စိုးရိမ်ရသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသနေကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

‘‘ခြံလုပ်သားရဲ့ မိန်းမကို ခြံ ရှင်က အလုပ်လုပ်ရင်း ၀ါးချွန်နဲ့ ထိုးမိတယ်ဆိုပြီး လာခေါ်တာ။ ဟိုလူကလည်း သတိလစ်ပြီး လဲ နေတော့ ဆေးရုံပို့လိုက်တာ။ တစ် ပတ်လောက်သတိလစ်နေပြီး သတိပြန်ရလာတော့မှ မေးကြည့် တော့ ခြံရှင်က ဓားနဲ့ထိုးလိုက်မှန်း သိတာ။ အဲဒီတော့မှ အမှုလာဖွင့် တာ’’ဟု ၎င်းက ဆိုသည်။

ဓားဖြင့်ထိုးလိုက်သည့် ရော် ဘာခြံပိုင်ရှင်ကို ရေးမြို့မရဲစခန်း က အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း ရေးမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။